နေပြည်တော်တွင်ပြုလုပ်သည့် မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲသို့ နစကဥက္ကဋ္ဌတက်ရောက်

နစကဥက္ကဋ္ဌ သည်ယနေ့ ဇန်နဝါရီ ၂၈ရက် နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ၂၀၂၂ ခုနှစ်၊ မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည်။

စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်ရည်ရွယ်၍ မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲကျင်းပခြင်းဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ၂၈ရက်ကစပြီး ၃ရက်တိုင်တိုင် ကျင်းပမည်ဟုသိရသည်။

နေပြည်တော် ကိုးရွာသပြေကုန်း အနီးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်

ယင်းပြိုင်ပွဲ၊ပြပွဲနှင့် ပတ်သတ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက” ဒီ မွေးမြူရေးတိရစ္ဆာန် ပြပွဲ၊ ပြိုင်ပွဲမှာ ဆိတ်၊ နွား၊ နို့စားကျွဲ၊ နွားတွေရော ပါဝင်မှာပါ။ ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယဆုတွေနဲ့ နှစ်သိမ့်ဆုတွေလဲ ပေးသွားမှာပါ။

ဆုကြေးကတော့ အမြင့်ဆုံး ငွေကျပ် ၆ သိန်းပေါ့။ အနိမ့်ဆုံးက တစ်သိန်းကနေစမှပါ။ ပြပွဲမှာ တိရစ္ဆာန်ထုတ်ကုန်တွေဖြစ်တဲ့ အသားခြောက်တို့၊ နိုနဲ့နို့ထွက်ပစ္စည်းတို့ တွေရော ပါဝင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါပြပွဲ၊ ပြိုင်ပွဲတွင် တိရစ္ဆာန်ကူးစက်ရောဂါများကင်းရှင်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပြပွဲ၊ ပြိုင်ပွဲကျင်းပမည့်နေရာနှင့် (၅)ကီလိုမီတာအဝန်းအဝိုင်း အတွင်းရှိ

ကျေးရွာ(၁၁)ရွာတို့တွင် တိရစ္ဆာန်ကူးစက်ရောဂါကင်းရှင်းမှုအခြေအနေအား စူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းကို (၂၃-၁၂-၂၀၂၁)ရက်မှ (၃၀-၁၂-၂၀၂၁) ရက်အထိ နမူနာပစ္စည်းများရယူ၍

စနစ်တကျဆောင်ရွက်ခဲ့ရာ ဓါတ်ခွဲခန်းစစ်ဆေးချက်များအရ အဆိုပါဒေသတွင် ခွာနာလျှာနာရောဂါ၊ အရေပြားအကျိတ်နာရောဂါ၊ ကျွဲနွားတီဘီရောဂါ၊ ဘရူဆဲလ်လာသားလျှောရောဂါနှင့်

ဆိတ်ပလိပ်ရောဂါများ ကင်းရှင်းလျက်ရှိသည့်ဒေသ အဖြစ် သတ်မှတ်နိုင်သည့် ရှေ့ပြေးစူးစမ်းထောက်လှမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Zawgyi

ေနျပည္ေတာ္တြင္ျပဳလုပ္သည့္ ေမြးျမဴေရးတိရစၧာန္ ျပပြဲ၊ ၿပိဳင္ပြဲသို႔ နစကဥကၠ႒တက္ေရာက္

နစကဥကၠ႒ သည္ယေန႔ ဇန္နဝါရီ ၂၈ရက္ နံနက္ပိုင္းက (၇၅)ႏွစ္ေျမာက္ စိန္ရတုျပည္ေထာင္စုေန႔အထိမ္းအမွတ္ ၂၀၂၂ ခုႏွစ္၊ ေမြးျမဴေရးတိရစၧာန္ျပပြဲ၊ ၿပိဳင္ပြဲသို႔ တက္ေရာက္ဖြင့္လွစ္ခဲ့သည္။

စိန္ရတုျပည္ေထာင္စုေန႔အထိမ္းအမွတ္ ေမြးျမဴေရးက႑ဖြံ့ၿဖိဳးတိုးတက္လာေစရန္ႏွင့္ ေမြးျမဴသူမ်ား၏ လူမႈစီးပြားဘဝဖြံ့ၿဖိဳးတိုးတက္လာေစေရး အတြက္ရည္ရြယ္၍ ေမြးျမဴေရးတိရစၧာန္ျပပြဲ၊ ၿပိဳင္ပြဲက်င္းပျခင္းျဖစ္ၿပီး ယခု ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီ၂၈ရက္ကစၿပီး ၃ရက္တိုင္တိုင္ က်င္းပမည္ဟုသိရသည္။

ေနျပည္ေတာ္ ကိုးရြာသေျပကုန္း အနီးတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက ဦးေဆာင္၍ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနႏွင့္ ျမန္မာနိုင္ငံေမြးျမဴေရးလုပ္ငန္းအဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္းက်င္းပသည့္

ယင္းၿပိဳင္ပြဲ၊ျပပြဲႏွင့္ ပတ္သတ္ၿပီး ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက တာဝန္ရွိသူတစ္ဦးက” ဒီ ေမြးျမဴေရးတိရစၧာန္ ျပပြဲ၊ ၿပိဳင္ပြဲမွာ ဆိတ္၊ ႏြား၊ နို႔စားကၽြဲ၊ ႏြားေတြေရာ ပါဝင္မွာပါ။ ၿပိဳင္ပြဲမွာ ပထမ၊ ဒုတိယ၊ တတိယဆုေတြနဲ႔ ႏွစ္သိမ့္ဆုေတြလဲ ေပးသြားမွာပါ။

ဆုေၾကးကေတာ့ အျမင့္ဆုံး ေငြက်ပ္ ၆ သိန္းေပါ့။ အနိမ့္ဆုံးက တစ္သိန္းကေနစမွပါ။ ျပပြဲမွာ တိရစၧာန္ထုတ္ကုန္ေတြျဖစ္တဲ့ အသားေျခာက္တို႔၊ နိုနဲ႔နို႔ထြက္ပစၥည္းတို႔ ေတြေရာ ပါဝင္မွာျဖစ္ပါတယ္” ဟု ေျပာသည္။

အဆိုပါျပပြဲ၊ ၿပိဳင္ပြဲတြင္ တိရစၧာန္ကူးစက္ေရာဂါမ်ားကင္းရွင္းစြာျဖင့္ ေအာင္ျမင္စြာ က်င္းပနိုင္ရန္အတြက္ ျပပြဲ၊ ၿပိဳင္ပြဲက်င္းပမည့္ေနရာႏွင့္ (၅)ကီလိုမီတာအဝန္းအဝိုင္း အတြင္းရွိ

ေက်းရြာ(၁၁)ရြာတို႔တြင္ တိရစၧာန္ကူးစက္ေရာဂါကင္းရွင္းမႈအေျခအေနအား စူးစမ္းေထာက္လွမ္းျခင္းလုပ္ငန္းကို (၂၃-၁၂-၂၀၂၁)ရက္မွ (၃၀-၁၂-၂၀၂၁) ရက္အထိ နမူနာပစၥည္းမ်ားရယူ၍

စနစ္တက်ေဆာင္ရြက္ခဲ့ရာ ဓါတ္ခြဲခန္းစစ္ေဆးခ်က္မ်ားအရ အဆိုပါေဒသတြင္ ခြာနာလၽွာနာေရာဂါ၊ အေရျပားအက်ိတ္နာေရာဂါ၊ ကၽြဲႏြားတီဘီေရာဂါ၊ ဘ႐ူဆဲလ္လာသားေလၽွာေရာဂါႏွင့္

ဆိတ္ပလိပ္ေရာဂါမ်ား ကင္းရွင္းလ်က္ရွိသည့္ေဒသ အျဖစ္ သတ္မွတ္နိုင္သည့္ ေရွ႕ေျပးစူးစမ္းေထာက္လွမ္းျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

 

Leave a Reply

Your email address will not be published.