စစ်အာဏာရှင်ကို အာခံသော တိတ်ဆိတ်ခြင်းသပိတ်အကြောင်း ကမ္ဘာ့မီဒီယာကြီးများဖော်ပြ

မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု (၁) နှစ်ပြည့်ချိန်တွင် ပြည်သူများက တိတ်ဆိတ်ခြင်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆင်နွှဲခဲ့ကြပြီး ယင်းသပိတ်အကြောင်းကို ကမ္ဘာ့မီဒီယာကြီးများက ဖော်ပြခဲ့ကြသည်

တိတ်ဆိတ်ခြင်းသပိတ် ‘Silent Strike’ အဖြစ် နေအိမ်တွင်နေထိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ချခြင်းတို့ကို နံနက် ၁၀ မှ ညနေ ၄ နာရီအထိပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံမြို့ကြီးများနှင့် မြို့အသီးသီးရှိ လမ်းမများပေါ် လူသွားလူလာ ရှင်းလင်းနေခဲ့သည်

နိုင်ငံအကြီးဆုံးမြို့ ရန်ကုန်နှင့် အခြားနေရာများတွင် ပုံမှန်အားဖြင့် လူထူရှုတ်ရှပ်ခတ်သော လမ်း မများပေါ်၌ ရှင်းလင်းနေသည်ကို လူမှုကွန်ရက်ဓာတ်ပုံများက ပြသနေသည်။

အဆိုပါ တိတ်ဆိတ်ခြင်းသပိတ်ကို စစ်အာဏာရှင်က ကြောက်ရွံ့ခဲ့ကာ နည်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပြုခဲ့သော်လည်း ပြည်သူများက စစ်အာဏာရှင်ကို အာခံလိုသောစိတ်ဓာတ်များဖြင့် ညီ ညွတ်ရဲဝံ့စွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်

တိတ်ဆိတ်ခြင်းသပိတ်ပြီးဆုံးချိန် ညနေ ၄ နာရီအချိန်တွင် ပြည်သူများက အသံထွက်သပိတ် လက်ခုပ်တီးကာ အောင်မြင်စွာပိတ်သိမ်းခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီများ၏ ဖိနှိပ်မှုများ ကြားမှ ပြည်သူလူထုသည် ‘ပြည်တော်ဝင်ဖို့ ရုန်းကြစို့’ ၊ ‘အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွှဲ’ ၊ ‘လုံး၀အုပ်ချုပ်ခွင့်မရစေရ’ ၊

‘ငါတို့မြို့ ငါတို့ပိုင်တယ်၊ ငါတို့ငြိမ်ချင် ငြိမ်မယ်၊ ငါတို့လှုပ်ချင်လှုပ်မယ်’ စသည့်ကြွေးကြော်သံများဖြင့် အသံတိတ်နှင့် အသံထွက်သပိတ်တို့ကို ကျင်းပခဲ့ကြခြင်း လည်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကို အမေရိကန်ကဲ့သို့ အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများကြောင့် အာဏာသိမ်းနှစ်ပတ်လည်အပေါ် နိုင်ငံတကာအာရုံစိုက်မှုဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အာဏာသိမ်းနှစ်ပတ်လည်မတိုင်ခင် တစ်ရက်တွင် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါ နိုင်ငံများကလည်း အာဏာရှင်များ နှင့် ၎င်းတို့၏ ထောက်ခံသူများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူမှုပြုလုပ်ခဲ့သည်။

စစ္အာဏာရွင္ကို အာခံေသာ တိတ္ဆိတ္ျခင္းသပိတ္အေၾကာင္း ကမၻာ့မီဒီယာႀကီးမ်ားေဖာ္ျပ

ျမန္မာနိုင္ငံ၌ စစ္အာဏာသိမ္းမႈ (၁) ႏွစ္ျပည့္ခ်ိန္တြင္ ျပည္သူမ်ားက တိတ္ဆိတ္ျခင္းသပိတ္ကို တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ဆင္ႏႊဲခဲ့ၾကၿပီး ယင္းသပိတ္အေၾကာင္းကို ကမၻာ့မီဒီယာႀကီးမ်ားက ေဖာ္ျပခဲ့ၾကသည္။

တိတ္ဆိတ္ျခင္းသပိတ္ ‘Silent Strike’ အျဖစ္ ေနအိမ္တြင္ေနထိုင္ျခင္း၊ စီးပြားေရးလုပ္ငန္းမ်ားကို ပိတ္ခ်ျခင္းတို႔ကို နံနက္ ၁၀ မွ ညေန ၄ နာရီအထိျပဳလုပ္ခဲ့ကာ ျမန္မာနိုင္ငံၿမိဳ႕ႀကီးမ်ားႏွင့္ ၿမိဳ႕အသီးသီးရွိ လမ္းမမ်ားေပၚ လူသြားလူလာ ရွင္းလင္းေနခဲ့သည္

နိုင္ငံအႀကီးဆုံးၿမိဳ႕ ရန္ကုန္ႏွင့္ အျခားေနရာမ်ားတြင္ ပုံမွန္အားျဖင့္ လူထူရႈတ္ရွပ္ခတ္ေသာ လမ္း မမ်ားေပၚ၌ ရွင္းလင္းေနသည္ကို လူမႈကြန္ရက္ဓာတ္ပုံမ်ားက ျပသေနသည္။

အဆိုပါ တိတ္ဆိတ္ျခင္းသပိတ္ကို စစ္အာဏာရွင္က ေၾကာက္ရြံ့ခဲ့ကာ နည္းအမ်ိဳးမ်ိဳးျဖင့္ အေႏွာင့္အယွက္ျပဳခဲ့ေသာ္လည္း ျပည္သူမ်ားက စစ္အာဏာရွင္ကို အာခံလိုေသာစိတ္ဓာတ္မ်ားျဖင့္ ညီ ညြတ္ရဲဝံ့စြာဆႏၵထုတ္ေဖာ္ခဲ့ၾကျခင္းျဖစ္သည္

တိတ္ဆိတ္ျခင္းသပိတ္ၿပီးဆုံးခ်ိန္ ညေန ၄ နာရီအခ်ိန္တြင္ ျပည္သူမ်ားက အသံထြက္သပိတ္ လက္ခုပ္တီးကာ ေအာင္ျမင္စြာပိတ္သိမ္းခဲ့သည္။

အၾကမ္းဖက္စစ္ေကာင္စီမ်ား၏ ဖိႏွိပ္မႈမ်ား ၾကားမွ ျပည္သူလူထုသည္ ‘ျပည္ေတာ္ဝင္ဖို႔ ႐ုန္းၾကစို႔’ ၊ ‘အဆုံးသတ္တိုက္ပြဲ ဒို႔ဆင္ႏႊဲ’ ၊ ‘လုံး၀အုပ္ခ်ဳပ္ခြင့္မရေစရ’ ၊

‘ငါတို႔ၿမိဳ႕ ငါတို႔ပိုင္တယ္၊ ငါတို႔ၿငိမ္ခ်င္ ၿငိမ္မယ္၊ ငါတို႔လႈပ္ခ်င္လႈပ္မယ္’ စသည့္ေႂကြးေၾကာ္သံမ်ားျဖင့္ အသံတိတ္ႏွင့္ အသံထြက္သပိတ္တို႔ကို က်င္းပခဲ့ၾကျခင္း လည္းျဖစ္သည္

စစ္အာဏာသိမ္းမႈကို အေမရိကန္ကဲ့သို႔ အေနာက္နိုင္ငံမ်ား၏ ျပစ္တင္ေဝဖန္မႈမ်ားေၾကာင့္ အာဏာသိမ္းႏွစ္ပတ္လည္အေပၚ နိုင္ငံတကာအာ႐ုံစိုက္မႈျဖစ္ေပၚခဲ့သည္။

ထို႔အျပင္ အာဏာသိမ္းႏွစ္ပတ္လည္မတိုင္ခင္ တစ္ရက္တြင္ အေမရိကန္၊ ၿဗိတိန္ႏွင့္ ကေနဒါ နိုင္ငံမ်ားကလည္း အာဏာရွင္မ်ား ႏွင့္ ၎တို႔၏ ေထာက္ခံသူမ်ားကို ပစ္မွတ္ထားဒဏ္ခတ္အေရးယူမႈျပဳလုပ္ခဲ့သည္။

 

Leave a Reply

Your email address will not be published.