နေပြည်တော်တွင် USDP ပါတီသို့အသစ်ဝင်ရောက်သူ၆၀၀ကျော်အား ပါတီဝင်ကဒ်များပေးအပ်

(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အားကြိုဆိုထောက်ခံပွဲနှင့်ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကို နေပြည်တော်ရှိ ရွှေကြာပင်ရပ်ကွက် လူငယ်အားကစားကွင်းတွင် ယနေ့ကျင်းပခဲ့သည်ဟု USDPမှသိရသည်

ပါတီပြောရေးဆိုခွင့်ရှိသူက“ပါတီဝင်အဆိုပြုလွှာတွေကတော့ နေရာတော်တော်များများမှာ ရှိတာပေါ့။ဒီနေ့ကတော့ နေပြည်တော်မှာ ကျင်းပတာ”ဟု ပြောသည်။

ယနေ့ နေပြည်တော်တွင် ပါတီဝင်အဆိုပြုလွှာ(၆၇၆)ဦးရှိပြီး ၎င်းတို့၏ ပါတီ အဆိုပြုလွှာများလက်ခံခြင်း၊ ပါတီဝင်အသိအမှတ်ပြုကဒ်များပြန်လည်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်တို့က ပါ တီဝင်သစ်များအား ကြိုဆိုဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပါတီဗဟိုကော်မတီဝင် ဦးလှဆွေမှ စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုထောက်ခံဟောပြောခဲ့မှုများလည်းဆောင်ရွက်ခဲ့သည်ဟုသိရသည်။

ဓါတ်ပုံ-USDP






ဓါတ်ပုံ-USDP

 

Leave a Reply

Your email address will not be published.