



မြန်မာ့အရေး အားပေးထောက်ခံတဲ့ ဆုံးဖြတ်ချက် ပြင်သစ်လွှတ်တော်နှစ်ရပ် အတည်ပြုတော့မယ်

ပြင်သစ်လွှတ်တော်နှစ်ရပ်ပေါင်းပြီး မြန်မာနိုင်ငံကို အား​ပေး​ထောက်ခံမှု အစီအစဉ်တွေ ပါဝင်တဲ့ ဆုံးဖြတ်ချက်တခု မကြာခင် ထွက်​ပေါ်လာတော့မယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်

မြန်မာနိုင်ငံ ဒီမိုက​ရေစီအ​ရေးအတွက် ​ထောက်ခံ​အား​ပေးနေကြတဲ့ ပြင်သစ်လွှတ်​တော်အမတ်တွေနဲ့ ​တွေ့ဆုံစကားပြော​ပြီးမြန်မာနိုင်ငံအ​ရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့ တင်ပြနိုင်ခဲ့ တယ်လို့ ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်

CRPH နဲ့ NUG ကို ၂၀၂၂ ခုနှစ်အစည်းအဝေးမပြီးဆုံးခင် ပြင်သစ်အမျိုးသားလွှတ်တော်ရဲ့အသိအမှတ်ပြုမှုရရှိအောင်အတတ်နိုင်ဆုံး ကြိုးပမ်းသွားဖို့ ပါလီမန်အမတ်တွေနဲ့ သဘောတူညီမှုရခဲ့တယ်လို့လည်း ဦးအောင်မျိုးမင်းက ဆိုပါတယ်

Leave a Reply

Your email address will not be published.