ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ NUG အစိုးရက ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ခန့်အပ်

ဖေဖော်ဝါရီလ ၂ ရက်နေ့။

ဂျပန်နိုင်ငံနဲ့ အစိုးရအဖွဲ့တွေအကြားဆက်ဆံရေး တိုးမြှင့်ဖို့အတွက်ရည်ရွယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါသည်။

ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ဂျပန်နိုင်ငံရောက်မြန်မာ နိုင်ငံသားတွေပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး စောဘလှသိန်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်တာလို့ ဖော်ပြထားပါတယ်။

စောဘလှသိန်းက Karen National League (Japan) K.N.L၊ Karen Information Space (Japan) K.I.S၊ Karen National Foundation (Japan) K.N.F၊ Association of United Nationalities in Japan (AUN)နဲ့ Refugees Coordination Committee Japan (RCCJ) စတဲ့ အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာလည်း ဂျပန်နိုင်ငံမှာ မြန်မာ့အရေးကို တက်ကြွစွာဆောင်ရွက်နေသူဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါသည်။

======

ဂ်ပန္နိုင္ငံနဲ႔ ဆက္ဆံေရးတိုးျမႇင့္ဖို႔ NUG အစိုးရက ဂ်ပန္နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ခန႔္အပ္

ေဖေဖာ္ဝါရီလ ၂ ရက္ေန႔။

ဂ်ပန္နိုင္ငံနဲ႔ အစိုးရအဖြဲ႕ေတြအၾကားဆက္ဆံေရး တိုးျမႇင့္ဖို႔အတြက္ရည္ရြယ္ၿပီး အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG)က ဂ်ပန္နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္တစ္ဦးကို ခန႔္အပ္တာဝန္ေပးခဲ့တယ္လို႔ နိုင္ငံျခားေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၃၁ ရက္ ေန႔စြဲနဲ႔ သတင္းထုတ္ျပန္ထားပါသည္။

ဂ်ပန္နိုင္ငံနဲ႔ ဆက္ဆံေရးတိုးျမႇင့္ေဆာင္ရြက္နိုင္ရန္၊ ဂ်ပန္နိုင္ငံေရာက္ျမန္မာ နိုင္ငံသားေတြပူးေပါင္းေဆာင္ရြက္နိုင္ၾကေစရန္၊ ဂ်ပန္နိုင္ငံေရာက္ ျမန္မာနိုင္ငံသားေတြ ေတြ႕ၾကဳံေနရတဲ့ အခက္အခဲေတြကို ကူညီေျဖရွင္းနိုင္ရန္ရည္ရြယ္ၿပီး ေစာဘလွသိန္းကို အမ်ိဳးသားညီညြတ္ေရးအစိုးရရဲ့ ဂ်ပန္နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္အျဖစ္ ခန႔္အပ္တာဝန္ေပးအပ္လိုက္တာလို႔ ေဖာ္ျပထားပါတယ္။

ေစာဘလွသိန္းက Karen National League (Japan) K.N.L၊ Karen Information Space (Japan) K.I.S၊ Karen National Foundation (Japan) K.N.F၊ Association of United Nationalities in Japan (AUN)နဲ႔ Refugees Coordination Committee Japan (RCCJ) စတဲ့ အဖြဲ႕အစည္းေတြကို တည္ေထာင္ခဲ့သူတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္မွာလည္း ဂ်ပန္နိုင္ငံမွာ ျမန္မာ့အေရးကို တက္ႂကြစြာေဆာင္ရြက္ေနသူျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါသည္။

Leave a Reply

Your email address will not be published.