ပြင်ဦးလွင်တပ်မတော်နည်းပညာတက္ကသိုလ်ဂိတ်အမှတ် ၃ RPG ဖြင့် တိုက်ခိုက်ခံရဟုဆို
ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဂိတ်အမှတ် ၃ ယနေ့ဇူလိုင်လ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် တိုက်ခိုက်ခံရပြီး ပစ်ခတ်သံများ ထွက်ပေါ်ကြောင်း ဒေသခံများထံမှ သိရှိရသည်
” ၈ နာရီဝန်းကျင်လောက်မှာ DSTA ဂိတ်အမှတ် ၃ ကို RPG နဲ့ ပစ်တယ်လို့လည်းပြောတယ်။ ဗုံးပေါက်တယ်လို့ ပြောတယ်။ ဒါပေမယ့် ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ ကျယ်လည်းကျယ်တယ်။ ပစ်ခတ်သံတွေလည်း တောက်လျှောက် ထွက်လာတယ်
အချိန်က ထွက်ကြည့်လို့ရတဲ့အချိန်လည်းမဟုတ်ဘူး။ အသံတွေကြားရင် ကိုယ့်အိမ်ထဲ လုံခြုံနေရာမှာ ဝပ်နေရတာပဲ”ဟု ဒေသခံတစ်ဦးက ဆိုသည်
ပြင်ဦးလွင်ဒေသခံတချို့ကလည်း တပ်မတော်နည်းပညာတက္ကသိုလ် ဂိတ်အမှတ် ၃ တိုက်ခိုက်ခံရသည်ဆိုသော သတင်းကို သိရှိထားကြပြီး ဇူလိုင်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲတွင် အနီးစခန်းနားတွင် ပစ်ခတ်သံများကြားရကြောင်း အတည်ပြုပြောဆိုကြသည်
မည်သည့်အဖွဲ့က ပစ်ခတ်ပြီး ထိခိုက်မှု အခြေအနေများကို လက်ရှိအချိန်အထိ စုံစမ်း၍ မရသေးပေဓာတ်ပုံ- တပ်မတော်နည်းပညာတက္ကသိုလ် ပြင်ဦးလွင်
Photo Credit- ဆင်ဟွာ
Zawgyi
Photo Credit- ဆင်ဟွာ
Leave a Reply
Your email address will not be published.