NLD အစိုးရလက်ထက်က ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ကို စစ်တပ်က အငြိမ်းစားပေးလိုက်ပါတယ်သူတို့နှစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီမှာ မပါလာဘဲ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြောင်းရွှေ့ခံထားရတာ ဖြစ်ပါတယ်

အငြိမ်းစားယူပြီးတဲ့နောက် ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းဟာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရဲ့ ဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်တယ်လို့ နေပြည်တော်ကသတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ တပ်က တင်သွင်းမယ့် ဒုတိယသမ္မတအဖြစ် နာမည်ထွက်ခဲ့ပေမယ့် အာဏာသိမ်းမှုဖြစ်ပွားခဲ့တာကြောင့် ကာကွယ်ရေးဝန်ကြီးနေရာကိုပါ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို

လွှဲပေးခဲ့ရပါတယ်ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေလည်း အငြိမ်းစားပေးခံရပြီးဖြစ်လို့ NLD အစိုးရလက်ထက် တပ်ဝန်ကြီး ၃ ဦးလုံး အငြိမ်းစားယူသွားကြပြီလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အသက် ၆၅ နှစ် ကျော်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကာကွယ်ရေးဌာနကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်ပြီး တပ်ချုပ်ရာထူးနေရာကိုဆက်ယူထားပါတယ်ဘီဘီစီ

Zawgyi

Leave a Reply

Your email address will not be published.