အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီတောင်းဆို

◉ကောင်စီထုတ်ပြန်ချက်တွင် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံနေရသူအားလုံးကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်လောင်းတောင်းဆိုသည်။

ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ရုရှားသံအမတ်ကြီးက အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြခြင်းဖြစ်ပြီး ကောင်စီက မြန်မာ့အရေးအပေါ် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်းထားသည်ကိုတွေ့ရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြု သုံးနှုန်းသည်။

သို့သော် ကောင်စီ၏ ယခုတကြိမ်ထုတ်ပြန်ချက်သည် ယခင်ထုတ်ပြန်ချက်များအတိုင်း အကြမ်းဖက်မှုများကို ထိန်းချုပ်ရန်၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဆက်လက်အားပေးထောက်ခံရန်၊ လူသားချင်းစာနာမှုအကူအညီများနှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခွင့်ပြုပေးရန်၊ အားလုံးပါ ဝင်သည့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် စသည့် တိုက်တွန်းတောင်းဆိုချက်များ ပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြန်မာပြည်သူများကမူ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးဖြေရှင်းကူညီရာတွင် စကားလုံး၊ ထုတ်ပြန်ချက်များဖြင့် မလုံလောက်ဘဲ စစ်အုပ်စု၏ လူမဆန်သည့် အကြမ်းဖက်ကျူးလွန်မှုများရပ်တန့်ရေး လက်နက်တင်ပို့မှုကို ချက်ချင်း ရပ်တန့်ရန်၊

လေကြောင်းတိုက်ခိုက်မှုကို တားမြစ်ရန်၊ စစ်အုပ်စုထံစီးဝင်နေသော ဘဏ္ဍာငွေ ရင်းမြစ်များကို ဖြတ်တောက်ရန်နှင့် ကြီးလေးသောပြစ်မှုများကျူးလွန်သည့် စစ်ဗိုလ်ချုပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်ရမည်ဟု တောင်းဆိုနေကြသည်။

ဓာတ်ပုံ – UN

======

အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္အပါအဝင္ ဖမ္းဆီးထိန္းသိမ္းခံရသူအားလုံးျပန္လႊတ္ေပးရန္ ကုလလုံျခဳံေရးေကာင္စီေတာင္းဆို

◉ေကာင္စီထုတ္ျပန္ခ်က္တြင္ လြန္စြာစိတ္ပူ(deep concern)ႏွင့္ စိတ္ပူ (concern)စကားလုံး ၄ ႀကိမ္သုံးႏႈန္း

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ အပါအဝင္ တရားလက္လြတ္ဖမ္းဆီးထိန္းသိမ္းခံေနရသူအားလုံးကို ျပန္လႊတ္ေပးရန္ ကုလသမဂၢလုံျခဳံေရးေကာင္စီက ထပ္ေလာင္းေတာင္းဆိုသည္။

ကုလလုံျခဳံေရးေကာင္စီ အလွည့္က်ဥကၠဌ ႐ုရွားသံအမတ္ႀကီးက အဖြဲ႕ဝင္နိုင္ငံမ်ားကိုယ္စား ေဖေဖာ္ဝါရီ ၂ ရက္တြင္ထုတ္ျပန္ေသာေၾကညာခ်က္၌ ေဖာ္ျပျခင္းျဖစ္ၿပီး ေကာင္စီက ျမန္မာ့အေရးအေပၚ လြန္စြာစိတ္ပူ(deep concern)ႏွင့္ စိတ္ပူ (concern)စကားလုံး ၄ ႀကိမ္သုံးႏႈန္းထားသည္ကိုေတြ႕ရသည္။

ကုလသမဂၢလုံျခဳံေရးေကာင္စီသည္ ေဒၚေအာင္ဆန္းစုၾကည္ကို နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ဦးဝင္းျမင့္ကို နိုင္ငံေတာ္သမၼတအျဖစ္ ဆက္လက္အသိအမွတ္ျပဳ သုံးႏႈန္းသည္။

သို႔ေသာ္ ေကာင္စီ၏ ယခုတႀကိမ္ထုတ္ျပန္ခ်က္သည္ ယခင္ထုတ္ျပန္ခ်က္မ်ားအတိုင္း အၾကမ္းဖက္မႈမ်ားကို ထိန္းခ်ဳပ္ရန္၊ ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းမႈကို ဆက္လက္အားေပးေထာက္ခံရန္၊ လူသားခ်င္းစာနာမႈအကူအညီမ်ားေႏွာင့္ေႏွးၾကန႔္ၾကာမႈမရွိဘဲ ခြင့္ျပဳေပးရန္၊ အားလုံးပါ ဝင္သည့္ ေတြ႕ဆုံေဆြးေႏြးေရးျပဳလုပ္ရန္ စသည့္ တိုက္တြန္းေတာင္းဆိုခ်က္မ်ား ပါဝင္သည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ႏွင့္ ျမန္မာျပည္သူမ်ားကမူ လုံျခဳံေရးေကာင္စီအေနျဖင့္ ျမန္မာ့အေရးေျဖရွင္းကူညီရာတြင္ စကားလုံး၊ ထုတ္ျပန္ခ်က္မ်ားျဖင့္ မလုံေလာက္ဘဲ စစ္အုပ္စု၏ လူမဆန္သည့္ အၾကမ္းဖက္က်ဴးလြန္မႈမ်ားရပ္တန႔္ေရး လက္နက္တင္ပို႔မႈကို ခ်က္ခ်င္း ရပ္တန႔္ရန္၊

ေလေၾကာင္းတိုက္ခိုက္မႈကို တားျမစ္ရန္၊ စစ္အုပ္စုထံစီးဝင္ေနေသာ ဘ႑ာေငြ ရင္းျမစ္မ်ားကို ျဖတ္ေတာက္ရန္ႏွင့္ ႀကီးေလးေသာျပစ္မႈမ်ားက်ဴးလြန္သည့္ စစ္ဗိုလ္ခ်ဳပ္မ်ားကို တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေစရန္ ဆုံးျဖတ္ခ်က္ ခ်မွတ္လုပ္ေဆာင္ရမည္ဟု ေတာင္းဆိုေနၾကသည္။

ဓာတ္ပုံ – UN

Leave a Reply

Your email address will not be published.