ၾကည္လင္ေတာက္ပတဲ့မ်က္ဝန္း ၊ လွပေက်ာ့ရွင္းၿပီး ႏူးညံ့တဲ့အလွတရား ၊ လူငယ္ျဖစ္ေပမယ့္ ပီျပင္ပိုင္နိုင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိတ္သတ္ေတြရင္ထဲ စြဲၿငိေနရတဲ့အထိ ခ်စ္ခင္အားေပးျခင္းခံရတာကေတာ့ မင္းသမီးေခ်ာေလး ေနျခည္ရႊန္းလက္ျဖစ္ပါတယ္။


မင္းသမီး ေနျခည္ရႊန္းလက္ ဟာ ဇာတ္လမ္းတြဲမ်ားစြာတြင္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိတ္သတ္ေတြရဲ့ စိတ္ဝင္စားမႈႏွင့္ အားေပးျခင္းကို တစ္ခဲနက္ရရွိထားတဲ့ အႏုပညာရွင္ဆိုလည္းမမွားပါဘူး။


သူမဟာ လက္ရွိမွာ ျပည္သူႏွင့္တသားတည္းရပ္တည္ေတာ္လွန္ေနတဲ့အႏုပညာရွင္ျဖစ္ၿပီး သူမ ရဲ့ ရပ္တည္ခ်က္ကို သူမရဲ့ Facebook စာမ်က္ႏွာမွာေရးသားေဖာ္ျပလာပါတယ္။ သူမအားလြမ္းဆြတ္ေနတဲ့ပရိတ္သတ္ႀကီးကိုအားနာေနေပမယ့္ သူမဟာ ဒီအေရးေတာ္ပုံေအာင္မွသာ ဇာတ္လမ္းေတြျပန္လည္လက္ခံရိုက္ကူးမည္ျဖစ္ေၾကာင္း ၊ လက္ရွိမွာ စားပြဲထိုးအလုပ္ကိုဝင္ေရာက္လုပ္ကိုင္ေနေၾကာင္း ဂုဏ္ယူစြာေျပာၾကားလာခဲ့တာျဖစ္ပါတယ္။ ပရိတ္သတ္ႀကီးအေနနဲ႔လည္း သူမအတြက္ အျမဲဂုဏ္ယူေနၾကေၾကာင္း ၊ သူမေဘးကင္းပါေစေၾကာင္း ​မွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္။

ကြည်လင်တောက်ပတဲ့မျက်ဝန်း ၊ လှပကျော့ရှင်းပြီး နူးညံ့တဲ့အလှတရား ၊ လူငယ်ဖြစ်ပေမယ့် ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရင်ထဲ စွဲငြိနေရတဲ့အထိ ချစ်ခင်အားပေးခြင်းခံရတာကတော့ မင်းသမီးချောလေး နေခြည်ရွှန်းလက်ဖြစ်ပါတယ်။


မင်းသမီး နေခြည်ရွှန်းလက် ဟာ ဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုနှင့် အားပေးခြင်းကို တစ်ခဲနက်ရရှိထားတဲ့ အနုပညာရှင်ဆိုလည်းမမှားပါဘူး။


သူမဟာ လက်ရှိမှာ ပြည်သူနှင့်တသားတည်းရပ်တည်တော်လှန်နေတဲ့အနုပညာရှင်ဖြစ်ပြီး သူမ ရဲ့ ရပ်တည်ချက်ကို သူမရဲ့ Facebook စာမျက်နှာမှာရေးသားဖော်ပြလာပါတယ်။ သူမအားလွမ်းဆွတ်နေတဲ့ပရိတ်သတ်ကြီးကိုအားနာနေပေမယ့် သူမဟာ ဒီအရေးတော်ပုံအောင်မှသာ ဇာတ်လမ်းတွေပြန်လည်လက်ခံရိုက်ကူးမည်ဖြစ်ကြောင်း ၊ လက်ရှိမှာ စားပွဲထိုးအလုပ်ကိုဝင်ရောက်လုပ်ကိုင်နေကြောင်း ဂုဏ်ယူစွာပြောကြားလာခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအနေနဲ့လည်း သူမအတွက် အမြဲဂုဏ်ယူနေကြကြောင်း ၊ သူမဘေးကင်းပါစေကြောင်း ​မှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published.