SquidGameဇာတ်ကားမြောက်ကိုရီးယားသို့ခိုးသွင်းသူသေဒဏ်ချခံရ၊ကြည့်သူကျောင်းသား၇ဦးအားအလုပ်နှင့်ထောင်ဒဏ်ချ

နာမည်ကျော် တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ Squid Gameအားမြောက်ကိုရီးယားသို့ခိုးသွင်းသူအမျိုးသားတစ်ဦးအား မြောက်ကိုရီးယား အာဏာပိုင်တို့က သေဒဏ်ချမှတ်လိုက်ပြီး၊

ယင်းခိုးကူးဇာတ်လမ်းကိုကြည့်ရှုကြသူ ကျောင်းသား ၇ဦးအားအလုပ်နှင့်ထောင်ဒဏ်များအသီးသီးချမှတ်လိုက်ကြောင်း နိုင်ငံတကာ သတင်းဌာနများကရေးသားကြသည်။

“ရုပ်သံဇာတ်လမ်းတွဲဖိုင်များထည့်သွင်းထားသော memory stick ကို ဝယ်ယူသူ ကျောင်းသားအား ထောင်ဒဏ် တစ်သက်အပြစ်ပေးလိုက်ပြီး၊ ကြည့်ရှုသူ

အခြားကျောင်းသား၆ဦးကိုမူအလုပ်နှင့်ထောင်ဒဏ်၅နှစ်စီအပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း”ယင်းသတင်းများဝယ်ရေးသားထားကြသည်။

ယင်းသည်မြောက်ကိုရီးယားနိုင်ငံ၏ဥပဒေအရ“ဖောက်ပြန်သောအတွေးနှင့်ဖောက်ပြန်သောယဉ်ကျေးမှုကိုဖယ်ရှားခြင်း”ဖြစ်ကြောင်း သိရသည်။Popular News Journalကိုးကား – North Korea Sentences Man to Death for Smuggling Copies of Squid Game(Yahoo News)

———–




Popular News Journal

Leave a Reply

Your email address will not be published.