မနက်ခင်း အိပ်ရာထပြီးနောက် ဒါမှမဟုတ် ညအိပ်ရာမဝင်မီ သွားတိုက်လှမ်းယူတဲ့အခါ သွားတိုက်တံမှာ ရောဂါပိုးပါနိုင်ကြောင်း ကျွန်ုပ်တို့ ကောင်းကောင်းသဘောမသိကြပါဘူး
သုံးပြီးသား သွားတိုက်တံတွေမှာ ကူးစက်ရောဂါဖြစ်စေနိုင်ပြီး သာမာန်မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေ ပါဝင်ပါတယ်
မသန့်ရှင်းတဲ့ သွားပွတ်တံတစ်ချောင်းမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးများစွာ ရှိပါတယ်။ ဒါပေမယ့် မိမိသွားပွတ်တံကို သန့်ရှင်းပြီး ရောဂါပိုးကင်းဝေးစေတဲ့ နည်းလမ်းများစွာ တွေ့ပါလိမ့်မယ်
သွားတိုက်တံမကိုင်ခင် လက်ကို ဆပ်ပြာနဲ့ ရေနွေးနဲ့ မဖြစ်မနေဆေးကြောပေးသင့်ကြောင်း သိနားလည်ဖို့ လိုပါတယ်။ အဲဒီအပြင် သွားတိုက်တံကို အသုံးမပြုမီနဲ့ သုံးပြီးတိုင်း ရေနွေးနဲ့ ခေတ္တစိမ်ထားသင့်ပါတယ်
ရောဂါပိုးကင်းတဲ့ သွားပွတ်တံဖြစ်အောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းတွေက hydrogen peroxide လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေ (၁) ခွက်နဲ့ ရောစပ်ပြီး သွားပွတ်တံကို အသုံးမပြုခင် အဲဒီအရည်ထဲ အနည်းဆုံး စက္ကန့် ၃၀ စိမ်ထားပေးပါ
နောက် သွားတိုက်တံကို ရေနွေးနဲ့ ဆေးကြောသန့်စင်ရပါမယ်။ Hydrogen peroxide အစား အရက်ပြန်ပါတဲ့ ပလုတ်ကျင်းဆေးရည်ကို အသုံးပြုနိုင်ပါတယ်
နောက် သွားတိုက်တံ သန့်ရှင်းစေတဲ့ နည်းလမ်းကောင်းတစ်ခုက စိမ်ထားဖို့ပါပဲ။ သွားတိုက်တံကို ရှာလကာရည်စစ်စစ်နဲ့ စိမ်ထားတာက အလွန်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ
ရှာလကာရည်က ရောဂါပိုးနဲ့ ဘက်တီးရီးယားကို အဓိက ခြေမှုန်းပေးပါလိမ့်မယ်။ ပွက်ပွက်ဆူနေတဲ့ရေကိုလည်း အသုံးပြုနိုင်ပါတယ်
အင်မတန်လွယ်ကူတဲ့နည်းလမ်းတစ်ခုက ပွက်ပွက်ဆူနေတဲ့ရေနွေးခွက်တစ်ခုထဲ သွားတိုက်တံကို ထည့်ထားလိုက်ရုံပါပဲ
အထိရောက်ဆုံးဖြစ်ဖို့အတွက် ခွက်ထဲမှာ သွားတိုက်တံကို ၃ မိနစ်ကနေ ၅ မိနစ် ထားပေးရပါမယ်၏ Creddit: trend