လက်ရှိအခြေအနေမှာတော့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ငဗစ်လူနာတွေကို ဆရာဝန်တချို့က

 

အိမ်တိုင်ရာရောက်လိုက်လံကုသပေးနေတာတွေလည်းရှိပါတယ်။ဒါ့အပြင်ဆေးရုံတွေမှာလည်းငဗစ်လူနာတွေပြည့်

နှက်နေတာကြောင့် ကုသခွင့်ရဖို့အတွက်တောင် စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။ဆရာဝန်တွေက

လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ငဗစ်ရောဂါနဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်တွေကို စေတနာအပြည့်နဲ့

ရေးသားပေးနေကြတာဖြစ်ပါတယ်

ဒီအချိန်မှာလူနာတွေကိုကုသပေးနေတဲ့ဆရာဝန်တချို့လည်းငဗစ်ရောဂါဆိုးကြီးကြောင့်ကြွေလွင့်နေကြတာပဲဖြစ်ပါတယ်

အခုဆိုရင်လည်း မိုးကုတ်တစ်မြို့လုံးက အားကိုးအားထားပြုရတဲ့ ဝါရင့်ဆရာဝန်ကြီး

ဒေါက်တာဟာရာဆင်းကဒီနေ့မနက်ပိုင်းမှာပဲငဗစ်ရောဂါနဲ့သေဆုံးသွားတာဖြစ်ပါတယ်။ဆရာဝန်ကြီးကအရမ်းစိတ်ထား

ကောင်းပြီး လူနာတွေကိုလည်း ကြင်နာတတ်တဲ့သူဖြစ်ပါတယ်။လူတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့ပေမယ့်

သူ့ရဲ့အသက်ကိုမကယ်တင်လိုက်နိုင်လို့ မိုးကုတ်မြို့ကပြည်သူတွေလည်း ဝမ်းနည်းနေရတာဖြစ်ပါတယ်

ဆရာဝန်ကြီးရဲ့ရုပ်အလောင်းကိုPPEတွေဝတ်ဆင်ထားတဲ့ပရဟိတသမားတချို့ကAmbulanceပေါ်တင်ပြီးသယ်ဆောင်သွား

ကြတာဖြစ်ပါတယ်။ပြည်သူတစ်ဦးကတော့ ဆရာဝန်ကြီးကို

ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးရင်း

Leave a Reply

Your email address will not be published.