တရုတ်အစိုးရကိုနာတတ်ရင်
နောက်မျိုးဆက်တွေထိနာစရာကြီးပါ
မြန်မာပြည်ထဲ ခေါင်းပုံဖြတ်ပြီး
အမြတ်ထုတ်နေတာတွေထားအုံး

အခုလဲ UN လုံခြုံရေးကောင်စီမှာ
မြန်မာပြည် အကြမ်းဖက်မူတွေနဲ့
ပြည်တွင်းစစ် မဖြစ်အောင်အတွက်
တားဆီးရမယ်လို့ လျှောက်ပြောပြန်တယ်

ပြည်တွင်းထဲ စစ်တပ်က ရွာတွေကို
မီးရှို့ဖျက်ဆီးနေတာ ကလေးကနေ
အသက်ကြီးပိုင်းအဆုံး အကြမ်းဖက်ပြီး
သ-တ်ဖြတ်နေတာကျ မသိချင်ဆောင်နေတုန်း


အရပ်သား နေထိုင်တဲ့မြို့ရွာတွေအပေါ်
လေယာဉ်တွေ ရဟတ်ယာဉ်တွေ သုံးပြီး
တောက်လျှောက် ဗုံး-ကြဲတိုက်ခိုက်နေတာ
အကြမ်းဖက်တာမဟုတ်သေးဘူးလား
အဲလို အကြမ်းဖက်နိုင်အောင် စစ်တပ်ကို
လေယာဉ်ရောင်းပေးတာလဲ တရုတ်အစိုးရလဲပါတယ်

Save The Children နယူးဇီလန္က
ဝေဖန်တာ ကောင်းတယ် ဒီလောက်ထိ
ကလေးသူငယ်တွေကို စစ်တပ်က မီးရှို့
သတ်ဖြတ်နေတာ UN က တံခါးဖွင့်ပြီး
မဆွေးနွေးရဲတာ UN ကျဆုံးခန်းဖြစ်တယ်တဲ့

တရုတ်အစိုးရက တခြားမကြည့်နဲ့အုံး
သူ့နယ်စပ်မှာ စစ်ဖြစ်လာရင် စစ်ဘေး
သင့်တွေဝင်ပြေးလာမှာစိုးလို့ နှစ်နိုင်ငံနယ်စပ်ကို မြေတွေခိုးပြီး ခြံစည်းရိုးကာနေတယ်အင်အားသုံးပြီးတော့ စောင့်
ကြည့်တယ်

သူ့နိုင်ငံထဲ အိုလံပစ်ပြိုင်ပွဲရှိလာတော့
နယ်စပ်မှာ တိုက်ပွဲတွေ ငြိမ်ပေးပါတဲ့
မြန်မာပြည်ထဲ ဖြစ်ချင်သလိုဖြစ်နေတုန်းကမသိချင်ဆောင်ခဲ့သူတွေက သူ့နိုင်ငံထဲအခမ်းအနားရှိလာတော့ ငြိမ်ပေးကြပါဆိုပဲ

တွေးကြည့်ရင် တကယ်စိတ်နာစရာတွေ
ထီးချိုင့်နီကယ်စက်ရုံလောက်ပဲမဟုတ်
လိုအပ်ရင် တရုတ်အစိုးရကို ဒီထက်ပိုပြီး
ရန်ငါပြတ်တောင် ဆက်ဆံဖို့ သင့်နေပါပီလေ


NLD ပါတီကို အခုပဲ အကြမ်းဖက်ပါတီအဖြစ်အကြမ်းဖက်အဖွဲ့အစည်းဆိုပြီး ကြေညာဖို့လုပ်နေတဲ့သူတွေ တရုတ်အစိုးရက NLD ပါတီကို မဖျက်သိမ်းဖို့အကြံပေးတာ စစ်ကောင်စီဖက် မလွန်ဆန်နိုင်တာကိုကြည့်တာနဲ့ တရုတ်အစိုးရဖိအားစစ်ကောင်စီဖက်က လွန်ဆန်မရအောင် ပတ်သက်မူ
ရှိနေဆဲဆိုတာ မြင်သာစေတယ်လို့ မြင်မိတယ်

သိပ်မကြာခင်မှာ အရာရာအားလုံးအတွက်
နိုင်ငံရေး စီးပွားရေး စစ်ရေးနဲ့ပတ်သက်ပြီး
စစ်ကောင်စီအတွက်နိုင်ငံတကာထွက်ပေါက်ဟာ
တရုတ်နိုင်ငံကိုပဲ ရွေးခြယ်စရာဖြစ်လာလိမ့်မယ်
အဲချိန်ကျမှ ပြတ်ပြတ်သားသားဆက်ဆံမယ့် အစား

အခုကတည်းက ရန်ငါပြတ် ဆက်ဆံစေချင်

အခုကတည်းက ရန်ငါပြတ် ဆက်ဆံစေချင်

အခုကတည်းက ရန်ငါပြတ် ဆက်ဆံစေချင်

နဒီဧရာမီဒီယာ

Crd#NOC






ကြည့်တယ်








နဒီဧရာမီဒီယာ

Crd#NOC

 

Leave a Reply

Your email address will not be published.