ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ကတော့ ဒီနေ့မှာ စားဝတ်နေရေးခက်ခဲပြီး ချို့တဲ့နေတဲ့ ပြည်သူတွေထံကို စားသောက်ကုန်တွေ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ခင်သဇင်ကတော့ အမှန်တကယ်လိုအပ်နေတဲ့သူတွေအတွက်ဆို အမြဲလိုလို သူတတ်နိုင်သလောက်ကူညီပေးလေ့ရှိပြီး စေတနာသဒ္ဓါတရားထက်သန်လွန်းလှသူပါ။
ဒီနေ့မှာလည်း ခင်သဇင်က လတ်တလော အခြေနေတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့ မိသားစုတွေအတွက် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဆီတို့ကို သူကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကပ်ရောဂါဖြစ်တဲ့ Covid ရောဂါကလည်း လတ်တလောမှာ ပြန်လည်ပြီး ကူးစက်မှုမြင့်မားနေခဲ့တဲ့အတွက် ကာကွယ်နိုင်ရန် Mask တွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။
ခင်သဇင်က သူနဲ့အတူတူ အခုလို အလှူလေးလှူဒါန်းနိုင်အောင် ပါဝင်လှူဒါန်းပေးကြတဲ့အလှူရှင်တွေရော လှူဒါန်းမှုမှာ လိုက်ပါကူညီဆောင်ရွက်ပေးကြသူတွေအားလုံးကိုပါဝင်ပေးကြသူတွေကိုပါ ကျေးဇူးတင်ကြောင်းလည်း မှတ်တမ်းတင်ဖော်ပြထားခဲ့ပါသေးတယ်။CeleZone ပရိသတ်ကြီးရေ ခင်သဇင်ရဲ့ကြည်နူးပီတိဖြစ်ဖွယ်အလှူပုံရိပ်လေးတွေကို CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Khin ThaZin