တိုင်းပြည်ရဲ့အနာဂတ်အတွက်ရရာလက်နက်စွဲကိုင်ပြီးအာဏာရှင်ကိုတော်လှန်ဖို့ဆုံးဖြတ်ခဲ့တဲ့ပြည်သူ့ရဲဘော်တွေက

တော့ သူတို့ချစ်ရတဲ့သူတွေနဲ့ ခွဲခွာခဲ့ရတာ ဖြစ်ပါတယ် ။ ဒါပေမဲ့ တစ်ချို့ရဲဘော်တွေခမျာ

သူတို့ရဲ့မိသားစုဝင်တွေနဲ့ ရှင်ကွဲကွဲခဲ့ရတဲ့အပြင် သေကွဲပါကွဲခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိနေခဲ့တာ ဖြစ်ပါတယ်  ပြီးခဲ့တဲ့ ဇူလိုင်လ

၁၆  ရက်နေ့တုန်းကဆိုရင်လည်းရှေ့တန်းကရဲဘော်တစ်ဦးရဲ့မိခင်ဖြစ်သူကစစ်ဘေးရှောင်စခန်းမှာတင်ငဗစ်ကူးစက်ခံရပြီး

ကွယ်လွန်သွားရှာတာ ဖြစ်ပါတယ်

အဲ့ဒီရဲဘော်လေးကို သူ့ရဲ့မိခင်ကြီးက အစစအရာရာ နောက်ဆံမတင်းဖို့နဲ့ အာဏာရှင် သက်ဆိုးရှည်နေရင် နောက်မျိုးဆက်တွေအတွက် ရင်လေးနေရမယ်ဆိုပြီး မှာကြားခဲ့တာ ဖြစ်ပါတယ် ။ ပြည်သူ့ရဲဘော်တစ်ယောက်ဖြစ်သွားတဲ့

သားအတွက်အမြဲဂုဏ်ယူနေတဲ့မိခင်ကြီးကနောက်ဆုံးမှာတော့ငဗစ်ရောဂါဆိုးကြီးကြောင့်အောက်ဆီဂျင်ပြတ်လပ်ပြီးဆုံးပါး

သွားခဲ့ရပြီပဲ ဖြစ်ပါတယ်  အောက်ဆီဂျင်ဘူးဆိုတာတောင် မရှိတဲ့နေရာမှာ ရောဂါရဲ့ဒဏ်ကိုမခံနိုင်ဘဲ

ကွယ်လွန်သွားတဲ့မိခင်ကြီးရဲ့သတင်းကြားပြီး အဲ့ဒီရဲဘော်လေးခမျာ ကြေကွဲခံစားနေရတာပဲ ဖြစ်ပါတယ်


ရင်နင့်စရာကောင်းတဲ့ ဒီဖြစ်ရပ်လေးကတော့ ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းစေခဲ့တာ ဖြစ်ပါတယ်

။တစ်နေ့ထက်တစ်နေ့ ပိုမိုကူးစက်ပျံ့နှံ့လာတဲ့ ငဗစ် ရောဂါဆိုးရဲ့အန္တရာယ်ကြောင့် အခုဆိုရင် အသက်ဆုံးရှုံးလိုက်ရတဲ့

 

ပြည်သူတွေလည်း အများအပြားရှိနေခဲ့ပြီ ဖြစ်ပါတယ် ။ ငဗစ်ကြောင့် မိခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ရှေ့တန်းက

ပြည်သူ့ရဲဘော်တစ်ဦးရဲ့ဝမ်းနည်းစရာဖြစ်ရပ်အကြောင်းကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *