ရေဦးမြို့မှာ ပြည်သူတွေ အသံတိတ်သပိတ် ပြုလုပ်နိုင်အောင် PDF တွေက လုံခြုံရေးယူပေး

ရေဦး၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ အာဏာသိမ်းမှုတနှစ်ပြည့် အသံတိတ်သပိတ် အေးချမ်းစွာ ပြုလုပ်နိုင်ဖို့ ရေဦး PDF နဲ့ ရေဦး ပကဖ တို့ ပူးပေါင်းပြီး မြို့အဝင်အထွက်တွေမှာ လုံခြုံရေးယူပေးခဲ့ကြတယ်လို့ သိရပါတယ်။

“စစ်ခွေးတွေ ပြည်သူတွေအပေါ် တိုက်ခိုက်တာတွေ လုပ်မှာစိုးလို့ ရေဦးမြို့အဝင်၊ ရေဦးမြို့ထဲထိ ကျနော်တို့ အဝင်အထွက်တွေ လုံခြုံရေးယူပြီးတော့ စစ်ဆေးပေးခဲ့တယ်” လို့ ရေဦး PDF တဦးက ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီ ကတည်းက လုံခြုံရေးယူပေးထားတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အေးအေး၊ ဆေးဆေး အသံတိတ်သပိတ်မှာ ပါဝင်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

=======


ရေဦး၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၂။




#မြေလတ်အသံ

Leave a Reply

Your email address will not be published.