ဧရာဝတီ၊ နိုဝင္ဘာ ၂၆၊ ၂၀၂၁စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕တြင္ ဆိုင္ကယ္မ်ားျဖင့္ ပတ္ကင္းလွည့္ေနေသာ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ယေန႔ နံနက္ပိုင္းက ဗုံးခြဲတိုက္ခိုက္ခံရၿပီး ၃ ဦး ေသဆုံးခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။


တန႔္ဆည္ၿမိဳ႕နယ္အတြင္း ကင္းလွည့္ေနေသာ အဆိုပါ ဆိုင္ကယ္ပတ္ကင္းအဖြဲ႕ကို ယေန႔ နံနက္ ၈ နာရီခန႔္က ၿမိဳ႕နယ္တရား႐ုံးအေရွ႕တြင္ တန႔္ဆည္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ)က တိုက္ခိုက္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။


“ဒီေကာင္ေတြကေသနတ္ႀကီးေတြတကားကားနဲ႔ႏွစ္ေယာက္တြဲ၊သုံးေယာက္တြဲဆိုင္ကယ္ေတြစီးၿပီးေန႔တိုင္းလွည့္ေနၾကတာ။မနက္ကေတာ့တရား႐ုံးနားမွာ ဗုံးခြဲခဲ့တာ ၃ ေယာက္ ေသတယ္၊ ဆိုင္ကယ္ ၁ စီး ပ်က္တယ္” ဟု တန႔္ဆည္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ) ျပန္ၾကားေရးက ေျပာသည္။


ထိုသို႔ တိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ယင္းပစ္ခတ္မႈေၾကာင့္ ျပည္သူ ၁ ဦး က်ည္ထိမွန္ ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။


“မနက္ ၈ နာရီေလာက္က ေပါက္ကြဲသံ အက်ယ္ႀကီး ၾကားလိုက္ရတယ္။ ၿပီးေတာ့ ေသနတ္သံေတြလည္း ထပ္ၾကားရတယ္။ ၿပီးမွ သိရတာက ပတ္ကင္းလုပ္တဲ့ေကာင္ေတြ ရမ္းသမ္းပစ္ၾကတာ။ သူတို႔ ရမ္းသမ္းပစ္လို႔ လူတေယာက္ ေပါင္ကို ရွပ္ထိသြားတယ္” ဟု ေဒသခံတဦးက ေျပာသည္။
ထို႔ျပင္ အခင္းျဖစ္သည့္ ေနရာသို႔ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ား ထပ္မံေရာက္ရွိလာၿပီး လမ္းမ်ားအားပိတ္ဆို႔ကာ ရွာေဖြစစ္ေဆးျခင္းမ်ား လုပ္ေဆာင္ခဲ့သည္ဟုလည္း သိရသည္။

တန့်ဆည်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးခွဲတိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံးဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၂၁
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် ဆိုင်ကယ်များဖြင့် ပတ်ကင်းလှည့်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


တန့်ဆည်မြို့နယ်အတွင်း ကင်းလှည့်နေသော အဆိုပါ ဆိုင်ကယ်ပတ်ကင်းအဖွဲ့ကို ယနေ့ နံနက် ၈ နာရီခန့်က မြို့နယ်တရားရုံးအရှေ့တွင် တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီကောင်တွေက သေနတ်ကြီးတွေ တကားကားနဲ့ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ ဆိုင်ကယ်တွေ စီးပြီး နေ့တိုင်း လှည့်နေကြတာ။ မနက်ကတော့ တရားရုံးနားမှာ ဗုံးခွဲခဲ့တာ ၃ ယောက် သေတယ်၊ ဆိုင်ကယ် ၁ စီး ပျက်တယ်” ဟု တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးက ပြောသည်။


ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


“မနက် ၈ နာရီလောက်က ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတယ်။ ပြီးတော့ သေနတ်သံတွေလည်း ထပ်ကြားရတယ်။ ပြီးမှ သိရတာကပတ်ကင်းလုပ်တဲ့ကောင်တွေရမ်းသမ်းပစ်ကြတာ။သူတို့ရမ်းသမ်းပစ်လို့လူတယောက်ပေါင်ကိုရှပ်ထိသွားတယ်” ဟု ဒေသခံတဦးက ပြောသည်။


ထို့ပြင်အခင်းဖြစ်သည့်နေရာသို့စစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံရောက်ရှိလာပြီးလမ်းများအားပိတ်ဆို့ကာရှာဖွေစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published.