ဂီတလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အဆိုတော် ရေဗက္ကာဝင်းကတော့ လက်ရှိအခြေအနေတွေမှာ
အလုပ်အကိုင်ရပ်နားထားရလို့စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်လှူဒါန်းမှုတွေကိုဆက်တိုက်ပြုလုပ်
နေပြီး တတ်နိုင်သလောက်ပါဝင်နေတာလည်း ဖြစ်ပါတယ်
ပြည်သူတစ်ယောက်အနေနဲ့ ကျရာတာဝန်ထမ်းနေတဲ့ ရေဗက္ကာဝင်းကတော့ အခုလို ငဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့
ကာလမှာလည်း မြစ်ကြီးနားမြို့က ဆေးရုံမှာ အောက်ဆီဂျင် စက်ရုံဆောက်လုပ်ရန် အတွက် ပထမအကြိမ် ရန်ပုံငွေဈေးရောင်းပြီး
ရရှိတဲ့ ငွေတွေထဲက (၁၀) သိန်းတိတိကို ပါဝင် လှူဒါန်းခဲ့ကြောင်းဖော်ပြထားပါတယ်
အလှူလေးနဲ့ ပတ်သက်ပြီးလည်း ပထမအကြိမ် ရန်ပုံငွေစျေးရောင်းပြီးရတဲ့ အလှူငွေကို လှူဒါန်းခဲ့ပါတယ်ရှင်
တဆင့်သွားရောက်လှူဒါန်းပေးတဲ့ ချစ်လှစွာသော ပရဟိတမိခင် အဒေါ်ဖြစ်တဲ့ Dim Pre Lahpai Nangpri
ကိုလဲကျေးဇူးတင်ပါတယ် Charity Sale မှာ ပါဝင်လှူဒါန်း အားပေးကြတဲ့သူအယောက်စီတိုင်းလဲ စိတ်ချမ်းသာ
ကိုယ်ကျန်းမာပြီး ကပ်ကြီး၃ပါးကျော်လွှားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင် PS: Account ထဲက friend တွေကိုလဲ
spicy အနက်ရောင်တကယ်ပို့ပေးပါမယ် လိပ်စာလေးတွေ ပို့ထားပေးပါ ရေးသားထားရာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်
CRD – Cele Zone