အမေရိကန်နိုင်ငံFloridaပြည်နယ်မှအသက်၂၀အရွယ်ToryOjedaအမည်ရှိအမျိုးသမီးတစ်ဦးဟာသူမရဲ့ပုံမှန်မဟုတ်တဲ့အချစ်ရေး ကိစ္စကြောင့် မကြာသေးခင်ကonline မှာ လူအများရဲ့ အထူး အာရုံစိုက်မှု မစွာရရှိခဲ့ပါတယ်

Tory Ojeda ဟာ polyamorous  လူတစ်ဦးထပ်မနည်း ချစ်ကြိုက်ပြီး အားလုံးနဲ့ဆက်ဆံပေါင်းသင်းသူ တစ်ဦးဖြစ်ပြီး ချစ်သူရည်းစားလေးယောက်ရှိနေပါတယ်။ လက်ရှိ Tory Ojedaဟာ ကိုယ်ဝန်  ၇ လရှိနေပြီး ပိုထူးဆန်းတာကသူမအနေနဲ့ ကလေးအဖေက ဘယ်သူဖြစ်ကြောင်းကို သူမက သိနေကြောင်း ဆိုခဲ့ပါတယ်

Tory ဟာ သူမ အထက်တန်း ကျောင်းအရွယ်ကတည်းက အသက် ၁၈ နှစ်အရွယ် Marc နှင့်အကျွမ်းတဝင် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေခဲ့ပါတယ်

Marc နှင့် လအနည်းငယ်ကြာ တွဲပြီးနောက်အသက်၂၃ နှစ်အရွယ် Travis နှင့်ချိန်းတွေ့ခဲ့ပြီးသူတို့သုံးယောက်ဟာ နောက်ဆုံးမှာ စေ့စပ်ခဲ့ကြပါတယ်

ရွယ်တူ အသက်၂၂ နှစ်အရွယ် Ethan နှင့်Christopher ကိုတော့ နောက်ပိုင်းမှဘဲ သူမရဲ့ရည်းစားများ ဖြစ်လာခဲ့ကြောင်း polyamorousတစ်ယောက်ရဲ့ ခရီးစဉ် အကြောင်းကိုအင်တာဗျူး တစ်ခုမှာ မျှဝေခဲ့ပါတယ်

သူတို့ငါးယောက်စလုံးရဲ့ဆက်ဆံရေးဟာအတော်လေးအဆင်ပြေနေကြပြီးဘုတ်အဖွဲ့ဂမ်းကစားခြင်းကိုလည်းနှစ်သက်ကြပါတယ်

သူမခင်ပွန်းတွေက သူမနှင့်အိပ်ခန်းထဲမှာညစဉ်ညတိုင်း တစ်ယောက်ပြီးတစ်ယောက်လဲလှယ်ပြီး ထွက်ဝင်ခြင်း ပြုလုပ်လေ့ရှိတယ် လို့သူမက ဝန်ခံခဲ့ပါတယ်

သူတို့ငါးယောက် စလုံးအတွက် အချိန်ခွဲဝေခြင်း၊အချိန်ဇယားဆွဲခြင်း နှင့် လူတိုင်းပါဝင်ခံစားရတာသေချာအောင်လုပ်ရဖို့က ခက်ခဲကြောင်း ၊ ဒီဆက်ဆံရေးမှာ သူမက တစ်ယောက်တည်းသောမိန်းမ မဟုတ်ခဲ့ရင် ကောင်းလိမ့်မယ်လို့လည်း ဆိုခဲ့ပါသေးတယ်

Christopherကသူမလွယ်ထားတဲ့ကလေးရဲ့ဇီဝဗေဒဖခင်ဖြစ်ပေမဲ့လည်းသူတို့ငါးယောက်စလုံးကကလေးအားအတူပြုစုပျိုးထောင်ရန်စီစဉ် နေကြပါတယ်။ “ ကျွန်မတို့အားလုံးကကလေးကို အတူတကွပြုစုပျိုးထောင်ဖို့ ဆုံးဖြတ်ထားတယ်၊ ဒါကြောင့် သူတို့လေးယောက်လုံးကအဖေ တွေချည်းဘဲ” လို့ Tory မှတ်ချက် ချခဲ့ပါသေးတယ်

သူတို့ရဲ့ ထူးဆန်းတဲ့ အချစ်ဇာတ်လမ်းက ထုံးစံအတိုင်း အင်တာနက် သုံးစွဲသူတွေထံမှ အနုတ်ပြတဲ့ တုံပြန့်မှုများစွာ ရရှိခဲ့ပြီး “ စက်ဆုပ်ရွံရှာစရာကောင်းလွန်းတယ်။ကလေးအတွက် လုံးဝဆိုးရွား လွန်းတယ်လို့ ငါခံစားနေရတယ်” လို့ လူတစ်ယောက်က
မှတ်ချက်ပေးခဲ့ပါသေးတယ်

Credit

Leave a Reply

Your email address will not be published. Required fields are marked *