ငဗစ်ရောဂါကူးစက်မှုကြောင့် နေ့စဉ် လူပေါင်း ရာနဲ့ချီ သေဆုံးမှုတွေ ဖြစ်နေတာကို ဝမ်းနည်းစွာဖြင့်
မြင်တွေ့နေရပါတယ်။ အဓိက ပြသနာကတော့ အောက်ဆီဂျင်ပြတ်လပ်မှုတွေကြောင့်ဖြစ်ပြီး ဒီအခြေအနေဆိုးကြီးကို
ရင်ဆိုင်ဖြေရှင်းဖို့ အလှူရှင်တွေ ကြိုးစားဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့
လူသေဆုံးမှုများပြားနေတာကြောင့် သုဿာန်များတွင် မီးသဂြိုလ်ဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းနေရတဲ့
အခြေအနေဖြစ်နေပါတယ်
မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ရေဝေးသုဿာန်တွင် စိတ်မကောင်းစရာ
အဖြစ်အပျက်တစ်ခုကိုမျက်မြင်တွေ့ခဲ့ရတဲ့ ပရဟိတလုပ်ဆောင်နေသူ တစ်ဦးမှ ဗီဒီယိုရိုက်ကူးပြီး သူ့ရဲ့
လူမှုကွန်ယက်တွင် ဝေမျှထားတာဖြစ်ပါတယ်။ ဒါကတော့ တစ်အိမ်ထဲမှာ နာရေးနှစ်ခုဖြစ်သွားခဲ့ပြီး
ရေဝေးသုဿာန်ရှေ့မှာပဲ သရဏဂုံတင်ခဲ့ရတဲ့သားအဖနှစ်ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်ကို ဝမ်းနည်းစွာဖြင့်
ဗီဒီယိုမှတ်တမ်းတင်ထားတာပါ။ ဖခင်ကြီးဆုံးပါးသွားတဲ့အတွက် ကျန်ရစ်သူသမီးမှ ငိုကြွေးရင်း ရုတ်တရက်
နှလုံးရပ်ကာ ကွယ်လွန်သွားခဲ့ပြီး တစ်အိမ်ထဲ နာရေးနှစ်ခု ဖြစ်သွားခဲ့ရတာ ဖြစ်ပါတယ်
ထ
ရုတ်တရက် နှလုံးရပ်သွားချိန် နှလုံးကို ပြန်နှိုးခဲ့ပေမယ့် ပြန်လည်ခုန်လာခြင်း မရှိတော့တဲ့အတွက်
စိတ်မကောင်းရုံမှလွဲပြီး ဘာမှလုပ်လို့ မရခဲ့ပါဘူး။ ကွယ်လွန်သူတွေ ကောင်းရာမွန်ရာသို့ ရောက်ရှိစေဖို့အတွက်
လမ်းဘေးမှာပဲသံဃာများ ပင့်ဖိတ်ပြီး သရဏဂုံတင်ကာ အမျှပေးဝေခဲ့ကြရတာ ဖြစ်ပါတယ်။ ပြည်သူများမှ
ဒီဗီဒီယိုဖိုင်ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ကာ နောင်ဘဝဒီလိုအဖြစ်မျိုးနဲ့ မကြုံတွေ့ရပါစေနဲ့လို့
ဆုတောင်းပေးနေကြတာကိုလည်းcomment များတွင် ရေးသားထားတာကို မြင်တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်
လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ဆိုးကြီးဘေးမှ အမြန်ဆုံးကင်းဝေးကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို
တင်ဆက်ပေးလိုက်ရပါတယ်
Source and Photo Crd-Original Uploader