














Springစစ်ကောင်စီတပ်အတွင်း ရှေ့တန်းထွက်နေသော အရာရှိ၊တပ်သားများ၏ ဇနီးများကို အဓမ္မပြုကျင့်သည့် ဖြစ်စဉ်များ ပေါ်ပေါက်နေ

 

စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်အပါ အဝင် အရာခံဗိုလ်များနှင့် စစ်ဆင်ရေးထွက်နေသည့် တပ်သား၏ဇနီးမယားများကို အဓမ္မပြုကျင့်ခြင်းနှင့် ကြံစည်မှုများပြုလုပ်သဖြင့် အရေးယူခဲ့ရသည့် တပ်တွင်းလျှို့ဝှက်စာများ ထွက်ပေါ်လာသည်

တပ်ရင်း၊တပ်ဖွဲ့များမှ အရာရှိနှင့် စစ်သည်များအနေဖြင့် တပ်တွင်း၊တပ်ပြင်စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက် ပြားစေသည့် အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူမှုရေး ဖောက်ပြန်မှုများ တွေ့ရှိခဲ့ရသည့်အတွက် မဖြစ်ပွားရေး စည်းကမ်းတကျ ထိန်းသိမ်းကြပ်မတ်ရန် အဆိုပါစာတွင် ညွှန်ကြားထားသည်လျှို့ဝှက်စာတွင် အခင်းဖြစ်စဉ် ငါးခုပါရှိပြီးအာဏာသိမ်းပြီးနောက်ယခုနှစ် ဇွန်လမှစ၍ အောက်တိုဘာအတွင်း စစ်ကောင်စီတပ်တွင်း ဖောက်ပြန်မှုများ ဖြစ်သည်

အမှတ် ၁၄၂ ခြေလျင်တပ်ရင်းမှ ပြန်တမ်းဝင်အမှတ် ကြည်း ၄၅၄၁၀ ဗိုလ်မှူးတင်ကိုထက်သည် ဌာနချုပ်၏ တပ်ခွဲမှူးတာဝန်ထမ်းဆောင်စဉ် တစ်တပ်တည်းနေ ဒုတပ်ကြပ်သံချောင်း၏ဇနီးဖြစ်သူ ဒေါ်ဘောက်မိုင်ကို ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှ ချစ်ကြိုက်ကြောင်း ပြောခြင်း၊ဗီဒီယို ကောခေါ်ခြင်းနှင့် နေအိမ်လိုင်းခန်းအား အဝင်၊ အထွက် ပြုလုပ်ခဲ့သည့်အတွက် စစ်စည်းကမ်းအရ အရေးယူခဲ့သည်ဟု ပါရှိသည်

အလားတူ ခြေလျင်တပ်ရင်း အမှတ်၁၂၁မှ ကိုယ်ပိုင်အမှတ် ၂၉၂၁၂ ဒုတိယ အရာခံဗိုလ်ထွန်းအောင်ကျော်သည် တစ်တပ်တည်းနေသည့် စစ်ဆင်ရေးတာဝန်ထွက်နေသော တပ်သားဇင်ကိုရှိုင်း၏ ဇနီးရွှေဇင်ထွန်း နှင့်အတူ နှစ်ကြိမ် ကာမစက်ယှက်မှုပြုလုပ်ခဲ့ကြောင်းလည်း အဆိုပါလျှို့ဝှက်စာတွင် ပါရှိသည်

ထို့အပြင် အမှတ် ၄၃၇ ခလျင်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ ၂၅၇၅၈၃ တပ်ကြပ် ဇာနည်အောင်သည် အနံ့ ပျောက်သည်ဟုဆိုကာ အရက်သောက်၍ တစ်တပ်တည်းနေ စစ်ဆင်ရေး ထွက်နေသော ဒုတပ်ကြပ်သန်းထိုက်၏ နေအိမ်သို့သွားရောက်ကာ ၎င်း၏ ဇနီးဒေါ်သဲသဇင်ထွန်းနှင့် ကာမစပ်ယှက်ရန် သွားရောက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်

ရဲဘော်၊ရဲဘက်စိတ်ကင်းမဲ့ခြင်းနှင့် ညီရင်းအကို စိတ် ဓာတ်ကင်းမဲ့သောကြောင့် အရေးယူမှုများပြုလုပ်ကာ အရာရှိ၊စစ်သည်များ၏ သွားလာနေထိုင်မှုကို သုံးသပ်၍ မဖြစ်ပွားမီကြိုတင်ကာကွယ်ရန်လည်း လျှိုဝှက်စာတွင် ညွှန်ကြားထားသည် Ref: People Spring

Leave a Reply

Your email address will not be published.