ဆိုင်ကယ်ပေါ်မှာ အမျိုးသားနှစ်ယောက် စီးနင်းချင်ပါက စီးနင်းခွင့် လျှောက်ထားနိုင်

ဆိုင်ကယ်ပေါ်မှာ အမျိုးသားနှစ်ယောက် စီးခွင့်ရဖို့အတွက် စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီ စီးနင်းခွင့် လျှောက်ထားရမယ်ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားလာတယ်လို့ မန္တလေးမြို့က လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလကစပြီး တင်ပြခွင့်ရမယ်ဆိုလို့ လုပ်ငန်းလိုအပ်ချက်အရ သွားလျှောက်ကြည့်မယ်လို့ အမည်မဖော်လိုတဲ့ မန္တလေးမြို့က အကြော်စုံ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

“အလုပ်က အမျိုးသားနှစ်ယောက် ဆိုင်ကယ်နဲ့ သွားလာရမယ့် အလုပ်ဖြစ်မယ်ဆိုရင် လာမယ့် ဖေဖော်ဝါရီမှာစပြီး ရုံးကိုလာပြီး တင်ပြလို့ရပြီဆိုပြီး ပြောလာတယ်။ အလုပ်အတွက်လည်း လိုအပ်နေတော့ သွားတော့လုပ်ကြည့်ရမှာပေါ့၊ ဘာတွေလိုအပ်မယ် ဆိုတာတော့ မသိသေးဘူး”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ဆိုင်ကယ်ပေါ်ကနေ ဖောက်ခွဲရေး လုပ်နေတာတွေကြောင့် ဆိုင်ကယ်စီးရာမှာ အမျိုးသားနှစ်ယောက် မစီးဖို့၊ အမျိုးသမီးနောက်မှာ အမျိုးသား မလိုက်ရဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက မန္တလေးမြို့မှာ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးရဆိုတဲ့ တားမြစ်ချက်ကို စစ်ကောင်စီက တစ်နိုင်ငံလုံးနီးပါးမှာ ထုတ်ပြန်ထားပြီး အမျိုးသားနှစ်ယောက် စီးလာရင် သေနတ်နဲ့ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၉ ရက် မနေ့က အောင်မြေသာစံမြို့နယ် ၁၉ လမ်း ၈၆ လမ်းနဲ့ ၈၇ လမ်းပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးလာပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့လို့ စစ်သား တစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်ကလည်း မန္တလေးမြို့ ၆၂ လမ်းပေါ်က ကုတင် ၃၀၀ ဆေးရုံရှေ့မှာ ဇနီး မောင်နှံနှစ်ယောက် ဆိုင်ကယ်စီးလာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခံရလို့ နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။

(လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်းသူတချို့ကို ၂၀၂၁ အောက်တိုဘာ ၁၃ ရက်နေ့က တွေ့ရစဉ်)

Zawgyi

ဆိုင္ကယ္ေပၚမွာ အမ်ိဳးသားႏွစ္ေယာက္ စီးနင္းခ်င္ပါက စီးနင္းခြင့္ ေလွ်ာက္ထားႏိုင္

ဆိုင္ကယ္ေပၚမွာ အမ်ိဳးသားႏွစ္ေယာက္ စီးခြင့္ရဖို႔အတြက္ စစ္ေကာင္စီရဲ႕ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ဆီ စီးနင္းခြင့္ ေလွ်ာက္ထားရမယ္ဆိုၿပီး အုပ္ခ်ဳပ္ေရးအဖြဲ႕က အေၾကာင္းၾကားလာတယ္လို႔ မႏၲေလးၿမိဳ႕က လုပ္ငန္း႐ွင္ေတြက ေျပာပါတယ္။

ေဖေဖာ္ဝါရီလကစၿပီး တင္ျပခြင့္ရမယ္ဆိုလို႔ လုပ္ငန္းလိုအပ္ခ်က္အရ သြားေလွ်ာက္ၾကည့္မယ္လို႔ အမည္မေဖာ္လိုတဲ့ မႏၲေလးၿမိဳ႕က အေၾကာ္စုံ လုပ္ငန္း႐ွင္တစ္ေယာက္က ေျပာပါတယ္။

“အလုပ္က အမ်ိဳးသားႏွစ္ေယာက္ ဆိုင္ကယ္နဲ႔ သြားလာရမယ့္ အလုပ္ျဖစ္မယ္ဆိုရင္ လာမယ့္ ေဖေဖာ္ဝါရီမွာစၿပီး ႐ုံးကိုလာၿပီး တင္ျပလို႔ရၿပီဆိုၿပီး ေျပာလာတယ္။ အလုပ္အတြက္လည္း လိုအပ္ေနေတာ့ သြားေတာ့လုပ္ၾကည့္ရမွာေပါ့၊ ဘာေတြလိုအပ္မယ္ ဆိုတာေတာ့ မသိေသးဘူး”

စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ ဌာနဆိုင္ရာ႐ုံးေတြကို ဆိုင္ကယ္ေပၚကေန ေဖာက္ခြဲေရး လုပ္ေနတာေတြေၾကာင့္ ဆိုင္ကယ္စီးရာမွာ အမ်ိဳးသားႏွစ္ေယာက္ မစီးဖို႔၊ အမ်ိဳးသမီးေနာက္မွာ အမ်ိဳးသား မလိုက္ရဆိုၿပီး ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက မႏၲေလးၿမိဳ႕မွာ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

အမ်ိဳးသားႏွစ္ေယာက္ ဆိုင္ကယ္မစီးရဆိုတဲ့ တားျမစ္ခ်က္ကို စစ္ေကာင္စီက တစ္ႏိုင္ငံလုံးနီးပါးမွာ ထုတ္ျပန္ထားၿပီး အမ်ိဳးသားႏွစ္ေယာက္ စီးလာရင္ ေသနတ္နဲ႔ပစ္ခတ္တာ၊ ဖမ္းဆီးတာေတြ လုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဇန္နဝါရီ ၂၉ ရက္ မေန႔က ေအာင္ေျမသာစံၿမိဳ႕နယ္ ၁၉ လမ္း ၈၆ လမ္းနဲ႔ ၈၇ လမ္းေပၚက ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ အမ်ိဳးသားႏွစ္ေယာက္ ဆိုင္ကယ္စီးလာၿပီး လက္ပစ္ဗုံးနဲ႔ ပစ္ခတ္ခဲ့လို႔ စစ္သား တစ္ေယာက္ ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာ ၁၂ ရက္ကလည္း မႏၲေလးၿမိဳ႕ ၆၂ လမ္းေပၚက ကုတင္ ၃၀၀ ေဆး႐ုံေ႐ွ႕မွာ ဇနီး ေမာင္ႏွံႏွစ္ေယာက္ ဆိုင္ကယ္စီးလာစဥ္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ေသနတ္နဲ႔ပစ္ခံရလို႔ ႏွစ္ေယာက္စလုံး ေသဆုံးခဲ့ပါတယ္။

(လား႐ိႈးၿမိဳ႕မွာ ဆိုင္ကယ္စီးနင္းသူတခ်ိဳ႕ကို ၂၀၂၁ ေအာက္တိုဘာ ၁၃ ရက္ေန႔က ေတြ႕ရစဥ္)

Leave a Reply

Your email address will not be published.