မြန်မာ့အရေး မဆောင်ရွက်သည့် ဂျပန်အစိုးရကို ဒေါသထွက်ကြောင်း အပြာမင်းသား Mitsugu Somezima ပြော

ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၂

မြန်မာနိုင်ငံမှ Follower ပရိသတ် အများအပြား ရှိသည့် ဂျပန်အပြာမင်းသား Mitsugu Somezima သည် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မြန်မာနိုင်ငံအရေးအတွက် တစုံတရာ ဆောင်ရွက်ခြင်း မရှိသော ဂျပန်အစိုးရကို စိတ်ဆိုးဒေါသထွက်ကြောင်း ရေးသားပြောဆိုခဲ့သည်

“ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်တဲ့နေ့ပဲ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည် ရှင်သန်လာစေဖို့ မြန်မာပြည်သူတွေနဲ့အတူ ကျနော် မျှော်လင့်နေပါတယ်။ မြန်မာနိုင်ငံအရေးအတွက် ဂျပန်အစိုးရက ဘာတခုမှ ဆောင်ရွက်ပေးခြင်း မရှိလို့ ကျနော် စိတ်ဆိုး ဒေါသထွက်ရတယ်” ဟု Mitsugu Somezima က ရေးသားထားသည်။

ဂျပန်အပြာမင်းသား Mitsugu Somezima သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မြန်မာ့အရေးအတွက် ပါဝင်ပြောဆိုခြင်းများ ရှိခဲ့သလို မတ်လနှင့် ဧပြီလအတွင်းက ပြုလုပ်သည့် ဂျပန်ရောက် မြန်မာများ ဆန္ဒပြပွဲများတွင်လည်း ၎င်းကိုယ်တိုင် ပါဝင်ဆန္ဒပြပြီး ပံ့ပိုးမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်

ျမန္မာ့အေရး မေဆာင္ရြက္သည့္ ဂ်ပန္အစိုးရကို ေဒါသထြက္ေၾကာင္း အျပာမင္းသား Mitsugu Somezima ေျပာ

ဧရာဝတီ၊ ေဖေဖာ္ဝါရီ ၂၊ ၂၀၂၂

ျမန္မာနိုင္ငံမွ Follower ပရိသတ္ အမ်ားအျပား ရွိသည့္ ဂ်ပန္အျပာမင္းသား Mitsugu Somezima သည္ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ျပည့္သည့္ေန႔တြင္ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ျမန္မာနိုင္ငံအေရးအတြက္ တစုံတရာ ေဆာင္ရြက္ျခင္း မရွိေသာ ဂ်ပန္အစိုးရကို စိတ္ဆိုးေဒါသထြက္ေၾကာင္း ေရးသားေျပာဆိုခဲ့သည္။

“ေဖေဖာ္ဝါရီ ၁ ရက္ေန႔ဟာ ျမန္မာနိုင္ငံရဲ့ စစ္အာဏာသိမ္းမႈ ၁ ႏွစ္ျပည့္တဲ့ေန႔ပဲ။ ျမန္မာနိုင္ငံ ဒီမိုကေရစီ ျပန္လည္ ရွင္သန္လာေစဖို႔ ျမန္မာျပည္သူေတြနဲ႔အတူ က်ေနာ္ ေမၽွာ္လင့္ေနပါတယ္။ ျမန္မာနိုင္ငံအေရးအတြက္ ဂ်ပန္အစိုးရက ဘာတခုမွ ေဆာင္ရြက္ေပးျခင္း မရွိလို႔ က်ေနာ္ စိတ္ဆိုး ေဒါသထြက္ရတယ္” ဟု Mitsugu Somezima က ေရးသားထားသည္။

ဂ်ပန္အျပာမင္းသား Mitsugu Somezima သည္ ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ ျမန္မာနိုင္ငံတြင္ စစ္တပ္က အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွတဆင့္ ျမန္မာ့အေရးအတြက္ ပါဝင္ေျပာဆိုျခင္းမ်ား ရွိခဲ့သလို မတ္လႏွင့္ ဧၿပီလအတြင္းက ျပဳလုပ္သည့္ ဂ်ပန္ေရာက္ ျမန္မာမ်ား ဆႏၵျပပြဲမ်ားတြင္လည္း ၎ကိုယ္တိုင္ ပါဝင္ဆႏၵျပၿပီး ပံ့ပိုးမႈမ်ား ျပဳလုပ္ခဲ့သူ ျဖစ္သည္။

Leave a Reply

Your email address will not be published.