ဘဏ်တွေမှာ ငွေထုတ်ဖို့ ခက်ခဲတဲ့ကိစ္စတွေကို ဒီဇင်ဘာလမှာ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ဘဏ်တွေထဲကနေ ငွေတွေကိုထုတ်ဖို့ အခက်တွေ့နေတဲ့ကိစ္စတွေကို ဒီဇင်ဘာလမှာ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

ဘဏ်တွေမှာ ငွေလိုသလောက်မထုတ်နိုင်တဲ့အခြေအနေနဲ့ အကန့်အသတ်နဲ့ထုတ်လို့ရတဲ့အခြေအနေတွေကို ဒီဇင်ဘာလလောက်မှာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။

SAC အာဏာယူပြီး ဖေဖော်ဝါရီလကစပြီး ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ယူရတာကို အကန့်အသတ်နဲ့ပဲ ဆောင်ရွက်ရတာကြောင့် ငွေပေးငွေချေတဲ့ ကိစ္စရပ်တွေမှာ အခက်အခဲနဲ့ ရင်ဆိုင်တဲ့အပြင်

KBZpay၊ Waveတို့ကနေ ငွေထုတ်ရင်လည်း ထုတ်ယူတဲ့ ငွေပမာဏပေါ် မူတည်ကာ ရာခိုင်နှုန်းပေးဆောင်ပြီး ထုတ်ယူနေရတာဖြစ်ပါတယ်။

Mercury_Media

————–

ဘဏ္ေတြမွာ ေငြထုတ္ဖို႔ ခက္ခဲတဲ့ကိစၥေတြကို ဒီဇင္ဘာလမွာ ေျဖရွင္းေဆာင္႐ြက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာၾကား

ရန္ကုန္၊ ႏိုဝင္ဘာ ၂၆

ဘဏ္ေတြထဲကေန ေငြေတြကိုထုတ္ဖို႔ အခက္ေတြ႕ေနတဲ့ကိစၥေတြကို ဒီဇင္ဘာလမွာ ေျဖရွင္းေဆာင္႐ြက္ႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ႏိုဝင္ဘာ ၂၆ ရက္ေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားပါတယ္။

ဘဏ္ေတြမွာ ေငြလိုသေလာက္မထုတ္ႏိုင္တဲ့အေျခအေနနဲ႔ အကန႔္အသတ္နဲ႔ထုတ္လို႔ရတဲ့အေျခအေနေတြကို ဒီဇင္ဘာလေလာက္မွာ ေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ ေျပာၾကားထားတာျဖစ္ပါတယ္။

SAC အာဏာယူၿပီး ေဖေဖာ္ဝါရီလကစၿပီး ပုဂၢလိကဘဏ္ေတြမွာ ေငြထုတ္ယူရတာကို အကန႔္အသတ္နဲ႔ပဲ ေဆာင္႐ြက္ရတာေၾကာင့္ ေငြေပးေငြေခ်တဲ့ ကိစၥရပ္ေတြမွာ အခက္အခဲနဲ႔ ရင္ဆိုင္တဲ့အျပင္

KBZpay၊ Waveတို႔ကေန ေငြထုတ္ရင္လည္း ထုတ္ယူတဲ့ ေငြပမာဏေပၚ မူတည္ကာ ရာခိုင္ႏႈန္းေပးေဆာင္ၿပီး ထုတ္ယူေနရတာျဖစ္ပါတယ္။

Mercury_Media

Leave a Reply

Your email address will not be published.