ဘားအံမြို့မှာ မဘသဘုန်းကြီးတွေဦးဆောင်စုဝေးပြီး ဒီကနေ့မနက်ပိုင်းက မြို့တွင်းအနှံ့မှာ ပရိတ်ရွတ်ဖတ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့မနက်အချိန်က မဘသဘုန်းကြီးတွေ အုပ်စုလိုက်ခွဲပြီး ကားတွေနဲ့ မြို့တွင်းအနှံ့ပတ်ကာ ပရိတ်ရွတ်ဖတ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ကစပြီး ဘားအံမြို့နာရီစင်၊ အထက ၁ ကျောင်းဘောလုံးကွင်းနဲ့ မဲဘောင်ကျောင်းတိုက်နေရာတွေမှာ တပ်ထောက်ခံသူတွေစုဝေးပြီး တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘားအံမြို့ သီရိကွင်းနဲ့ ရပ်ကွက်အလိုက်တွေမှာလည်း အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်နေတာကိုတွေ့ရတာဖြစ်ပါတယ်။ မြို့ထဲက နတ်နတ်းမှာလည်း နတ်ပွဲကျင်းပနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက လူစည်ဖို့ကြိုးစားနေပေမယ့် မြို့ထဲမှာတော့ အသွားအလာကျဲပြီး ဈေးမှာလည်း လူသိပ်မရှိဘူးလို့ ဘားအံမြို့အခြေနေကို ပတ်ကြည့်ခဲ့တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

#လူထုနွေဦးလ

======






#လူထုနွေဦးလ

ဘားအံမြို့မှာ မဘသဘုန်းကြီးတွေဦးဆောင်စုဝေးပြီး ဒီကနေ့မနက်ပိုင်းက မြို့တွင်းအနှံ့မှာ ပရိတ်ရွတ်ဖတ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့မနက်အချိန်က မဘသဘုန်းကြီးတွေ အုပ်စုလိုက်ခွဲပြီး ကားတွေနဲ့ မြို့တွင်းအနှံ့ပတ်ကာ ပရိတ်ရွတ်ဖတ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မနက်ကစပြီး ဘားအံမြို့နာရီစင်၊ အထက ၁ ကျောင်းဘောလုံးကွင်းနဲ့ မဲဘောင်ကျောင်းတိုက်နေရာတွေမှာ တပ်ထောက်ခံသူတွေစုဝေးပြီး တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘားအံမြို့ သီရိကွင်းနဲ့ ရပ်ကွက်အလိုက်တွေမှာလည်း အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပြုလုပ်နေတာကိုတွေ့ရတာဖြစ်ပါတယ်။ မြို့ထဲက နတ်နတ်းမှာလည်း နတ်ပွဲကျင်းပနေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီက လူစည်ဖို့ကြိုးစားနေပေမယ့် မြို့ထဲမှာတော့ အသွားအလာကျဲပြီး ဈေးမှာလည်း လူသိပ်မရှိဘူးလို့ ဘားအံမြို့အခြေနေကို ပတ်ကြည့်ခဲ့တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

#လူထုနွေဦးလ

 

Leave a Reply

Your email address will not be published.