







ဇန်နဝါရီ ၂၉ ၊ ၂၀၂၂၊ ခုခံတော်လှန်စစ်တွေနဲ့ အရှိန်မြင့်နေတဲ့အချိန်မှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဖြစ်သူ ဦးနိုင်ထူးအောင်ကတော့ မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်

မြို့သိမ်းတိုက်ပွဲတွေကတော့ ဖြစ်လာနိုင်ပါတယ် လို့ ကာကွယ်ရေးအတွင်းဝန် ဦးနိုင်ထူးအောင်က မြန်မာနောင်းသတင်းဌာနနဲ့ အင် တာဗျူးမှာ ပြောကြားထားတာပါ

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကတော့ စစ်ကောင်စီလို ပြည်သူတွေ ဘယ်လောက်ထိထိဆိုတဲ့ပုံစံမျိုးကို လုံးဝ ပြုကျင့်မှာမဟုတ်ဘဲ Standard Army တစ်ခုက လုပ်ဆောင်တဲ့ စံနှုန်းတွေအတိုင်းသာ လုပ်ဆောင်မယ်လို့ ပြောထားပါတယ်

မဟာဗျူဟာအရ ထည့်သွင်းစဉ်းစားရတဲ့ အချက်အလက်တွေအပေါ်မှာ စဉ်းစားပြီးမှပဲ ဆောင်ရွက်သွားဖို့ရှိမှာဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့လူထုကို နားလည်စေချင်ပါတယ်

လူထု ရုတ်တရက် စိတ်ဓာတ်တွေ တက်သွားရင် ပြီးရောဆိုပြီး ပြီးမှ စိတ်ဓာတ်ပြန်ပြုတ်ကျမဲ့ ကိစ္စမျိုးကို ကျွန်တော်တို့ မလုပ်ပါဘူး။ ခိုင်ခိုင်မာမာနဲ့ တစ်ဆင့်ချင်းပဲ လှမ်းသွားမှာဖြစ်ပါတယ် လို့ ဦးနိုင် ထူးအောင်က ပြောပါတယ်

မြို့သိမ်းတိုက်ပွဲတွေကို ပုံဖော်ရာမှာလည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်တွေ ထိရောက်အောင်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်

ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကိုယ်ဘက်က တပ်သားအကျအဆုံး အ နည်းဆုံးဖြစ်အောင်၊ လ. က်န. က်ခဲ. ယ. မ်းကုန်ကျမှု အနည်းဆုံးဖြစ်အောင်တွေကအစတွက်ချက်ထားတယ်လို့လည်း မှတ်ချက်ပေး ထားပါတယ်

စစ်ရေးမဟာဗျူဟာအရလည်း မြို့ပြပြောက်ကျားစနစ်လည်း ရှိနေဦးမှာဖြစ်ပြီးတယ်လို့လည်း ကာကွယ်ရေးအတွင်းဝန်က ပြောကြားထားပါသေးတယ် Credit- Spring

Leave a Reply

Your email address will not be published.