သမိုင်းဝင် ပြည်သူ့ညီလာခံတွင် ကိုယ်စားလှယ် ​၄၀၀ ဝန်းကျင်တက်​ရောက်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကပြုလုပ်​သော ပထမအကြိမ် ပြည်သူ့ညီလာခံဖွင့်ပွဲတွင် တက်​ရောက်သူ​ ကိုယ်စားလှယ် ၄၀၀ ဝန်းကျင်ရှိ​ကြောင်းတက်​ရောက်သူအချို့က ပြောသည်။

ပထမဆုံးအကြိမ်ပြုလုပ်​သော ပြည်သူ့ညီလာခံဖွင့်ပွဲကို အွန်လိုင်းမှ ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး NUCC အဖွဲ့ဝင်များ၊ ဖိတ်ကြားထား​သော ပြည်တွင်းပြည်ပမှအထူးဧည်သည်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များလည်းတက်​ရောက်ခဲ့​ကြောင်း သိရသည်။


NUCC တွင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အပါအဝင် ကိုယ်စားလှယ်အဖွဲ့​ပေါင်း ၂၈ ဖွဲ့ ထိစုစည်းမိ​နေပြီဖြစ်​ကြောင်း ၂၀၂၁ နှစ်ကုန်ပိုင်းတွင်​ပြုလုပ်​သောသတင်းစာရှင်းလင်း​ပွဲတွင်​ပြောကြားထားသည်။ ထူးခြားချက်မှာ ပြည်သူ့ညီလာခံဖွင့်ပွဲတွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ၊

တအာင်း(ပလောင်)အမျိုးသားအတိုင်ပင်ခံကောင်စီ ၊အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားပြုသူများတက်​ရောက်မိန့်ခွန်း​ပြောကြားခဲ့သလို ၊ အထူးဧည်သည်​တော်အဖြစ် ရခိုင်အမျိုးသားကောင်စီ(ANC) မှကိုယ်စားလှယ်တက်​ရောက်မိန့်ခွန်း​ပြောခဲ့သည်ကိုလည်း​တွေ့ရသည်။

ထို​ကြောင့် ယခင် NUCC သတင်းစာရှင်းလင်းပွဲများတွင်
မပါဝင်​သော အဖွဲ့များစွာ ပြည်သူ့ညီလာခံသို့ ပိုမိုတက်​ရောက်လာခဲ့ခြင်းဖြစ်သည်။

●သမိုင်းဝင်ပြည်သူညီလာခံမှာဘယ်သူ​တွေမိန့်ခွန်း​ပြောကြသလဲ

စစ်အာဏာရှင်စနစ် ဖြုတ်ချရန် ၊ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ထူ​ထောင်ရန် ကြိုးပမ်းမှုတွင် နိုင်ငံ​ရေးအရ အမြင့်ဆုံးဦး​ဆောင်အဖွဲ့အစည်းဖြစ်​သော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ကပြုလုပ်​သော ပထမဆုံးအကြိမ်ပြည်သူ့ ညီလာခံဖွင့်ပွဲတွင် အွန်လိုင်းမှပြုလုပ်​သော်လည်းတက်​ရောက်သူများပြားသလို မိန့်ခွန်း​ပြောကြားသူလည်း ၂၂ ဦးရှိသည်။မိန့်ခွန်း​ပြောကြားခဲ့​သည့် ကိုယ်စားလှယ်များမှာ

၁-NUCCကိုယ်စား နွေဦးတော်လှန်ရေး သပိတ်အင်အားစုများ၏ ကိုယ်စားလှယ် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုခန့်ဝေဖြိုး

၂-NUCCကိုယ်စား နွေဦးတော်လှန်ရေး CDM အင်အားစုများ၏ ကိုယ်စားလှယ် ဆရာကိုနောင်ချို

၃-ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်

၄-တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်

၅-သပိတ်ကော်မတီများ၊ CDM အင်အားစုများ၊ CSOများ အစရှိသည့် နွေဦးတော်လှန်ရေးအင်အားစုများ ကိုယ်စား ဦးမင်းကိုနိုင်

၆-နွေဦးတော်လှန်ရေးအင်အားစုများ GSCB မှ မအေးမြင့်အောင်​အောင်

၇-ပြည်နယ် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီ အစုအဖွဲ့မှ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဋ္ဌ ခွန်မြင့်ထွန်း

၈-နိုင်ငံရေးပါတီအစုအဖွဲ့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာခင်ဆောင်

၉-အထူးဖိတ်ကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလာ

၁၀-အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စား ရပ်ဝန်းသစ်အဖွဲ့မှ Zနန်ရော်

၁၁-အထူးဖိတ်ကြားထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း

၁၂-ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ကိုယ်စား ချင်းအမျိုးသားတပ်ဦး(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး

၁၂-အထူးဖိတ်ကြားထားသည့် ရခိုင်အမျိုးသားကောင်စီ(ANC) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းထွန်း

၁၄-အထူးဖိတ်ကြားထားသည့် အမျိုးသမီးများအဖွဲ့ချုပ်(WLB) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ

၁၅-မွန်ပြည်နယ် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ နိုင်သု၀ဏ္ဏ

၁၆-အထူးဖိတ်ကြားထာသည့် ဧည့်သည်တော် ကုလသမဂ္ဂမြန်မာနိူင်ငံဆိုင်ရာလူ့အခွင့်အ​ရေး​ကြေညာစာတမ်းတင်သွင်းသူ မစ္စတာတွမ်အင်ဒရူး

၁၇-အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ကိုနန်းလင်း

၁၈-လူထုအခြေပြု အထွေထွေသပိတ်ကော်မတီမှ မသဉ္ဇာရွှန်းလဲ့ရည်

၁၉-လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီမှ ဆလိုင်းဝီလျန်

၂၀-တအာင်း(ပလောင်)အမျိုးသားအတိုင်ပင်ခံကောင်စီမှ မိုင်းနိုင်အောင်မိုး

၂၁-အထူးဖိတ်ကြားထာသည့်International Trade Union Confederation အထွေထွေအတွင်းရေးမှူးချုပ်
မစ္စရှာရန်ဘူရို

၂၂ -အလုပ်သမားများသမဂ္ဂကိုယ်စား ဦးနန္ဒစစ်အောင်
တို့က အသီးသီးမိန့်ခွန်း​ပြောကြားခဲ့ကြခြင်းဖြစ်သည်။

●ညီလာခံတွင် အချက် ၃ ချက်အဓိကဆွေးနွေးဆုံးဖြတ်မည်

NUCC တွင် CRPH အပါအဝင် ရွေးကောက်ပွဲလွှတ်တော်ကိုယ်စား လှယ်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊

နိုင်ငံ့ဝန်ထမ်း CDM များ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်ဖက်ဒရယ်ယူနစ်ကိုယ်စားပြုကော်မတီဝင်များ ပါဝင်သည်။

ဇန်နဝါရီ ၂၇ ရက်မှ ယ​နေ့အထိ့ (ဇန်နဝါရီ ၂၉) ကျင်းပ​နေ​သောပထမအကြိမ် ပြည်သူ့ညီလာခံတွင် NUCC က ၁၀ လကျော် အချိန်ယူပြင်ဆင်ရေးဆွဲခဲ့သည့် ဖက်ဒရယ်ချာတာကိုအတည်ပြုရေး၊ NUCC လုပ်ငန်းလမ်းညွှန်၊ ဖွဲ့စည်းခြင်းကို အတည်ပြုရေး နှင့် NUG အစိုးရအဖွဲ့ကို အတည်ပြုရေး စသည့် လုပ်ငန်းစဉ် ၃ ရပ်ကို အဓိကဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်။

ညီလာခံ​မှာယ​နေ့ပြီးဆုံးမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၀ တွင်ပြုလုပ်မည်ဖြစ်သည်။

ညီလာခံဖွင့်ပွဲအခမ်းအနားမိန်းခွန်းများကိုအပြည့်အ
စုံကြည့်ရှုလို့ပါက ​​အောက်ပါလင့်တွင်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published.