အာဏာသိမ်းစစ်ကောင်စီရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဖုန်းနံပါတ်ကနေတဆင့် ငွေကြေးလှူဒါန်းနေတဲ့ ဘဏ်အကောင့်နဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုအကောင့် ပိုင်ရှင်တွေကို စုံးစမ်းပေးဖို့ ညွှန်ကြားတဲ့စာတစ်စောင်ဟာ နိုဝင်ဘာ ၂၄ရက်နေ့စွဲနဲ့ လူမှုကွန်ရက်မှာ ပျံနှံလာပါတယ်။
ဗဟိုဘဏ်ကထုတ်ပြန်တဲ့အဆိုပါလျှို့ဝှက်ညွှန်ကြားစာမှာဖုန်းနံပါတ်၅၆လုံးကိုဘဏ်တွေမှာငွေစာရင်းဖွင့်လှစ်ထားခြင်းရှိမရှိနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အကောင့်ဖွင့်လှစ်ထားခြင်းရှိ မရှိ စစ်ဆေးပေးဖို့ ဘဏ်တွေနဲ့ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုညွှန်ကြားထားပါတယ်။
စိစစ်တွေ့ရှိပါက ငွေကြေးလွှဲပြောင်းမှုမလုပ်နိုင်အောင် ယာယီတာမြစ်ပိတ်ပင်ခိုင်းထားပြီး အကောင့်ပိုင်ရှင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ဘဏ်ငွေစာရင်းရှင်းတမ်းတွေကို၃ရက်အတွင်းအမြန်စိစစ်ပြန်ကြားပေးရမယ်လို့ညွှန်ကြားထားပါတယ်။
==========================
Leave a Reply
Your email address will not be published.