NUG ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စောဘလှသိန်းကို ခန့်အပ်

NUG က နိုင်ငံလေးနိုင်ငံတွင် ကိုယ်စားလှယ်များ ခန့်အပ်ထားပြီဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်ဂျပန်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် စောဘလှသိန်းကို ခန့်အပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂျပန်နှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ ဂျပန်ရောက်မြန်မာနိုင်ငံသားများပူးပေါင်းဆောင်ရွက်နိုင်ကြစေရန်၊ ဂျပန်ရောက်မြန်မာနိုင်ငံသားများ တွေ့ကြုံနေရသော အခက်အခဲများကိုကူညီဖြေရှင်းနိုင်ရန်ရည်ရွယ်၍ စောဘလှသိန်းကို ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ်ခန့်အပ်တာဝန်ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

စောဘလှသိန်း သည် Karen National League (Japan) K.N.L, Karen Information Space (Japan) K.I.S, Karen National Foundation (Japan) K.N.F, Association of United Nationalities in Japan (AUN), Refugees Coordination Committee Japan (RCCJ),

စသည့် အဖွဲ့အစည်းများကို တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဂျပန်နိုင်ငံတွင် မြန်မာ့အရေးကို တက်ကြွစွာဆောင်ရွက်နေသူဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဩစတြေးလျ၊ ချက်သမ္မတနိုင်ငံ၊ တောင်ကိုရီးယားတို့တွင် ၎င်းတို့၏ ကိုယ်စားလှယ်များကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

Zawgyi

NUG ၏ ဂ်ပန္ႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္အျဖစ္ ေစာဘလွသိန္းကို ခန္႔အပ္

NUG က ႏိုင္ငံေလးႏိုင္ငံတြင္ ကိုယ္စားလွယ္မ်ား ခန္႔အပ္ထားၿပီျဖစ္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) ႏွင့္ဂ်ပန္ႏိုင္ငံအၾကား ဆက္ဆံေရးတိုးျမႇင့္ေဆာင္႐ြက္ႏိုင္ ေရးအတြက္ ဂ်ပန္ႏိုင္ငံဆိုင္ရာကိုယ္စားလွယ္အျဖစ္ ေစာဘလွသိန္းကို ခန္႔အပ္ေၾကာင္း NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၁ ရက္တြင္ ထုတ္ျပန္သည္။

NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ဂ်ပန္ႏွင့္ ဆက္ဆံေရးတိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္၊ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားမ်ားပူးေပါင္းေဆာင္႐ြက္ႏိုင္ၾကေစရန္၊ ဂ်ပန္ေရာက္ျမန္မာႏိုင္ငံသားမ်ား ေတြ႕ၾကဳံေနရေသာ အခက္အခဲမ်ားကိုကူညီေျဖ႐ွင္းႏိုင္ရန္ရည္႐ြယ္၍ ေစာဘလွသိန္းကို ဂ်ပန္ႏိုင္ငံဆိုင္ရာ ကိုယ္စားလွယ္အျဖစ္ခန္႔အပ္တာဝန္ေပးအပ္ျခင္းျဖစ္သည္ဟု ဆိုသည္။

ေစာဘလွသိန္း သည္ Karen National League (Japan) K.N.L, Karen Information Space (Japan) K.I.S, Karen National Foundation (Japan) K.N.F, Association of United Nationalities in Japan (AUN), Refugees Coordination Committee Japan (RCCJ),

စသည့္ အဖြဲ႕အစည္းမ်ားကို တည္ေထာင္ခဲ့သူျဖစ္ၿပီး လက္႐ွိအခ်ိန္တြင္လည္း ဂ်ပန္ႏိုင္ငံတြင္ ျမန္မာ့အေရးကို တက္ႂကြစြာေဆာင္႐ြက္ေနသူျဖစ္ေၾကာင္း NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

NUG ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ဩစေၾတးလ်၊ ခ်က္သမၼတႏိုင္ငံ၊ ေတာင္ကိုရီးယားတို႔တြင္ ၎တို႔၏ ကိုယ္စားလွယ္မ်ားကို ခန္႔အပ္တာဝန္ေပးထားၿပီးျဖစ္သည္။

Leave a Reply

Your email address will not be published.