စစ်အာဏာသိမ်းပြီးတနှစ်ပြည့်လုနီး ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်း ၁ လီတာလျှင် ကျပ် ၂၀၀၀ ကျော်အထိစံချိန်တင် မြင့်တက်လာကြောင်း စက်သုံးဆီဆိုင်များထံကသိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ၁ လီတာလျှင် ၁၈၀၀ ကျပ်ထိမြင့်တက်လျက်ရှိရာမှ ယနေ့တွင် ကျပ် ၂၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။
” ကျွန်တော်တို့ခန့်မှန်းထားတဲ့အတိုင်းဘဲ ဆီစျေးက ဒီတပတ်အတွင်း ၂၀၀၀ လောက်ထိရောက်လာမယ်ဆိုတာ။ ဒီထက် ထပ်တက်လာရင်တော့ ရောင်းသူရော ဝယ်သူရောအဆင်မပြေတော့ဘူး။စိုးရိမ်စရာဖြစ်နေပြီ” ဟု မွန်ပြည် နယ်အတွင်းက စက်သုံးဆီဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
နိုင်ငံခြားငွေလဲနှုန်းမြင့်တက်နေခြင်း၊ ပြည်ပစက်သုံးဆီဝင်ရောက်မှုမရှိခြင်း၊ ပြည်တွင်းရေနံစိမ်းချက်လုပ်နိုင်မှုလျော့နည်းလာခြင်းများကြောင့် စက်သုံးဆီစျေးနှုန်းများဆက်တိုက်ဆိုသလိုမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MPE) ဝန်ထမ်းတဦးက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီက ၄င်းတို့နှင့်နီးစပ်သည့် Denko၊PT Power ၊ မြတ်မေတ္တာမွန် စသည့်ဆီဆိုင်များမှ နိုင်ငံတဝှမ်း ဆီဆိုင် ၁၁၅ ဆိုင်အား စျေးလျှော့ရောင်းချရန် သတ်မှတ်ထားသော်လည်း အဆိုပါ စျေးလျှော့ရောင်းပေးသည်ဆိုသည့် ဆီဆိုင်များတွင်ပင် တလီတာ ၁၇၅၀ ဝန်းကျင်ထိ စျေးပေါက်နေကြောင်း စက်သုံးဆီရောင်းချနေသူများထံက သိရသည်။
ထို့ပြင် အဆိုပါစျေးနှုန်းဖြင့်ရောင်းချနေသည့် စက်သုံးဆီဆိုင် တနိုင်ငံလုံးမှ ၁၁၅ ဆိုင်သာရှိသဖြင့် တမြို့လျှင်တောင် တဆိုင်မရှိ၍ တန်းစီစောင့်ဆိုင်း၍ ဆီထည့်ရန်မှာလည်းခက်ခဲကြောင်း တက္ကစီမောင်းနှင်သူ ရန်ကုန်မြို့ခံတဦး ပြောဆိုသည်။
ပုံစာ- MAXဆီဆိုင်တခု၏ ယနေ့ဆီစျေးနှုန်
စစ်အာဏာသိမ်းပြီးတနှစ်ပြည့်လုနီး ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်း ၁ လီတာလျှင် ကျပ် ၂၀၀၀ ကျော်အထိစံချိန်တင် မြင့်တက်လာကြောင်း စက်သုံးဆီဆိုင်များထံကသိရသည်။
နိုင်ငံခြားငွေလဲနှုန်းမြင့်တက်နေခြင်း၊ ပြည်ပစက်သုံးဆီဝင်ရောက်မှုမရှိခြင်း၊ ပြည်တွင်းရေနံစိမ်းချက်လုပ်နိုင်မှုလျော့နည်းလာခြင်းများကြောင့် စက်သုံးဆီဈေးနှုန်းများဆက်တိုက်ဆိုသလိုမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MPE) ဝန်ထမ်းတဦးက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီက ၄င်းတို့နှင့်နီးစပ်သည့် Denko၊PT Power ၊ မြတ်မေတ္တာမွန် စသည့်ဆီဆိုင်များမှ နိုင်ငံတဝှမ်း ဆီဆိုင် ၁၁၅ ဆိုင်အား ဈေးလျှော့ရောင်းချရန် သတ်မှတ်ထားသော်လည်း အဆိုပါ ဈေးလျှော့ရောင်းပေးသည်ဆိုသည့် ဆီဆိုင်များတွင်ပင် တလီတာ ၁၇၅၀ ဝန်းကျင်ထိ ဈေးပေါက်နေကြောင်း စက်သုံးဆီရောင်းချနေသူများထံက သိရသည်။
ထို့ပြင် အဆိုပါဈေးနှုန်းဖြင့်ရောင်းချနေသည့် စက်သုံးဆီဆိုင် တနိုင်ငံလုံးမှ ၁၁၅ ဆိုင်သာရှိသဖြင့် တမြို့လျှင်တောင် တဆိုင်မရှိ၍ တန်းစီစောင့်ဆိုင်း၍ ဆီထည့်ရန်မှာလည်းခက်ခဲကြောင်း တက္ကစီမောင်းနှင်သူ ရန်ကုန်မြို့ခံတဦး ပြောဆိုသည်။
ပုံစာ- MAXဆီဆိုင်တခု၏ ယနေ့ဆီဈေးနှုန်
Leave a Reply
Your email address will not be published.