ကရင်နီပြည်၌ စစ်တပ်၏ကျူးလွန်မှုများအပါအဝင် မြန်မာ့အရေးဆိုးရွားလာမှု ပြင်သစ်စိုးရိမ်

ကရင်နီပြည်နယ်၌ စစ်တပ်၏ကျူးလွန်မှုများအပါအဝင် မြန်မာ့အရေးဆိုးရွားသည့်အခြေအနေကို လွန်စွာစိုးရိမ်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian က ပြောသည်

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘော ဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဇန်နဝါရီ ၂၈ ရက်တွင် ဆက်သွယ်ကာ မြန်မာ့အရေးဆွေးနွေးခဲ့ ပြီး အကျပ်အတည်းဖြေရှင်းရေး အာဆီယံ၏လုပ်ဆောင်မှုများကို ပြင်သစ်၏ အားပေးကူညီမှုကို ထပ်လောင်းပြောကြားသည်

အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး စတင်အကောင်အထည်ဖော်ခြင်းအပါအဝင် အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်ရန်လိုအပ်မှုကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အလေးပေးဆွေးနွေးသည်

ဆေးဝါးဆိုင်ရာပစ္စည်းများပေးပို့ရာတွင် မြန်မာစစ်ကောင်စီက အတားအဆီးများထပ်မံလုပ်ဆောင်နေချိန်တွင် ဘေးကင်းလုံခြုံရေးလိုအပ်ချက်နှင့် လူသားချင်းစာနာမှုအကူအညီကို ချက်ချင်းပေးရေးတို့ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုသည်

ထို့အပြင် ပြင်သစ်သည် အာဆီယံအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂအတွင်းရေးချုပ်၏ အထူးကိုယ်စားလှယ်တို့၏ မြန်မာ့အရေးဖြေရှင်းရေးလုပ်ဆောင်မှုများကို အပြည့်အဝထောက်ခံကြောင်း ထပ်လောင်းအတည်ပြုသည်

ကရင္နီျပည္၌ စစ္တပ္၏က်ဴးလြန္မႈမ်ားအပါအဝင္ ျမန္မာ့အေရးဆိုးရြားလာမႈ ျပင္သစ္စိုးရိမ္

ကရင္နီျပည္နယ္၌ စစ္တပ္၏က်ဴးလြန္မႈမ်ားအပါအဝင္ ျမန္မာ့အေရးဆိုးရြားသည့္အေျခအေနကို လြန္စြာစိုးရိမ္ေၾကာင္း ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian က ေျပာသည္

ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီးသည္ အာဆီယံ၏ ျမန္မာနိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္၊ ကေမၻာ ဒီးယားနိုင္ငံျခားေရးဝန္ႀကီးႏွင့္ ဇန္နဝါရီ ၂၈ ရက္တြင္ ဆက္သြယ္ကာ ျမန္မာ့အေရးေဆြးေႏြးခဲ့ ၿပီး အက်ပ္အတည္းေျဖရွင္းေရး အာဆီယံ၏လုပ္ေဆာင္မႈမ်ားကို ျပင္သစ္၏ အားေပးကူညီမႈကို ထပ္ေလာင္းေျပာၾကားသည္

အားလုံးပါဝင္သည့္ နိုင္ငံေရးေတြ႕ဆုံေဆြးေႏြးေရး စတင္အေကာင္အထည္ေဖာ္ျခင္းအပါအဝင္ အာဆီယံ၏ဘုံဆုံးျဖတ္ခ်က္ ၅ ရပ္ အေကာင္အထည္ေဖာ္ရန္လိုအပ္မႈကို ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီးက အေလးေပးေဆြးေႏြးသည္

ေဆးဝါးဆိုင္ရာပစၥည္းမ်ားေပးပို႔ရာတြင္ ျမန္မာစစ္ေကာင္စီက အတားအဆီးမ်ားထပ္မံလုပ္ေဆာင္ေနခ်ိန္တြင္ ေဘးကင္းလုံျခဳံေရးလိုအပ္ခ်က္ႏွင့္ လူသားခ်င္းစာနာမႈအကူအညီကို ခ်က္ခ်င္းေပးေရးတို႔ကို ျပင္သစ္နိုင္ငံျခားေရးဝန္ႀကီးက ေတာင္းဆိုသည္

ထို႔အျပင္ ျပင္သစ္သည္ အာဆီယံအထူးကိုယ္စားလွယ္ႏွင့္ ကုလသမဂၢအတြင္းေရးခ်ဳပ္၏ အထူးကိုယ္စားလွယ္တို႔၏ ျမန္မာ့အေရးေျဖရွင္းေရးလုပ္ေဆာင္မႈမ်ားကို အျပည့္အဝေထာက္ခံေၾကာင္း ထပ္ေလာင္းအတည္ျပဳသည္

 

Leave a Reply

Your email address will not be published.