” အရပ်သားအစိုးရကို အာဏာမအပ်မချင်း မြန်မာဟာ ငြိမ်းချမ်းမှာမဟုတ်ပဲ မြန်မာပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ”

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ဟာ မြန်မာစစ်တပ်က အာဏာစွန့်ပြီး အရပ်သားအစိုးရကို လွှဲပြောင်းပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအား

ပြင်းထန်စွာဖိအားပေးဖို့ တောင်းဆိုလိုက်ပါတယ် ။ နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှု့တွေ ကျူးလွန်နေတာ တစ်နှစ်ကြာခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ တုံ့ပြန်မှု့တွေကို မေးခွန်းထုတ်လိုက်ပါတယ် ။

Bachelet က နိုင်ငံတကာအသိုင်းအဝိုင်းကို ပြောခဲ့တာကတော့
” ရဲရင့်တဲ့ စိတ်ပိုင်းဖြတ်ထားသူတွေ ၊ လူ့အခွင့်အရေးကာကွယ်သူတွေနဲ့ စကားပြောခဲ့ပါတယ် ။ နိုင်ငံတကာအနေနဲ့ ပစ်ပယ်မှု့မပြုဖို့ တောင်းဆိုချင်ပါတယ် ။ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးတွေကို မြန်မာစစ်တပ်က ချုပ်နှောင်ထားပါတယ် ။ ”

” မြန်မာစစ်တပ်ဟာ အတိုက်အခံတွေကို မတရားဖမ်းဆီးခဲ့တယ် ။ အတုအယောင် စုံစမ်းမှု့တွေပြုလုပ်ခဲ့တယ် ။ ပြည်သူတွေကို ပစ်မှတ်ထားပြီး နှိမ်နင်းတဲ့စစ်ဆင်ရေးတွေ ပြုလုပ်နေတယ် ။ သို့ပေမယ့် ရဲရင့်တဲ့ ပြည်သူတွေဟာ ဆက်လက်ဆန္ဒပြပြီး တော်လှန်နေကြတယ် ။ ”

” မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု့တွေကို OHCHR က မှတ်တမ်းတင်ထားပါတယ် ။ လက်နက်ကိုင်တော်လှန်မှု့တွေ မြင့်တက်လာပြီး နိုင်ငံရဲ့အနာဂတ်ကို ထိခိုက်နေပါတယ် ။ အကျဉ်းထောင်ထဲမှာ လူပေါင်း ၂၉ ၀ လောက်ဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့ပါတယ် ။

စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာ ဒေသခံလူထုကို အပြသ်ပေး အရေးယူမှု့တွေ လုပ်နေပါတယ် ။ ဆေးရုံ ၊ ဆေးခန်း ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို မီးရှို့ပါတယ် ။ ”

” အကျိုးသက်ရောက်မှု့တွေကတော့ မြန်မာပြည်သူတွေအတွက် ဆိုးရွားလှပါတယ် ။ လူဦးရေ ၅၄ သန်းရဲ့ ထက်ဝက်ဟာ အခုအချိန်မျာ ဆင်းရဲတွင်းထဲကို ကျရောက်နေပါတယ် ။

ပြည်သူတွေဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးအတွက် ရပ်တည်ပြီး ၊ အချင်းချင်း ကူညီ့့ပိုးကူညီရာမှာ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်ရှိမှု့ကို ပြသခဲ့ကြပါတယ် ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာပြည်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံဖို့နဲ့ ကူညီပေးဖို့ကို သံန္ဒိဋ္ဌာန်ချရမှာပါ ။ ”

” လွတ်ငြိမ်းခွင့် မပေးသရွေ့ မြန်မာနိုင်ငံတည်ငြိမ်ရေးဟာ စိတ်ကူးယဉ်ဆန်နေပါလိမ့်မယ် ။ ”

ဒါကတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုထားတာပါ ။

ဘကြီးအောင် LA
29 January,2022

Zawgyi

” အရပ္သားအစိုးရကို အာဏာမအပ္မခ်င္း ျမန္မာဟာ ၿငိမ္းခ်မ္းမွာမဟုတ္ပဲ ျမန္မာျပည္သူေတြကို ကူညီဖို႔ ႏိုင္ငံတကာကို ေတာင္းဆိုလိုက္တဲ့ လူ႕အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး ”

လူ႕အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet ဟာ ျမန္မာစစ္တပ္က အာဏာစြန္႔ၿပီး အရပ္သားအစိုးရကို လႊဲေျပာင္းေပးဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းအား

ျပင္းထန္စြာဖိအားေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္ ။ ႏိုင္ငံသားေတြအေပၚ အၾကမ္းဖက္မႈ႕ေတြ က်ဴးလြန္ေနတာ တစ္ႏွစ္ၾကာခဲ့ၿပီ ျဖစ္တဲ့အတြက္ ႏိုင္ငံတကာရဲ႕ တုံ႔ျပန္မႈ႕ေတြကို ေမးခြန္းထုတ္လိုက္ပါတယ္ ။

Bachelet က ႏိုင္ငံတကာအသိုင္းအဝိုင္းကို ေျပာခဲ့တာကေတာ့
” ရဲရင့္တဲ့ စိတ္ပိုင္းျဖတ္ထားသူေတြ ၊ လူ႕အခြင့္အေရးကာကြယ္သူေတြနဲ႔ စကားေျပာခဲ့ပါတယ္ ။ ႏိုင္ငံတကာအေနနဲ႔ ပစ္ပယ္မႈ႕မျပဳဖို႔ ေတာင္းဆိုခ်င္ပါတယ္ ။ ျမန္မာျပည္သူေတြရဲ႕ အခြင့္အေရးေတြကို ျမန္မာစစ္တပ္က ခ်ဳပ္ေႏွာင္ထားပါတယ္ ။ ”

” ျမန္မာစစ္တပ္ဟာ အတိုက္အခံေတြကို မတရားဖမ္းဆီးခဲ့တယ္ ။ အတုအေယာင္ စုံစမ္းမႈ႕ေတြျပဳလုပ္ခဲ့တယ္ ။ ျပည္သူေတြကို ပစ္မွတ္ထားၿပီး ႏွိမ္နင္းတဲ့စစ္ဆင္ေရးေတြ ျပဳလုပ္ေနတယ္ ။ သို႔ေပမယ့္ ရဲရင့္တဲ့ ျပည္သူေတြဟာ ဆက္လက္ဆႏၵျပၿပီး ေတာ္လွန္ေနၾကတယ္ ။ ”

” ျမန္မာစစ္တပ္ရဲ႕ စစ္ရာဇဝတ္မႈ႕ေတြကို OHCHR က မွတ္တမ္းတင္ထားပါတယ္ ။ လက္နက္ကိုင္ေတာ္လွန္မႈ႕ေတြ ျမင့္တက္လာၿပီး ႏိုင္ငံရဲ႕အနာဂတ္ကို ထိခိုက္ေနပါတယ္ ။ အက်ဥ္းေထာင္ထဲမွာ လူေပါင္း ၂၉ ၀ ေလာက္ဟာ ညႇဥ္းပန္းႏွိပ္စက္ခံရၿပီး ေသဆုံးခဲ့ပါတယ္ ။

စစ္ကိုင္းတိုင္း ၊ ခ်င္းျပည္နယ္ နဲ႔ ကရင္ျပည္နယ္ေတြမွာ ေဒသခံလူထုကို အျပသ္ေပး အေရးယူမႈ႕ေတြ လုပ္ေနပါတယ္ ။ ေဆး႐ုံ ၊ ေဆးခန္း ၊ စာသင္ေက်ာင္းနဲ႔ ဘာသာေရးအေဆာက္အအုံေတြကို မီး႐ိႈ႕ပါတယ္ ။ ”

” အက်ိဳးသက္ေရာက္မႈ႕ေတြကေတာ့ ျမန္မာျပည္သူေတြအတြက္ ဆိုး႐ြားလွပါတယ္ ။ လူဦးေရ ၅၄ သန္းရဲ႕ ထက္ဝက္ဟာ အခုအခ်ိန္မ်ာ ဆင္းရဲတြင္းထဲကို က်ေရာက္ေနပါတယ္ ။

ျပည္သူေတြဟာ သူတို႔ရဲ႕ အေျခခံလူ႕အခြင့္အေရးအတြက္ ရပ္တည္ၿပီး ၊ အခ်င္းခ်င္း ကူညီ့့ပိုးကူညီရာမွာ ရဲစြမ္းသတၱိနဲ႔ ခံႏိုင္ရည္႐ွိမႈ႕ကို ျပသခဲ့ၾကပါတယ္ ။ ႏိုင္ငံတကာအသိုင္းအဝိုင္းဟာ ျမန္မာျပည္သူေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ေထာက္ခံဖို႔နဲ႔ ကူညီေပးဖို႔ကို သံႏၵိ႒ာန္ခ်ရမွာပါ ။ ”

” လြတ္ၿငိမ္းခြင့္ မေပးသေ႐ြ႕ ျမန္မာႏိုင္ငံတည္ၿငိမ္ေရးဟာ စိတ္ကူးယဥ္ဆန္ေနပါလိမ့္မယ္ ။ ”

ဒါကေတာ့ လူ႕အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးက ႏိုင္ငံတကာအသိုင္းအဝိုင္းကို ေတာင္းဆိုထားတာပါ ။

ဘႀကီးေအာင္ LA
29 January,2022

Leave a Reply

Your email address will not be published.