မနက်ဖြန် ဖယ်ရီမစီးတဲ့ စည်ပင်ဝန်ထမ်းတွေ ဆူးလေ နှစ်ပတ်လမ်းလျှောက်ရမယ်လို့ ညွှန်ကြားထား

BVJ- ၃၁ဇန်နဝါရီ၊၂၀၂၂။

လာမည့်ဖေဖော်ဝါရီ (၁)ရက် မနက်ဖြန်မှာ ပြုလုပ်ဖို့စီစဥ်ထားတဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကိုပုံဖျက်ဖို့ စစ်ကောင်စီလက်အောက်ခံ NON CDM စည်ပင်ဝန်ထမ်းတွေကို အမိန့်ပေးညွှန်ကြားထားတယ်လို့သိရပါတယ်။

ရန်ကုန်မြို့တော်ဝန်ဗိုလ်ဌေး ကတစ်ဆင့်စည်ပင်ဌာနကြီးတစ်ခုလုံးဝန်ထမ်းတွေကိုညွှန်ကြားထားတာဖြစ်ပါတယ်။ဒါနဲ့ပတ်သတ်ပြီး ဝန်းထမ်တစ်ဦးကခုလိုပြောပါတယ်
“ဒီနေ့စည်ပင်ဝန်ထမ်းတွေကို ဖယ်ရီကားပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်

မနက်ဖန်ကို ဖယ်ရီစီးတဲ့ဝန်ထမ်းအားလုံး သာကတ(သို့)ကျောက်တော်ကြီးမှာ လမ်းဖွင့်ပွဲလုပ်ကြမှာ အဲ့ဒီကို လူစုခွဲပီးပို့မယ် ပီးရင်ဘုရားစုံဖူးဖို့ကားမောင်းပို့​ပေးမယ် ရုံးကမတက်ရတော့ဘူး၊ ဖယ်ရီမစီးတဲ့သူတွေကတော့ ဆူးလေဘုရားနှစ်ပတ်လမ်းလျှောက်ရမယ်။

သူတို့တွေ ရုံးတက်ချိန် (၁၁)နာရီက​နေ(၂)နာရီ သတ်မှတ်ပေးထားတယ်၊ရည်ရွယ်ချက်ကတော့ လမ်းပေါ်မှာ အချိန်ကုန်လူအုံစေချင်တာ” လို့ Burma VJ ကိုပြောပါတယ်။

သက်ဆိုင်ရာ စည်ပင်ဌာနတွေက အကြီးအကဲတွေလည်း မနက်ဖြန်ကျရင် မြေပြင်ကွင်းဆင်းကြည့်ဖို့ညွှန်ကြားထားတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီအနေဖြင့်ပြည်သူလူထုအများအပြားပါဝင်ဖို့ရှိတဲ့ ​Silent Strike ကို နည်းမျိုးစုံနဲ့ဟန့်တားလျှက်ရှိပြီး Silentသပိတ်ကို လှုံ့ဆော်သူတွေနဲ့စျေးသည်တွေကို ဖမ်းဆီးတာတွေ လက်မှတ်ထိုးခိုင်းတာတွေလည်း ဒီရက်အပိုင်းတွင်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။
BurmaVJ

Zawgyi

မနက္ျဖန္ ဖယ္ရီမစီးတဲ့ စည္ပင္ဝန္ထမ္းေတြ ဆူးေလ ႏွစ္ပတ္လမ္းေလွ်ာက္ရမယ္လို႔ ၫႊန္ၾကားထား

BVJ- ၃၁ဇန္နဝါရီ၊၂၀၂၂။

လာမည့္ေဖေဖာ္ဝါရီ (၁)ရက္ မနက္ျဖန္မွာ ျပဳလုပ္ဖို႔စီစဥ္ထားတဲ့ တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ကိုပုံဖ်က္ဖို႔ စစ္ေကာင္စီလက္ေအာက္ခံ NON CDM စည္ပင္ဝန္ထမ္းေတြကို အမိန္႔ေပးၫႊန္ၾကားထားတယ္လို႔သိရပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဗိုလ္ေဌး ကတစ္ဆင့္စည္ပင္ဌာနႀကီးတစ္ခုလုံးဝန္ထမ္းေတြကိုၫႊန္ၾကားထားတာျဖစ္ပါတယ္။ဒါနဲ႔ပတ္သတ္ၿပီး ဝန္းထမ္တစ္ဦးကခုလိုေျပာပါတယ္
“ဒီေန႔စည္ပင္ဝန္ထမ္းေတြကို ဖယ္ရီကားေပၚမွာ လက္မွတ္ထိုးခိုင္းတယ္

မနက္ဖန္ကို ဖယ္ရီစီးတဲ့ဝန္ထမ္းအားလုံး သာကတ(သို႔)ေက်ာက္ေတာ္ႀကီးမွာ လမ္းဖြင့္ပြဲလုပ္ၾကမွာ အဲ့ဒီကို လူစုခြဲပီးပို႔မယ္ ပီးရင္ဘုရားစုံဖူးဖို႔ကားေမာင္းပို႔​ေပးမယ္ ႐ုံးကမတက္ရေတာ့ဘူး၊ ဖယ္ရီမစီးတဲ့သူေတြကေတာ့ ဆူးေလဘုရားႏွစ္ပတ္လမ္းေလွ်ာက္ရမယ္။

သူတို႔ေတြ ႐ုံးတက္ခ်ိန္ (၁၁)နာရီက​ေန(၂)နာရီ သတ္မွတ္ေပးထားတယ္၊ရည္႐ြယ္ခ်က္ကေတာ့ လမ္းေပၚမွာ အခ်ိန္ကုန္လူအုံေစခ်င္တာ” လို႔ Burma VJ ကိုေျပာပါတယ္။

သက္ဆိုင္ရာ စည္ပင္ဌာနေတြက အႀကီးအကဲေတြလည္း မနက္ျဖန္က်ရင္ ေျမျပင္ကြင္းဆင္းၾကည့္ဖို႔ၫႊန္ၾကားထားတယ္လို႔လည္းသိရပါတယ္။

စစ္ေကာင္စီအေနျဖင့္ျပည္သူလူထုအမ်ားအျပားပါဝင္ဖို႔႐ွိတဲ့ ​Silent Strike ကို နည္းမ်ိဳးစုံနဲ႔ဟန္႔တားလွ်က္႐ွိၿပီး Silentသပိတ္ကို လႈံ႕ေဆာ္သူေတြနဲ႔ေစ်းသည္ေတြကို ဖမ္းဆီးတာေတြ လက္မွတ္ထိုးခိုင္းတာေတြလည္း ဒီရက္အပိုင္းတြင္း လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။
BurmaVJ

Leave a Reply

Your email address will not be published.