ကိုးကန႔္အဖြဲ႕က်ည္ပမာဏအေျမာက္အမ်ားသုံးစြဲပစ္ခတ္ေနျခင္းကိုသံသယရွိဖြယ္ေတြ႕ရဟုဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာတပ္မေတာ္ႏွင့္ MMDAA ကိုးကန႔္အဖြဲ႕တို႔အၾကား ထိေတြ႕တိုက္ပြဲမ်ားတြင္ ကိုးကန႔္အဖြဲ႕ဘက္မွ က်ည္/ခဲယမ္း ပမာဏ အေျမာက္အမ်ားျဖင့္ သုံးစြဲပစ္ခတ္ေနသည္ကို သံသယရွိဖြယ္ေတြ႕ရွိရေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

ယေန႔ (ႏိုဝင္ဘာ၂၆ ရက္) ေနျပည္ေတာ္၊ ျပန္ၾကားေရးဝန္ႀကီးဌာန၊ ဝန္ႀကီး႐ုံးတြင္ျပဳလုပ္သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕၏ သတင္းစာရွင္းလင္းပြဲတြင္ ၎ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အခုေအာက္တိုဘာလနဲ႔ႏိုဝင္ဘာလထဲမွာေတာ့ရွမ္းျပည္နယ္အေရွ႕ေျမာက္မွာMMDAAနဲ႔ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈဟာခပ္စိတ္စိတ္ျဖစ္လာတာ ေတြ႕ရပါတယ္။ ဒီေနရာမွာ ထူးျခားခ်က္တခုကို ေျပာလိုပါတယ္။ MMDAA ကိုးကန႔္အဖြဲ႕နဲ႔ ထိေတြ႕တိုက္ပြဲတိုင္းမွာ က်ည္သုံးစြဲမႈခဲယမ္းသုံးစြဲမႈကအရင္ကထက္ပိုၿပီးအေျမာက္အမ်ားအသုံးျပဳေနတာေတြ႕ရွိရပါတယ္။ကြၽန္ေတာ္တို႔ေျမျပင္ရရွိသတင္းမ်ားနဲ႔ အျခားအရင္းအျမစ္ေတြကရရွိတဲ့ သတင္းမ်ားအရ ဥပမာ လက္နက္ငယ္က်ည္ဆိုရင္ ၂ သိန္းနီးပါး သုံးခဲ့တာကိုေတြ႕ရပါတယ္။

RPG ဗုံးသီး ၅၃၀၀ ေက်ာ္သုံးခဲ့တာေတြ႕ရပါတယ္။ ၁၀၇-မမ ဒုံးသီး ၄၀ ေက်ာ္ ပစ္ခတ္ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ ဒီပမာဏေတြသည္ ေတာ္ေတာ္မ်ားျပားတဲ့ပမာဏေတြ ျဖစ္ပါတယ္။ ဒီေလာက္မ်ားျပားတဲ့ က်ည္၊ ခဲယမ္း ပမာဏေတြကို ရရွိပစ္ခတ္ႏိုင္ျခင္းဟာ သံသယရွိဖြယ္နဲ႔ အရင္းအျမစ္ကို ဆက္စပ္ေဖာ္ထုတ္ရန္ လိုအပ္တဲ့ အေၾကာင္းရင္းမ်ားပဲျဖစ္တယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔အျပင္KIAတပ္မဟာ(၃)ႏွင့္ဆပ္စပ္နယ္ေျမ၊KNUတပ္မဟာ(၅)ႏွင့္ဆက္စပ္နယ္ေျမCNFတို႔ႏွင့္ထိေတြ႕တိုက္ပြဲအခ်ိဳ႕ျဖစ္ပြားခဲ့မႈစသည့္ EAO အဖြဲ႕ ျဖင့္ ထိေတြ႕တိုက္ပြဲျဖစ္ပြားမႈအေျခအေနအခ်ိဳ႕ကိုလည္း ၎က ထည့္သြင္းေျပာၾကားခဲ့သည္။source-News Watch

ကိုးကန့်အဖွဲ့ကျည်ပမာဏအမြောက်အများသုံးစွဲပစ်ခတ်နေခြင်းကိုသံသယရှိဖွယ်တွေ့ရဟုဗိုလ်ချုပ်ဇော်မင်းထွန်းပြောတပ်မတော်နှင့် MMDAA ကိုးကန့်အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများတွင် ကိုးကန့်အဖွဲ့ဘက်မှ ကျည်/ခဲယမ်း ပမာဏ အမြောက်အများဖြင့် သုံးစွဲပစ်ခတ်နေသည်ကို သံသယရှိဖွယ်တွေ့ရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ယနေ့(နိုဝင်ဘာ၂၆ရက်)နေပြည်တော်၊ပြန်ကြားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးတွင်ပြုလုပ်သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုအောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာတော့ ရှမ်းပြည်နယ်အရှေ့မြောက်မှာ MMDAA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုဟာ ခပ်စိတ်စိတ်ဖြစ်လာတာ တွေ့ရပါတယ်။ ဒီနေရာမှာ ထူးခြားချက်တခုကို ပြောလိုပါတယ်။ MMDAA ကိုးကန့်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတိုင်းမှာ ကျည်သုံးစွဲမှု ခဲယမ်းသုံးစွဲမှုက အရင်ကထက်ပိုပြီး အမြောက်အများ အသုံးပြုနေတာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ မြေပြင်ရရှိသတင်းများနဲ့ အခြားအရင်းအမြစ်တွေကရရှိတဲ့ သတင်းများအရ ဥပမာ လက်နက်ငယ်ကျည်ဆိုရင် ၂ သိန်းနီးပါး သုံးခဲ့တာကိုတွေ့ရပါတယ်။

RPG ဗုံးသီး ၅၃၀၀ ကျော်သုံးခဲ့တာတွေ့ရပါတယ်။ ၁၀၇-မမ ဒုံးသီး ၄၀ ကျော် ပစ်ခတ်ခဲ့ကြောင်း တွေ့ရပါတယ်။ ဒီပမာဏတွေသည် တော်တော်များပြားတဲ့ပမာဏတွေ ဖြစ်ပါတယ်။ ဒီလောက်များပြားတဲ့ ကျည်၊ ခဲယမ်း ပမာဏတွေကို ရရှိပစ်ခတ်နိုင်ခြင်းဟာ သံသယရှိဖွယ်နဲ့ အရင်းအမြစ်ကို ဆက်စပ်ဖော်ထုတ်ရန် လိုအပ်တဲ့ အကြောင်းရင်းများပဲဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် KIA တပ်မဟာ (၃) နှင့်ဆပ်စပ်နယ်မြေ၊ KNU တပ်မဟာ (၅) နှင့်ဆက်စပ်နယ်မြေ CNF တို့နှင့် ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားခဲ့မှုစသည့် EAO အဖွဲ့ ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေအချို့ကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။source-News Watch

Leave a Reply

Your email address will not be published.