အရှင်ဘုရားတပည့်တော်မမေးချင်တာလေးရှိလို့ပါဘုရားအရှင်ဘုရားဖြေပေးမယ်ဆိုရင်တကယ်ကိုဝမ်းသာမိမှာပါ

ဘုရား

တပည့်တော်မ တို့က အလုပ်ကို မနက် အစောကြီးသွား ညမိုးချုပ်မှ ပြန်ရောက်ပါတယ် ဘုရား ။ အလုပ် မသွားခင်မှာ ဆွမ်းတော်

နဲ့ သောက်တော်ရေချမ်းကို အမြဲ ကပ်လှူပါတယ်   ညမိုးချုပ် ပြန်ရောက်မှပဲ စွန့်ရပါတယ် ဘုရား ။အဲ့ဒီ့ အတွက် တပည့်တော်မ

စိတ်ထဲ မတင်မကျ ဖြစ်မိပါတယ် ။ ပြန်ရောက်မှ စွန့်ရတဲ့အတွက် ကုသိုလ်မရ ငရဲရမှာ ကြောက်ပါတယ် ဘုရား  မိုးချုပ်မှ

စွန့် ကောင်းလား ။ မစွန့် ကောင်းလား သိချင်ပါတယ် ဘုရား  ပန်းအိမ်စံ

လူတွေမှာ ရှစ်ပါး သီလ ဆောက်တည် ထားပါလျှင် ညစာ မစားရပါဘူး  ထို့ကြောင့် မြတ်စွာ ဘုရားရှင်ကို ဆွမ်းတော် တင်တာ

ကောင်းပါတယ် ။ ဒါပေမယ့် ၁၂ နာရီမကျော်ခင် စွန့်ပါလို့ အကြံပြု ပါတယ် ကိုယ်တိုင် မစွန့်နိုင် ပါလျှင် အိမ်မှာ ရှိသူ တစ်ဦးဦး

အား စွန့်ခိုင်း စေချင် ပါတယ်  သို့မဟုတ် ရုံးမသွားခင် အရုဏ် ဖြစ်ဖြစ် သော်လည်းကောင်း ၊ ချက်ပြုတ် ပြီးစီး လျှင်သော်

လည်းကောင်း ဆွမ်းတော် တင်ပြီး ရုံးသွားခါနီး စွန့်နိုင်ပါတယ်  ဒကာမ

ညနေ ထိတော့ မထားကောင်းပါ ။ အရုဏ်ဆွမ်း ကပ်လျှင်လည်း အရုဏ် တက်မှသာ ကပ်ကောင်း ပါ၏ ။ အရုဏ် မတက်ဘဲ

ကပ်ပါက ညဆွမ်းလို ဖြစ်ပြီး အပြစ်ဖြစ်နိုင်ပါသည်  အရုဏ် တက်ချိန်က လစဉ် ပြောင်းလဲလေ့ ရှိသဖြင့် အနည်းဆုံး လစဉ် နံနက်

၅း၃၀ လောက် ကပ်မှ သင့်တော်မည် ဖြစ်ပါသည်  ၄း၃၀ ၄း၄၀ ၅နာရီစသည်ဖြင့် အရုဏ်တက်ချိန် လစဉ် ပြောင်းလဲ လေ့

ရှိသည်ကို သတိပြု အပ်၏

ထို့ကြောင့် မယုတ် မလွန် လစဉ် နံနက်  ၅း၃၀  နာရီဆိုပါလျှင် ကပ်မည် ဆိုပါက လစဉ် လတိုင်း အဆင်ပြေမည် ဖြစ်ပါသည်

အဘယ့်ကြောင့် ဆိုသော် အကယ်၍  ၄း၃၀  ကို လစဉ် လတိုင်း ကပ်မည်ဆိုပါက  ၅  နာရီ ၊  ၅း၁၀ နာရီ စသည့် ဖြင့် အရုဏ် တက်သည့်

လများတွင် ကိုယ်က  ၄း၃၀  လစဉ် လတိုင်း ကပ်မိပါက ညဆွမ်းလို ဖြစ်ပြီး အပြစ်ဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်

အချုပ်အားဖြင့် နေ့ဆွမ်း ဆိုလျှင် နေ့လည် ၁၂ နာရီ မထိုးခင် စွန့်သင့်ပြီး အရုဏ်ဆွမ်း ဆိုပါလျှင် ရှေ့လွတ် ၊ နောက်လွတ်  ၅း၃၀

နာရီ လောက် ကပ်သင့်ကြောင်း ဖြေကြားလိုက်ပါသည် ။သစ်သီးဆွမ်း များကိုလည်း ထိုနည်းအတူ မှတ်ပါ  ရှေးက မသိခဲ့လို့

မစွန့်မိတာကို စိတ်ထဲ စွဲလန်း မထားဘဲ ယခု သိလိုက်သည့် အချိန်တွင် နောက်မလုပ်မိအောင်သာ ဂရုစိုက်ပါ  သက်ရှည်

ကျန်းမာ စိတ်ချမ်းသာ၍ လိုရာ ဆန္ဒများတစ်လုံး တစ်ဝတည်း ပြည့်ဝပါစေ

Credit အရှင်ဝိမလဝံသ  နာလန္ဒာတက္ကသိုလ်

Leave a Reply

Your email address will not be published. Required fields are marked *