ကိုးကန့်၊ တအာင်း၊ ရခိုင်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် မိုင်းယော်ဒေသ၌ တိုက်ပွဲပြင်းထန်

လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီတပ်တို့အကြား ရှမ်းမြောက် မုံးကိုး၊ သိန္နီ၊ ကွတ်ခိုင်နှင့် လားရှိုး ဒေသများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ယနေ့တွင် MNDAA၊ တအာင်းအဖွဲ့(TNLA)နှင့် ရခိုင်အဖွဲ့(AA) ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်လာခြင်းဖြစ်သည်။

“ တိုက်ပွဲက ဖြစ်တာတော့ဖြစ်နေတယ်။ ပြေးနေရတဲ့သူက ဖုန်းဆက်လာတယ်။ လေယာဉ်က ဒီညနေမှာ ပျံသွားတယ်ပြောတယ်။ စစဖြစ်တာက AAနဲ့ ဖြစ်တယ်လို့ပြောတယ်။ အရင်က AAနဲ့ ဖြစ်ခဲ့တဲ့နေရာပေါ့။ မိုင်းယော်ဘက်မှာ စစ်ကောင်စီက ထိုးတက်လာတော့ ဖြစ်တာ။ ဖြစ်တော့ ကိုးကန့်အဖွဲ့ကလည်း လာကူတယ်၊ TNLA အဖွဲ့ကလည်း လာတော့ သုံးဖွဲ့ပေါင်းပြီးဖြစ်တာပေါ့” ဟု ရှမ်းမြောက်ဒေသခံက ပြောသည်။

အသေးစိတ်အခြေအနေကို မသိရသော်လည်း ယနေ့ တစ်နေ့လုံး တိုက်ပွဲပြင်းထန်နေသည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာတွင်လည်း ဇန်နဝါရီ ၂၈ရက် နေ့လည်ပိုင်းမှစ၍ MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံကို ကိုးကားပြီး ရွှေဖီမြေသတင်းဌာနက ဖော်ပြထားသည်။

ယမန်နေ့ ဇန်နဝါရီ ၂၇ရက်ကလည်း ပန်ဆေးနှင့် ကုန်းဆာရွာကြားတွှင်လည်း MNDAAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Zawgyi

ကိုးကန္႔၊ တအာင္း၊ ရခိုင္ပူးေပါင္းအဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္ မိုင္းေယာ္ေဒသ၌ တိုက္ပြဲျပင္းထန္

လား႐ိႈးၿမိဳ႕နယ္ မိုင္းေယာ္ေဒသတြင္ ေျမာက္ပိုင္းညီေနာင္မဟာမိတ္သုံးဖြဲ႕ႏွင့္ စစ္ေကာင္စီတပ္တို႔ ယေန႔ တိုက္ပြဲျပင္းထန္ခဲ့ေၾကာင္း ႐ွမ္းေျမာက္ေဒသခံတစ္ဦးက ေျပာသည္။

ကိုးကန္႔လက္နက္ကိုင္တပ္ဖြဲ႕(MNDAA)ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ႐ွမ္းေျမာက္ မုံးကိုး၊ သိႏၷီ၊ ကြတ္ခိုင္ႏွင့္ လား႐ိႈး ေဒသမ်ား၌ တိုက္ပြဲမ်ား မၾကာခဏ ျဖစ္ပြားေနၿပီး ယေန႔တြင္ MNDAA၊ တအာင္းအဖြဲ႕(TNLA)ႏွင့္ ရခိုင္အဖြဲ႕(AA) ပူးေပါင္းၿပီး စစ္ေကာင္စီကို တိုက္ခိုက္လာျခင္းျဖစ္သည္။

“ တိုက္ပြဲက ျဖစ္တာေတာ့ျဖစ္ေနတယ္။ ေျပးေနရတဲ့သူက ဖုန္းဆက္လာတယ္။ ေလယာဥ္က ဒီညေနမွာ ပ်ံသြားတယ္ေျပာတယ္။ စစျဖစ္တာက AAနဲ႔ ျဖစ္တယ္လို႔ေျပာတယ္။ အရင္က AAနဲ႔ ျဖစ္ခဲ့တဲ့ေနရာေပါ့။ မိုင္းေယာ္ဘက္မွာ စစ္ေကာင္စီက ထိုးတက္လာေတာ့ ျဖစ္တာ။ ျဖစ္ေတာ့ ကိုးကန္႔အဖြဲ႕ကလည္း လာကူတယ္၊ TNLA အဖြဲ႕ကလည္း လာေတာ့ သုံးဖြဲ႕ေပါင္းၿပီးျဖစ္တာေပါ့” ဟု ႐ွမ္းေျမာက္ေဒသခံက ေျပာသည္။

အေသးစိတ္အေျခအေနကို မသိရေသာ္လည္း ယေန႔ တစ္ေန႔လုံး တိုက္ပြဲျပင္းထန္ေနသည္ဟု ၾကားရေၾကာင္း ၎က ဆိုသည္။

႐ွမ္းေျမာက္ ကြတ္ခိုင္ၿမိဳ႕နယ္ ကုန္းဆာ႐ြာတြင္လည္း ဇန္နဝါရီ ၂၈ရက္ ေန႔လည္ပိုင္းမွစ၍ MNDAAႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျပင္းထန္ေနေၾကာင္း ေဒသခံကို ကိုးကားၿပီး ေ႐ႊဖီေျမသတင္းဌာနက ေဖာ္ျပထားသည္။

ယမန္ေန႔ ဇန္နဝါရီ ၂၇ရက္ကလည္း ပန္ေဆးႏွင့္ ကုန္းဆာ႐ြာၾကားတႊင္လည္း MNDAAႏွင့္ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲျဖစ္ခဲ့သည္ဟု ဆိုသည္။

Leave a Reply

Your email address will not be published.