ဒီအချိန်မှာ … အိမ်မှာ နေတဲ့ ဝန်ထမ်းတချို့ကလွဲရင်ကိုယ့်ဝန်ထမ်းတွေကိုအလုပ်မဆင်းခိုင်းပေမယ့်ထောက်ပံ့ရိက္ခာနဲ့ ထိုက်သင့်တဲ့ လစာပေးထားခဲ့တယ် …။ဒါပေမယ့် … တချို့ဝန်ထမ်းလေးတွေရဲ့ တခြားမိသားစုဝင်တွေ အရင်လို အလုပ်အကိုင်တွေ အဆင်မပြေကြတော့တာ ကြားမိတယ်

တချို့ဝန်ထမ်းတွေရဲ့ မိသားစုဝင် Taxi ဆွဲတဲ့သူရှိတယ်။ တချို့က ဈေးဆိုင်ဖွင့်ထားတယ်။ တချို့က စာသင်တယ်။တချို့က ကျောင်းကားဆွဲတယ် . စသဖြင့်ပေါ့။ ဒါပေမယ့် ဒီကာလမှာက တချို့အလုပ်အကိုင်တွေက . ဝင်ငွေနည်းသွားတယ် . တချို့က ဝင်ငွေ လုံးဝ မရှိတော့ဘူး

လစာအရမ်းကောင်းကြတဲ့ ဝန်ထမ်းတွေမဟုတ်ရင် …အိမ်တစ်အိမ်မှာကလေးငယ်တွေကလွဲပြီးမိသားစုဝင်အကုန်လုံးနီးပါး အလုပ်လုပ်မှ အဆင်ပြေမယ့် ကာလမို့ … အခုချိန် တော်တော်များများအဆင်မပြေဘူး။Lady Grace Diamond Land က ရတဲ့လစာနဲ့ ထောက်ပံ့ရိက္ခာကြောင့် . စားစရိတ် မပူရပေမယ့် … အိမ်ငှားနေတဲ့သူတွေအတွက် အိမ်ငှားခ ပူရနိုင်တယ်

ကလေးအငယ်လေးရှိသူတွေအတွက်နို့မှုန့်ဖိုး၊သက်ကြီးရွယ်အိုအမိအဖရှိသူတွေအတွက်ဆေးဖိုး၊စတဲ့တခြားကုန်ကျစရိတ်တွေအတွက် ငွေလိုနိုင်တယ်လို့ တွေးမိတယ်။ဒါကြောင့် … ဝန်ထမ်းတစ်ဦးစီကို … သူတို့ရသင့်တဲ့ လစာနဲ့ ထောက်ပံ့ရိက္ခာအပြင်… ၂ လစာ … ချေးငွေကိုပါ ထုတ်ချေးခဲ့တယ် ။လုံးဝ အတိုးမဲ့ပါ … ။ လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပါတ်တဲ့အချိန်ရောက်မှ … လစဉ် ခွဲပြီး ဆပ်ရုံပါ။ ဒီလို

လုပ်ပေးဖို့က … အများကြီး စဉ်းစားရပါတယ် …။အထူးသဖြင့် ဒီလို ကာလမှာပါ …။ ဝန်ထမ်းတွေအနေနဲ့ ချေးငွေက … တစ်ယောက်ကို ၂ လစာပဲ ရတာဆိုပေမယ့် … ဝန်ထမ်းအားလုံးကို ပေးရတဲ့ ဆိုင်အနေနဲ့က … သိန်းရာနဲ့ချီတယ်လေ … ဒါတောင် Video ထဲမှာ . နယ်ပြန်သွားတဲ့ ဝန်ထမ်းတွေနဲ့ ပန်းတိမ်ဆရာတွေ မပါသေးဘူး

အရင်က … Online ရောင်းအားအပြင် … ဆိုင် ၂ ဆိုင်စာ ရောင်းအားရှိနေတော့ ဝင်ငွေပိုကောင်းတယ် …။ ဒါပေမယ့် အခုက … Online ရောင်းအားပဲ ရှိတာကြောင့် … ဝင်ငွေက အရင်နဲ့စာရင် . ၃ ပုံ ၁ ပုံပဲ ရှိတယ်။ဒါပေမယ့် …ကိုယ့်ထက်ပိုခက်ခဲနိုင်မယ့် ဝန်ထမ်းမိသားစုတွေကို စဉ်းစားမိပြီး ဒီအစီအစဉ်လေး လုပ်ပေးဖြစ်ခဲ့တာပါ …။ဒီလိုအကြပ်အတည်းကာလမှာ မထင်ထားခဲ့တဲ့ ဝန်ထမ်းကလေးတွေစီက

မမတို့နဲ့အတူ အခက်အခဲကာလကို . အတူတူဖြတ်ကျော်မယ်ဆိုတဲ့ စိတ်လေးတွေ တွေ့ရလို့ ကျေနပ်မိတာတော့ အမှန်ပါ …။တချို့ဝန်ထမ်းလေးတွေက . လစာရော . Bonus ရော ရတာမို့ … ငွေမလိုသေးလို့ ချေးငွေ မယူတော့ ပါဘူး. အစ်ကိုနဲ့မမတို့ ကုန်ကျတာတွေ အရမ်းများတာ သိလို့ပါ ဆိုတဲ့သူတွေတောင် ရှိတယ် …။ဘာပဲ ဖြစ်ဖြစ် သူတို့လေးတွေ ပျော်နေတာတွေ့တော့ ကျေနပ်ရပါတယ်

တစ်ချို့ဝန်ထမ်းလေးတွေဆို … ရတဲ့ငွေ စုစုပေါင်းက သိန်းဆယ်ဂဏာန်းအထက် ငှက်တစ်သောင်းနားနိုင်တဲ့ သစ်ပင်ကောင်းတစ်ပင် မဖြစ်နိုင်သေးပေမယ့်ကိုယ့်ပါတ်ဝန်းကျင်က လူတွေကို လုံခြုံတဲ့ အရိပ်အာဝါသပေးနိုင်တဲ့ . သစ်ပင်လေးတစ်ပင် ဖြစ်ခွင့်ရတာကို ကျေနပ်မိပါတယ် …။အားလုံးလည်း ဒီကာလကြီးကို အဆင်ပြေပြေနဲ့ ဖြတ်ကျော်နိုင်ကြပါစေနော်

Leave a Reply

Your email address will not be published.