မြင်းမူမြို့ရှိ ပျူ​စောထီးစခန်းနှင့် မြို့အဝင်တိုးဂိတ်ကို ​ ​ပြောက်ကျားတပ်ဖွဲ့များ ဖောက်ခွဲဖျက်ဆီး

—People’s Spring

စစ်ကိုင်းတိုင်း မြင်းမူမြို့ရှိ ပျူ​စောထီးစခန်းတစ်ခုကို ဝင်စီးခြင်းနှင့် မြို့အဝင်ဂိတ်အား ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့တပ်ဖွဲ့အသီးသီးက ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)တွင် ထုတ်ပြန်အသိ​ပေးသည်။

မြင်းမူမြို့ရှိ ပျူစခန်းတစ်ခုကို ဖေဖော်ဝါရီ ၁ရက် နေ့လယ်ပိုင်းက ZEROပြောက်ကျားတပ်ဖွဲ့၊GTR-MMUနှင့်ZERO FIVE STARတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းခဲ့သည်။

“ဒဏ်ရာရတဲ့ ပျူတွေကအစ လူးလဲထပြီး ကိုယ်လွတ် ရုန်း ထွက်ပြေးကြ။ပျူတွေရဲ့ အလှူရှင်စာရင်းတွေ၊တခြားစာရွက်စာတန်းတွေ သိမ်းယူခဲ့ပြီး စခန်းကိုဖျက်ဆီးခဲ့တယ်”ဟု GTR MMU မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အလားတူ မြင်းမူမြို့အဝင်တိုးဂိတ်အား အာဏာသိမ်းခံရမှု နှစ်ပတ်လည်နေ့တွင် ပြုလုပ်သော ပြည်သူများ၏ Silent Strike အောင်မြင်မှုအား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း မြင်းမူမြို့အဝင်ရှိ တိုးဂိတ်အား ဗုံး၆လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့သည်ဟု မြင်းမူ PDFက ဆိုသည်။

ယနေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့သော တိုးဂိတ်ဖောက်ခွဲမှုကို People’s Defence Force Myinmu (MMUPDF) မှဦးဆောင်၍ Black Eagle Defence Force -MMU ၊ မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ MyinMU Defence Force ၊ မြောင်မြို့နယ် ပြည်သု့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM တို့မှ ပူးပေါင်းပါဝင်ခဲ့သည်

ျမင္းမူၿမိဳ႕ရွိ ပ်ဴ​ေစာထီးစခန္းႏွင့္ ၿမိဳ႕အဝင္တိုးဂိတ္ကို ​ ​ေျပာက္က်ားတပ္ဖြဲ႕မ်ား ေဖာက္ခြဲဖ်က္ဆီး

—People’s Spring

စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႕ရွိ ပ်ဴ​ေစာထီးစခန္းတစ္ခုကို ဝင္စီးျခင္းႏွင့္ ၿမိဳ႕အဝင္ဂိတ္အား ေဖာက္ခြဲဖ်က္ဆီးနိုင္ခဲ့ေၾကာင္း ျပည္သူ႔တပ္ဖြဲ႕အသီးသီးက ယေန႔ (ေဖေဖာ္ဝါရီ ၂ ရက္)တြင္ ထုတ္ျပန္အသိ​ေပးသည္။

ျမင္းမူၿမိဳ႕ရွိ ပ်ဴစခန္းတစ္ခုကို ေဖေဖာ္ဝါရီ ၁ရက္ ေန႔လယ္ပိုင္းက ZEROေျပာက္က်ားတပ္ဖြဲ႕၊GTR-MMUႏွင့္ZERO FIVE STARတပ္ဖြဲ႕တို႔ ပူးေပါင္းၿပီး ဝင္ေရာက္စီးနင္းခဲ့သည္။

“ဒဏ္ရာရတဲ့ ပ်ဴေတြကအစ လူးလဲထၿပီး ကိုယ္လြတ္ ႐ုန္း ထြက္ေျပးၾက။ပ်ဴေတြရဲ့ အလႉရွင္စာရင္းေတြ၊တျခားစာရြက္စာတန္းေတြ သိမ္းယူခဲ့ၿပီး စခန္းကိုဖ်က္ဆီးခဲ့တယ္”ဟု GTR MMU မွ တာဝန္ရွိသူတစ္ဦးက လူထုေႏြဦးသို႔ ေျပာသည္။

အလားတူ ျမင္းမူၿမိဳ႕အဝင္တိုးဂိတ္အား အာဏာသိမ္းခံရမႈ ႏွစ္ပတ္လည္ေန႔တြင္ ျပဳလုပ္ေသာ ျပည္သူမ်ား၏ Silent Strike ေအာင္ျမင္မႈအား ဂုဏ္ျပဳေသာအားျဖင့္လည္းေကာင္း ျမင္းမူၿမိဳ႕အဝင္ရွိ တိုးဂိတ္အား ဗုံး၆လုံးျဖင့္ ေဖာက္ခြဲဖ်က္စီးခဲ့သည္ဟု ျမင္းမူ PDFက ဆိုသည္

ယေန႔ နံနက္အေစာပိုင္းက ျပဳလုပ္ခဲ့ေသာ တိုးဂိတ္ေဖာက္ခြဲမႈကို People’s Defence Force Myinmu (MMUPDF) မွဦးေဆာင္၍ Black Eagle Defence Force -MMU ၊ ျမင္းမူလၽွပ္စီးေပ်ာက္ၾကားအဖြဲ႕၊ MyinMU Defence Force ၊ ေျမာင္ၿမိဳ႕နယ္ ျပည္သု႔ကာကြယ္ေရးႏွင့္လုံျခဳံေရးအဖြဲ႕ – CDSOM တို႔မွ ပူးေပါင္းပါဝင္ခဲ့သည္။

 

Leave a Reply

Your email address will not be published.