တပ္ရင္းမႉးရဲ႕ဆိုင္က ပစၥည္းေတြခိုးယူမိတဲ့ ပ်ဴေစာထီးနဲ႔စစ္ေကာင္စီအဖြဲ႕ေတြ ပစၥည္းဖိုးျပန္ေလ်ာ္ေပးရေရစႀကိဳ၊ ႏိုဝင္ဘာ ၂၆၊ ၂၀၂၁။
‌ေရစႀကိဳၿမိဳ႕၊ ၿမိဳ႕မေဈးမွာ ဆိုင္ခန္းေတြေဖာက္ထြင္းၿပီး ပစၥည္း‌ေတြခိုးယူခဲ့တဲ့ ပ်ဴေစာထီးအပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ တပ္ရင္းမႉးမိန္းမရဲ႕ ေဈးဆိုင္ကပါ ခိုးယူမိခဲ့တာေၾကာင့္ ပစၥည္းဖိုးေတြ တစ္ခုမက်န္ျပန္ေလ်ာ္ခဲ့ရတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။


ပ်ဴေစာထီး၊ ရဲနဲ႔ စစ္သားေတြက ေရစႀကိဳၿမိဳ႕မေဈး အျပင္ဘက္တန္း ေဈးဆိုင္ခန္းမွာရွိတဲ့ အကယ္ဒမီဇင္ ေရာင္းဝယ္ေရးဆိုတဲ့ ဗိုလ္ႀကီးတစ္ေယာက္ရဲ႕ အမလည္းျဖစ္သလို တပ္ရင္းမႉးရဲ႕မိန္းမ ပိုင္တဲ့ ‌ေဈးဆိုင္က ၁၀ပိႆာဆီးပုံး ၂၀ေက်ာ္ကို ေဖာက္ထြင္းခိုးယူခဲ့ၾကတာျဖစ္တယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။


“ည၁၁နာရီဝန္းက်င္ေလာက္မွာအဲဒီဆိုင္နားဆီကေသနတ္ေဖာက္သံေတြအရင္ၾကားရတယ္၊က်ေနာ္သိရတာကေတာ့ေသနတ္ေဖာက္ၿပီးပ်ဴေကာင္ေတြက ေဖာက္ၿပီးခိုးၾကတာ၊ ၿပီးမွ စစ္သား၊ ရဲသားေတြနဲ႔ လက္ဝါး႐ိုက္ ခြဲယူၾကတာပဲ၊ ဂိန္သြားတာက ဆိုင္ပိုင္ရွင္အမရဲ႕ ေယာက်ၤားက တပ္ရင္းမႉး၊ ေမာင္က ဗိုလ္ႀကီးျဖစ္ေနေတာ့ သူခိုးေတြအကုန္ နားကားကုန္ေရာ” လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။


စစ္ေကာင္စီရဲ႕စစ္သားနဲ႔ရဲသားေတြအပါအဝင္ပ်ဴေစာထီးေတြကပစၥည္းခြဲယူၿပီးစခန္းေတြထဲမွာသိမ္းထားၾကၿပီးျဖစ္သလိုတခ်ိဳ႕ကသုံးစြဲၿပီးေနၿပီျဖစ္တာေၾကာင့္ ဆီးပုံးေတြအျပင္ ေလ်ာ္ေၾကးပါ ေပးခဲ့ရတာျဖစ္တယ္လို႔ ေျပာပါတယ္။”စစ္သား ရဲသားေတြက ပစၥည္းေတြ‌သယ္ယူတာ မသကၤာလို႔ ဖမ္းရတာပါ၊ ဖမ္းၿပီးစခန္းမွာ သိမ္းထားရတာပါလို႔ စစ္သား ရဲသားေတြက ေျဖရွင္းခ်က္ေပးရတယ္၊

သူတို႔အကုန္ျပန္ရေအာင္ လုပ္ေပးပါမယ္ဆိုၿပီး ေတာင္းပန္ရတယ္လို႔ သိရတာပဲ၊ ၿမိဳ႕ကေတာ့ ႀကိတ္ၿပီးပီတိျဖစ္ေနၾကတာ၊ သူခိုးေတြ ေပၚကုန္လို႔၊ ဆီက၁၀ပုံးျပန္ရတယ္၊က်န္တာကေတာ့ခြဲယူၿပီးသုံးထားၾကလို႔ေငြေလ်ာ္ရတယ္”လို႔ေျပာပါတယ္။ၿပီးခဲ့တဲ့ႏိုဝင္ဘာ၂၂ရက္ကခိုးယူခဲ့တာျဖစ္ၿပီးအဲ့ဒီခိုးယူမႈနဲ႔ပက္သတ္လို႔ေရစႀကိဳၿမိဳ႕သိန္းငွက္ေျပာက္က်ားတပ္ဖြဲ႕ကခိုးယူသူေတြကိုသတိေပးခဲ့ၿပီးမလိုက္နာရင္ပစ္သတ္မယ္လို႔လည္း သတိေပးေျပာခဲ့တာမ်ိဳးရွိခဲ့ပါတယ္။ေျမလတ္အသံ

တပ်ရင်းမှူးရဲ့ဆိုင်က ပစ္စည်းတွေခိုးယူမိတဲ့ ပျူစောထီးနဲ့စစ်ကောင်စီအဖွဲ့တွေ ပစ္စည်းဖိုးပြန်လျော်ပေးရရေစကြို၊ နိုဝင်ဘာ ၂၆၊ ၂၀၂၁။‌ရေစကြိုမြို့၊မြို့မဈေးမှာဆိုင်ခန်းတွေဖောက်ထွင်းပြီးပစ္စည်း‌တွေခိုးယူခဲ့တဲ့ပျူစောထီးအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းမှူးမိန်းမရဲ့ ဈေးဆိုင်ကပါ ခိုးယူမိခဲ့တာကြောင့် ပစ္စည်းဖိုးတွေ တစ်ခုမကျန်ပြန်လျော်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ပျူစောထီး၊ ရဲနဲ့ စစ်သားတွေက ရေစကြိုမြို့မဈေး အပြင်ဘက်တန်း ဈေးဆိုင်ခန်းမှာရှိတဲ့ အကယ်ဒမီဇင် ရောင်းဝယ်ရေးဆိုတဲ့ ဗိုလ်ကြီးတစ်ယောက်ရဲ့အမလည်းဖြစ်သလိုတပ်ရင်းမှူးရဲ့မိန်းမပိုင်တဲ့‌ဈေးဆိုင်က၁ဝပိဿာဆီးပုံး၂ဝကျော်ကိုဖောက်ထွင်းခိုးယူခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


“ည ၁၁ နာရီ ဝန်းကျင်လောက်မှာ အဲဒီဆိုင်နားဆီက သေနတ်ဖောက်သံတွေ အရင်ကြားရတယ်၊ ကျနော်သိရတာကတော့ သေနတ်ဖောက်ပြီးပျူကောင်တွေကဖောက်ပြီးခိုးကြတာ၊ပြီးမှစစ်သား၊ရဲသားတွေနဲ့လက်ဝါးရိုက်ခွဲယူကြတာပဲ၊ဂိန်သွားတာကဆိုင်ပိုင်ရှင်အမရဲ့ ယောကျင်္ားက တပ်ရင်းမှူး၊ မောင်က ဗိုလ်ကြီးဖြစ်နေတော့ သူခိုးတွေအကုန် နားကားကုန်ရော” လို့ဒေသခံတစ်ဦးက ပြောပါတယ်။


စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲသားတွေ အပါအဝင် ပျူစောထီးတွေက ပစ္စည်းခွဲယူပြီး စခန်းတွေထဲမှာ သိမ်းထားကြပြီးဖြစ်သလို တချို့က သုံးစွဲပြီးနေပြီဖြစ်တာကြောင့် ဆီးပုံးတွေအပြင် လျော်ကြေးပါ ပေးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။”စစ်သား ရဲသားတွေက ပစ္စည်းတွေ‌သယ်ယူတာ မသင်္ကာလို့ ဖမ်းရတာပါ၊ ဖမ်းပြီးစခန်းမှာ သိမ်းထားရတာပါလို့ စစ်သား ရဲသားတွေက

ဖြေရှင်းချက်ပေးရတယ်၊သူတို့အကုန်ပြန်ရအောင်လုပ်ပေးပါမယ်ဆိုပြီးတောင်းပန်ရတယ်လို့သိရတာပဲ၊မြို့ကတော့ကြိတ်ပြီးပီတိဖြစ်နေကြတာ၊ သူခိုးတွေ ပေါ်ကုန်လို့၊ ဆီက ၁၀ ပုံးပြန်ရတယ်၊ ကျန်တာကတော့ ခွဲယူပြီး သုံးထားကြလို့

ငွေလျော်ရတယ်”လို့ပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၂၂ရက်ကခိုးယူခဲ့တာဖြစ်ပြီးအဲ့ဒီခိုးယူမှုနဲ့ပက်သတ်လို့ရေစကြိုမြို့သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကခိုးယူသူတွေကိုသတိပေးခဲ့ပြီးမလိုက်နာရင်ပစ်သတ်မယ်လို့လည်းသတိပေးပြောခဲ့တာမျိုးရှိခဲ့ပါတယ်။မြေလတ်အသံ

Leave a Reply

Your email address will not be published.