ဖလူးလေးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်တဖြစ်လဲ CDM ရဲဝန်ထမ်း ကိုထွန်းအောင်ဝေ ရှင်သန်စဉ်က ပုံရိပ်လေးတွေ 😢😢😢

သူရဲကောင်း‌တို့ ကြွေလွင့်ချိန်

အိမ်ကအမေပြိုလဲပါတယ်

ဌာနေဝယ် သူ့သတင်းမွှေးလို့

ရင်ထဲမှာတော့စို့နေလျှက်

ရက်စက်တဲ့ ကြမ္မာ ဖန်လာပုံက

သူရဲကောင်းတို့ ကြာကြာနေခွင့်မရ

လူ့ဘဝ လူ့အထှာ မှန်ကန်စွာရပ်တည်သူက

ပင်ပန်းဆင်းရဲရတယ်

‌အော်………ကြမ္မာ

နာကျင်စရာတွေပေးမယ့်အစား

သူရဲကောင်းတို့အတွက် ပျော်ရွှင်စရာတွေပေးပါ့လား

ငိုစရာတွေပေးမယ့်အစား

သူရဲကောင်းတို့အတွက် ကြင်နာမှုတွေပေးပါ့လား

ငိုခြင်းအစ ငိုခြင်းအဆုံး

တစ်ဘဝလုံး ပေးဆပ်သူများအဖို့

မတန်လိုက်တာဗျာ မတန်လိုက်တာ

⚰️RIPပါသူငယ်ချင်းရ၃ရေ

#Credit #NwayOoLin



အိမ်ကအမေပြိုလဲပါတယ်






ပင်ပန်းဆင်းရဲရတယ်

‌အော်………ကြမ္မာ








⚰️RIPပါသူငယ်ချင်းရ၃ရေ

#Credit #NwayOoLin

Leave a Reply

Your email address will not be published.