အာဏာသိမ်းမှုဖြစ်ပွားအပြီး မြန်မာပြည်သူတွေဒုက္ခရောက်နေကြချိန် နိုင်ငံရေးအခြေအနေမကောင်းတာကို အခွင့်ကောင်းပြီး မသမာသူတွေက ခိုးယူ၊လုယက်မှုကိစ္စတွေလုပ်ဆောင်နေကြပါတယ်

လုယက်အသတ်ခံရတဲ့သတင်းတွေ၊ ရိုက်နှက်ပြီး ပစ္စည်းတွေလုယူခံရတဲ့ သတင်းတွေကိုလည်း စိတ်မကောင်းစွာနဲ့ မကြာခဏမြင်တွေ့နေရပါတယ် ဒိုက်ဦးနဲ့ညောင်လေးပင်အနီးတစ်ဝိုက်မှာ ကားလမ်းမကြီးပေါ် သံမှိုတွေချထားပြီး ကားဘီးပေါက်အောင်ပြုလုပ်ကာ မသမာသူတစ်ချို့က လုယက်ဖို့ကြံစည်နေကြပါတယ်

နှစ်လက်မခွဲသံမှိုအသစ်တွေကို လမ်းမပေါ်ချထားပြီး တက်နင်းမိလို့ ဘီးပေါက်သွားတဲ့ကားကြီးတွေကို ဆိုင်ကယ်တွေနဲ့လိုက်ကာ ရပ်ခိုင်းနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကားဆရာတစ်ဦးက ဖွင့်ဟလာခဲ့တာဖြစ်ပါတယ် တစ်ခြားသောကားဆရာတွေကလည်း အဆိုပါအဖြစ်အပျက်ကိုကြုံတွေ့ခဲ့ရ​ပြီး

ကားဘီးတွေပေါက်သွားခဲ့ရကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားပြောဆိုနေကြပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကားဆရာတစ်ဦးက ကားဘီးပေါက်သွားတယ်ဆိုပြီး ကားရပ်ခိုင်းနေရင် မရပ်ပေးကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်

ပြည်သူတစ်ဦးက ” (7.7.21)ရက်နေ့ ညပိုင်း ရန်ကုန်မှ မန္တလေးအတက်ကား များဒိုက်ဦးနဲ့ညောင်လေးပင် နားတစ်ပတ်လည်မှာ သံမှိုများ အဆူးခံထားရပါတယ် ကျနော်ကားဆို တာယာ (8)လုံးပေါက်ပြီး လိုင်နာ နှစ်ခု လဲလိုက်ရပါတယ် တစ်ချို့ကားဆရာတွေဆို တာယာတွေနှစ်လုံးစလုံး ကြေသွားတာတွေပါရှိပြီး ဘေးနှစ်ဖက်က

ဆိုင်ကယ်နဲ့ ညပ်မောင်းပြီး ကားဘီကြေတယ် ဆိုပြီး ရပ်ခိုင်းတာမျိုးတွေပါ ရှိပါတယ် သူတို့တွေကားသမားတွေကို လုဖို့ အကြံအစည်တွေရှိနိုင်ပါတယ် လုံးဝရပ်မပေးပါနဲ့ သံမှိုတွေက နှစ်လက်မခွဲ သံမှိုအသစ်တွေပါ သက်သက်လုပ်ကြံဖို့ချထားတာ ဖြစ်နိုင်ပါတယ် ကားဆရာ ညီအကိုများအားလုံး ညဘက်လမ်းခုလပ်တွေ မရပ်ပါနဲ့ ဂရုစိုက်ကြပါ “ဆိုပြီး ရေးသားထားခဲ့ပါတယ်

Leave a Reply

Your email address will not be published.