လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲကတော့ မြန်မာပရိသတ်တွေကြည့်ဖူးနေကျမဟုတ်တဲ့ သဘာဝလွန်ဇာတ်လမ်းအမျိုးအစားဖြစ်တာကြောင့် ကြိုက်နှစ်သက်သူပရိသတ်အများအပြားရရှိနေတာပဲဖြစ်ပါတယ်။ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲဟာ ဇာတ်လမ်းဇာတ်အိမ်တောင့်တင်းတင်းခိုင်မာရုံသာမကပဲ ပါဝင်ကြတဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီတိုင်းကလည်း တော်ကြတာမို့ ပရိသတ်တွေအသည်းစွဲဖြစ်နေတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲဟာ ဗိုလ်ချုပ်အောင်လင်းဒွေးရဲ့တူမပါဝင်သရုပ်ဆောင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ရရှိနေတာပဲဖြစ်ပါတယ်။ စုလင်းရှိန်ဟာ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲမှာ စကားမပြောတတ်တဲ့ မိန်းကလေး “ခတ္တာ”နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

“စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲဟာ စစ်အာဏာသိမ်းမှုဖြစ်စဉ်မတိုင်ခင် လွန်ခဲ့တဲ့ (၂) နှစ်ကတည်းက ရိုက်ကူးထားတာဖြစ်ပေမယ့် ပရိသတ်တွေကတော့ အခုထုတ်လွှင့်မှုမှာ စုလင်းရှိန်ပါဝင်နေတာကြောင့် “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲနဲ့ MRTV 4 ရုပ်သံလိုင်းတို့ကို Boycott လုပ်ဖို့ ပြောဆိုနေကြတာပဲဖြစ်ပါတယ်။

=========





Leave a Reply

Your email address will not be published.