မင်းတပ်မှာ စစ်ဘေးရှောင်တွေ နေအိမ်ပြန်မလာရင် အိမ်တွေချိပ်ပိတ်မယ်လို့ စစ်ကောင်စီကြေညာေ ဒသခံအများစု စစ်ဘေးတိမ်းရှောင်နေကြတဲ့ ချင်းပြည်နယ်မင်းတပ်မြို့မှာ

ဒေသခံတွေ နေအိမ်ကိုပြန်လာနေထိုင်တာမလုပ်ရင် အိမ်တွေကို ပြည်သူပိုင်သိမ်းယူပြီး ချိပ်ပိတ်မယ်လို့ စစ်ကောင်စီဘက်က လိုက်ကြေညာတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်

စစ်ဘေးရှောင်နေတဲ့ ဒေသခံတွေနေအိမ်တွေကို ပြန်လာနေထိုင်ဖို့၊ အိမ်တွေကိုသန့်ရှင်းရေးလာလုပ်ဖို့နဲ့ ပြန်မလာရင် အိမ်တွေကို ချိပ်ပိတ်သော့ခတ်မယ်လို့လှည့်လှည်ကြေညာနေတယ်လို့ဒေသခံတွေကပြောပါတယ်

အခုလိုစစ်ကောင်စီဘက်က ဒေသခံတွေကို နေအိမ်တွေကိုပြန်လာနေထိုင်ဖို့ဖိအားပေးတဲ့အပြင် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာလည်းဆိုင်ပိတ်တဲ့ သူတွေကိုအရေးယူမှုတွေလုပ်မယ်လို့ ထည့်သွင်းကြေညာသွားတယ်လို ပြောပါတယ်

မင်းတပ်မြို့မိမြို့ဖတွေ ၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့တော့ ဒေသခံတွေပြန်လာရင် အန္တာရယ်ကင်းအောင် အကြိုအပို့တွေလုပ်ပေးဖို့နဲ့လမ်းမှာဖမ်းဆီးခံရတာတွေမဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးနေတယ်လို့ပြောပါတယ်

လက်ရှိမှာတော့ မင်းတပ်မြို့ကဒေသခံအများစုဟာ ကျေးရွာတွေကို စစ်ဘေးတိမ်းရှောင်နေပြီး မင်းတပ်-မတူပီလမ်းတလျှောက်မှာလည်း နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာကြောင့် သွားလာတာတွေမလုပ်ကြဘူးလို့ဒေသခံတွေကပြောပါတယ်

မနေ့ဇန်နဝါရီ ၂၇ ရက် ညပိုင်းမှာလည်း မင်းတပ်မြို့မြောက်ဘက်မှာ ပစ်ခတ်သံတွေကြားနေရပြီး ဒေသခံအများစုကတော့ မြို့မှာပြန်လည်နေထိုင်ဖို့စိုးရိမ်စိတ်ပူမှုတွေရှိနေတယ်လို့ဒေသခံတွေ ကပြောပါတယ် Credit- ဘီဘီစီမြန်မာပိုင်း

=======

မင္းတပ္မွာ စစ္ေဘးေရွာင္ေတြ ေနအိမ္ျပန္မလာရင္ အိမ္ေတြခ်ိပ္ပိတ္မယ္လို႔ စစ္ေကာင္စီေၾကညာေ ဒသခံအမ်ားစု စစ္ေဘးတိမ္းေရွာင္ေနၾကတဲ့ ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕မွာ

ေဒသခံေတြ ေနအိမ္ကိုျပန္လာေနထိုင္တာမလုပ္ရင္ အိမ္ေတြကို ျပည္သူပိုင္သိမ္းယူၿပီး ခ်ိပ္ပိတ္မယ္လို႔ စစ္ေကာင္စီဘက္က လိုက္ေၾကညာတာေတြရွိတယ္လို႔ေဒသခံေတြကေျပာပါတယ္

စစ္ေဘးေရွာင္ေနတဲ့ ေဒသခံေတြေနအိမ္ေတြကို ျပန္လာေနထိုင္ဖို႔၊ အိမ္ေတြကိုသန႔္ရွင္းေရးလာလုပ္ဖို႔နဲ႔ ျပန္မလာရင္ အိမ္ေတြကို ခ်ိပ္ပိတ္ေသာ့ခတ္မယ္လို႔လွည့္လွည္ေၾကညာေနတယ္လို႔ေဒသခံေတြကေျပာပါတယ္

အခုလိုစစ္ေကာင္စီဘက္က ေဒသခံေတြကို ေနအိမ္ေတြကိုျပန္လာေနထိုင္ဖို႔ဖိအားေပးတဲ့အျပင္ လာမယ့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာလည္းဆိုင္ပိတ္တဲ့ သူေတြကိုအေရးယူမႈေတြလုပ္မယ္လို႔ ထည့္သြင္းေၾကညာသြားတယ္လို ေျပာပါတယ္

မင္းတပ္ၿမိဳ႕မိၿမိဳ႕ဖေတြ ၊ ဘာသာေရးေခါင္းေဆာင္ေတြအေနနဲ႔ေတာ့ ေဒသခံေတြျပန္လာရင္ အႏၲာရယ္ကင္းေအာင္ အႀကိဳအပို႔ေတြလုပ္ေပးဖို႔နဲ႔လမ္းမွာဖမ္းဆီးခံရတာေတြမျဖစ္ေအာင္ ႀကိဳးစားေဆာင္ရြက္ေပးေနတယ္လို႔ေျပာပါတယ္

လက္ရွိမွာေတာ့ မင္းတပ္ၿမိဳ႕ကေဒသခံအမ်ားစုဟာ ေက်းရြာေတြကို စစ္ေဘးတိမ္းေရွာင္ေနၿပီး မင္းတပ္-မတူပီလမ္းတေလၽွာက္မွာလည္း ႏွစ္ဖက္တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ သြားလာတာေတြမလုပ္ၾကဘူးလို႔ေဒသခံေတြကေျပာပါတယ္

မေန႔ဇန္နဝါရီ ၂၇ ရက္ ညပိုင္းမွာလည္း မင္းတပ္ၿမိဳ႕ေျမာက္ဘက္မွာ ပစ္ခတ္သံေတြၾကားေနရၿပီး ေဒသခံအမ်ားစုကေတာ့ ၿမိဳ႕မွာျပန္လည္ေနထိုင္ဖို႔စိုးရိမ္စိတ္ပူမႈေတြရွိေနတယ္လို႔ေဒသခံေတြ ကေျပာပါတယ္ Credit- ဘီဘီစီျမန္မာပိုင္း

Leave a Reply

Your email address will not be published.