တနိုင်းတွင် စစ်ကောင်စီ၏ အမိန့်ဖြင့် အားကစားပွဲများကျင်ပနေ

Feb 1,2022/Kachin News Group

တနိုင်းမြို့တွင် စစ်ကောင်စီအဖွဲ့က ဦးဆောင်ပြီး ပြည်ထောင်စုနေ့ကို ကြိုဆိုသည့်ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းကစပြီး မြို့ပေါ်ရပ်များတွင် အားကစားပွဲများ ပြုလုပ်ကျင်းပပေးနေကြောင်းသိရသည်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁ရက်နေ့ မြန်မာတနိုင်ငံလုံး Silent Strike နေ့ သတ်မှတ်ထားသည့်ရက်ကို အားကစားပွဲများကျင်ပပေးရန်ညွှန်ကြားထားသည်ဟု တနိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

“တနိုင်းမှာက ၃ နေရာလောက်မှာပွဲလုပ်နေတယ်။ အဓိကတော့ တနိုင်းမှာ အားလုံးရဲ့အမြင်မှာ အသံတိတ်သပိတ်မရှိဘူးဆိုတဲ့ အနေနဲ့ စစ်တပ်က အုပ်ချုပ်ရေးအဖွဲ့တွေကိုအမိန့်နဲ့ လုပ်ခိုင်းတယ်လို့သိရတယ်။ ဒီမနက်အစေားကြီးကနေ စလုပ်နေကြတယ်”ဟုပြောဆိုသည်။

တနိုင်းမြို့ရှိ မနက်စျေး၊ မြို့တော်ခန်းမနှင့် ပြည်သူ့ရင်ပြင်စသော ၃နေရာတွင် အပြေးပြိုင်ပွဲနှင့် တနိုင်း Idol သီချင်းဆိုပြိုင်ပွဲများ ပြုလုပ်ကျင်းပပေးနေကြောင်းသိရသည်။

ယနေ့တွင် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်တစ်ချို့တွင် စစ်တပ်ကအာဏာသိမ်းသည့် ၁နှစ်ပြည့်ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့်အနေဖြင့် အသံတိတ် သပိတ်ဖြင့် ဆန္ဒပြထုတ်ဖော်ကြသည်။

=====

တနိုင္းတြင္ စစ္ေကာင္စီ၏ အမိန႔္ျဖင့္ အားကစားပြဲမ်ားက်င္ပေန

Feb 1,2022/Kachin News Group

တနိုင္းၿမိဳ႕တြင္ စစ္ေကာင္စီအဖြဲ႕က ဦးေဆာင္ၿပီး ျပည္ေထာင္စုေန႔ကို ႀကိဳဆိုသည့္ေခါင္းစဥ္ျဖင့္ ယေန႔နံနက္ပိုင္းကစၿပီး ၿမိဳ႕ေပၚရပ္မ်ားတြင္ အားကစားပြဲမ်ား ျပဳလုပ္က်င္းပေပးေနေၾကာင္းသိရသည္။

စစ္ေကာင္စီတပ္က ေဖေဖာ္ဝါရီလ ၁ရက္ေန႔ ျမန္မာတနိုင္ငံလုံး Silent Strike ေန႔ သတ္မွတ္ထားသည့္ရက္ကို အားကစားပြဲမ်ားက်င္ပေပးရန္ညႊန္ၾကားထားသည္ဟု တနိုင္းေဒသခံတစ္ဦးက KNG သတင္းဌာနကို ေျပာဆိုသည္။

“တနိုင္းမွာက ၃ ေနရာေလာက္မွာပြဲလုပ္ေနတယ္။ အဓိကေတာ့ တနိုင္းမွာ အားလုံးရဲ့အျမင္မွာ အသံတိတ္သပိတ္မရွိဘူးဆိုတဲ့ အေနနဲ႔ စစ္တပ္က အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကိုအမိန႔္နဲ႔ လုပ္ခိုင္းတယ္လို႔သိရတယ္။ ဒီမနက္အေစားႀကီးကေန စလုပ္ေနၾကတယ္”ဟုေျပာဆိုသည္။

တနိုင္းၿမိဳ႕ရွိ မနက္ေစ်း၊ ၿမိဳ႕ေတာ္ခန္းမႏွင့္ ျပည္သူ႔ရင္ျပင္စေသာ ၃ေနရာတြင္ အေျပးၿပိဳင္ပြဲႏွင့္ တနိုင္း Idol သီခ်င္းဆိုၿပိဳင္ပြဲမ်ား ျပဳလုပ္က်င္းပေပးေနေၾကာင္းသိရသည္။

ယေန႔တြင္ ကခ်င္ျပည္နယ္ အတြင္းရွိ ၿမိဳ႕နယ္တစ္ခ်ိဳ႕တြင္ စစ္တပ္ကအာဏာသိမ္းသည့္ ၁ႏွစ္ျပည့္ရက္ေန႔တြင္ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ေတာ္လွန္သည့္အေနျဖင့္ အသံတိတ္ သပိတ္ျဖင့္ ဆႏၵျပထုတ္ေဖာ္ၾကသည္။

Leave a Reply

Your email address will not be published.