လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်အမျိုးမျိုး အပြီးတိုင်ဖယ်ရှားမည်ဟု NUG ကတိပြု

စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို အပြီးတိုင်ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့

ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားညီနောင်အားလုံးနှင့်အတူ တော်လှန်ရေးစိတ်ဓါတ်အပြည့်ဖြင့် လျှောက်လှမ်းချီတက်သွားမည်ဖြစ်ကြောင်း ကတိ သစ္စာပြုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကရင်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။

ကရင်တော်လှန်ရေးကာလအတွင်း ကရင်လူမျိုးတို့၏ လွတ်လပ်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတရေးနှင့် ကရင့်ကြမ္မာကရင်ဖန်တီးနိုင်ရေးအတွက် ငြိမ်းချမ်းစွာညှိနှိုင်း တောင်းဆိုခဲ့သော်လည်း အာဏာရှင်များက အကြမ်းဖက်နှိမ်နှင်းခဲ့သဖြင့်

မလွှဲမရှောင်သာ ခုခံတိုက်ပွဲဝင်ခဲ့သော ကော်ခိုစောဘဦးကြီး နှင့်တကွကျဆုံးသွားသော ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များ ၊ ကရင်ပြည်သူများအားသမိုင်းမှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ယနေ့မျက်မှောက်အချိန်ကာလသည် အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝအာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် ကရင်ပြည်သူများအပါအဝင် တစ်နိုင်ငံလုံးအတွက်အရေးကြီးသော အချိန်ကာလ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့သော အချိန်ကာလဖြစ်သည့်အားလျော်စွာ အမျိူးသားညီညွတ်‌ရေးအစိုးရက ကရင်ပြည်သူလူထုများနှင့်အတူ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ချေမှုန်းနိုင်မည့် တော်လှန်ရေးအတွက် ကျရာနေရာတွင် အားဖြည့်ပါဝင်ပေးကြပါမည်ဟု အလေးအနက်ကတိပြုကြောင်း ဖော်ပြသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ပြည်ထောင်စုတဝှမ်းလုံးရှိ အပြစ်မဲ့ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ အင်အားအလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့်

အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ စသည့် လုပ်ရပ်များ ချက်ခြင်းရပ်တန့်စေရန်နှင့်တာဝန်ရှိသူများ တာဝန်ယူမှုအပြည့်အဝရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သဝဏ်လွှာ၌ ပါရှိသည်။

(ဖားအံခရိုင် တပ်မဟာ (၇)ဌာနချုပ်၌ (၇၃)နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကျင်းပနေစဥ်။ Photo – KIC)

လူမ်ိဳးႀကီးဝါဒႏွင့္ အာဏာရွင္စနစ္အမ်ိဳးမ်ိဳး အၿပီးတိုင္ဖယ္ရွားမည္ဟု NUG ကတိျပဳ

စစ္အာဏာရွင္စနစ္၊ လူမ်ိဳးႀကီးဝါဒႏွင့္ အာဏာရွင္စနစ္အမ်ိဳးမ်ိဳးတို႔ကို အၿပီးတိုင္ဖယ္ရွား၍ ဒီမိုကေရစီေရး၊ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္တို႔ကို အာမခံေသာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုႀကီးဆီသို႔

ကရင္လူမ်ိဳးမ်ားအပါအဝင္ တိုင္းရင္းသားညီေနာင္အားလုံးႏွင့္အတူ ေတာ္လွန္ေရးစိတ္ဓါတ္အျပည့္ျဖင့္ ေလၽွာက္လွမ္းခ်ီတက္သြားမည္ျဖစ္ေၾကာင္း ကတိ သစၥာျပဳသည္ဟု အမ်ိဳးသားညီညြတ္ေရးအစိုးရ(NUG)က ကရင္ေတာ္လွန္ေရးေန႔သို႔ သဝဏ္လႊာေပးပို႔သည္။

ကရင္ေတာ္လွန္ေရးကာလအတြင္း ကရင္လူမ်ိဳးတို႔၏ လြတ္လပ္ေရး ၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ တန္းတူေရး၊ တရားမၽွတေရးႏွင့္ ကရင့္ၾကမၼာကရင္ဖန္တီးနိုင္ေရးအတြက္ ၿငိမ္းခ်မ္းစြာညႇိႏွိုင္း ေတာင္းဆိုခဲ့ေသာ္လည္း အာဏာရွင္မ်ားက အၾကမ္းဖက္ႏွိမ္ႏွင္းခဲ့သျဖင့္

မလႊဲမေရွာင္သာ ခုခံတိုက္ပြဲဝင္ခဲ့ေသာ ေကာ္ခိုေစာဘဦးႀကီး ႏွင့္တကြက်ဆုံးသြားေသာ ကရင့္အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား၊ ရဲေဘာ္ရဲဘက္မ်ား ၊ ကရင္ျပည္သူမ်ားအားသမိုင္းမွတ္တမ္းတင္ဂုဏ္ျပဳေၾကာင္း ေဖာ္ျပသည္။

ယေန႔မ်က္ေမွာက္အခ်ိန္ကာလသည္ အာဏာရွင္စနစ္အၿပီးတိုင္ခ်ဳပ္ၿငိမ္းေရးႏွင့္ ဒီမိုကေရစီေရး၊ အမ်ိဳးသားတန္းတူေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အခြင့္အေရးမ်ားကို အျပည့္အဝအာမခံခ်က္ေပးနိုင္သည့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေထာင္ေရးကို ဦးတည္လ်က္ ကရင္ျပည္သူမ်ားအပါအဝင္ တစ္နိုင္ငံလုံးအတြက္အေရးႀကီးေသာ အခ်ိန္ကာလ ျဖစ္သည္ဟု ဆိုသည္။

ထိုသို႔ေသာ အခ်ိန္ကာလျဖစ္သည့္အားေလ်ာ္စြာ အမ်ိဴးသားညီညြတ္‌ေရးအစိုးရက ကရင္ျပည္သူလူထုမ်ားႏွင့္အတူ အာဏာရွင္စနစ္ကိုအျမစ္ျဖတ္ေခ်မႈန္းနိုင္မည့္ ေတာ္လွန္ေရးအတြက္ က်ရာေနရာတြင္ အားျဖည့္ပါဝင္ေပးၾကပါမည္ဟု အေလးအနက္ကတိျပဳေၾကာင္း ေဖာ္ျပသည္။

အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီ၏ ျပည္ေထာင္စုတဝွမ္းလုံးရွိ အျပစ္မဲ့ျပည္သူမ်ားအား က်ယ္က်ယ္ျပန႔္ျပန႔္ႏွင့္ ရည္ရြယ္ခ်က္ရွိရွိ ဖမ္းဆီးႏွိပ္စက္သတ္ျဖတ္မႈမ်ား၊ အင္အားအလြန္အကၽြံသုံး၍ ေျမျပင္ႏွင့္ ေလေၾကာင္း စစ္ဆင္ေရးမ်ားျဖင့္

အရပ္သားျပည္သူလူထုမ်ားအေပၚ ပစ္မွတ္ထား တိုက္ခိုက္ေနျခင္းႏွင့္ အစုလိုက္အျပဳံလိုက္ သတ္ျဖတ္ျခင္းမ်ား စသည့္ လုပ္ရပ္မ်ား ခ်က္ျခင္းရပ္တန႔္ေစရန္ႏွင့္တာဝန္ရွိသူမ်ား တာဝန္ယူမႈအျပည့္အဝရွိေစရန္လည္း ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ၏ သဝဏ္လႊာ၌ ပါရွိသည္။

(ဖားအံခရိုင္ တပ္မဟာ (၇)ဌာနခ်ဳပ္၌ (၇၃)ႏွစ္ေျမာက္ ကရင့္အမ်ိဳးသား ေတာ္လွန္ေရးေန႔ အခမ္းအနားက်င္းပေနစဥ္။ Photo – KIC)

 

Leave a Reply

Your email address will not be published.