ျမန္မာပလာဇာကိုေတာ္လွန္ေရးအင္အားအမ်ားစုကရႈတ္ခ်ေၾကာင္းထုတ္ျပန္ၿပီးေနာက္တစ္ဝင္းလုံးလက္နက္ကိုင္စစ္တပ္ျဖင့္လုံၿခဳံေရးအျပည့္ခ်ထားရန္ကုန္၊ႏိုဝင္ဘာ၂၆စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵျပလူငယ္မ်ားကို႐ိုက္ႏွက္ထိုးႀကိတ္ခဲ့ေသာျမန္မာပလာဇာမွလုံၿခဳံေရးဝန္ထမ္းမ်ား၏လုပ္ရပ္ကိုႏိုင္ငံတစ္ဝန္းရွိေတာ္လွန္ေရးအင္အားစုကရႈတ္ခ်ေၾကာင္းေၾကညာခ်က္ထုတ္ျပန္ၿပီးေနာက္ ျမန္မာပလာဇာတစ္ဝင္းလုံးကို လုံၿခဳံေရး တင္းက်ပ္ထားကာ လက္နက္ကိုင္ စစ္သားမ်ား အျပည့္ခ်ထားေၾကာင္း ရန္ကုန္ၿမိဳ႕ခံမ်ားထံမွ သိရွိရသည္။

“လက္တုံ႔ျပန္မယ္လို႔ေၾကညာတဲ့ေတာ္လွန္ေရးအင္အားစုေတြလည္းရွိေတာ့ဗုံးခြဲခံရမွာေၾကာက္လို႔ထင္တယ္။တစ္ဝင္းလုံးအျပင္ေရာအတြင္းမွာေရာ ကားပါကင္မွာေရာ Melia Hotel ဘက္အျခမ္းမွာေရာ လက္နက္ကိုင္ေတြ အျပည့္ပဲ။ အရင္ ပလာဇာနားမွာ ရပ္ေနတဲ့ တကၠစီ ကားေတြ လည္းမရွိေတာ့ဘူး” ဟု ရန္ကုန္ကင္းေထာက္လူငယ္တစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕ရန္ကင္းၿမိဳ႕နယ္ကျမန္မာပလာဇာေစ်းဝယ္စင္တာအတြင္းမေန႔က(ႏိုဝင္ဘာလ၂၅ရက္)ျဖစ္ပြားခဲ့သည့္စစ္အာဏာရွင္ဆန႔္က်င္ေရးဆႏၵျပလူငယ္ေတြကိုလုံၿခဳံေရးဝန္ထမ္းကအၾကမ္းဖက္ထိုးႀကိတ္ဖမ္းဆီးသည့္ျဖစ္ရပ္အေပၚအေထြေထြသပိတ္ေပါင္းစပ္ညႇိႏႈိင္းေရးအင္အားစု (GSCB) ကကန႔္ကြက္ရႈတ္ခ်လိုက္ၿပီး ျပည္သူမ်ားအေနျဖင့္ ျမန္မာပလာဇာတြင္ ေစ်းမဝယ္ၾကရန္ GSCB က ေမတၱာရပ္ခံေတာင္းဆိုသည္။

အလားတူ မႏၲေလး သပိတ္အင္အားစုကလည္း ယေန႔ႏိုဝင္ဘာ(၂၅)ရက္ေန႔၂၀၂၁ခုႏွစ္တြင္ ရန္ကုန္ၿမိဳ႕၊ရန္ကင္းၿမိဳ႕နယ္ရွိ Myanmar Plaza ၏ Promotion Area တြင္ အၾကမ္းမဖက္ တပါးသူကို မထိခိုက္ေစေသာ Sost Strike Camp တစ္ခုကို LGBT ကြန္ယက္မွ တက္ႂကြ လႈပ္ရွားသူမ်ားက လုပ္ေဆာင္ေနခ်ိန္တြင္ Myanmar Plaza Shopping Center ၏ လုံၿခဳံေရးဝန္ထမ္း အခ်ိဳ႕က ထိုးႀကိတ္ဖမ္းဆီးခဲ့မႈကို ျပင္းထန္စြာ ကန႔္ကြက္ ရႈံ႕ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္သည္။

အလားတူအမ်ိဳးသမီမဟာမိတ္အင္အားစု(WAB)ကလည္းရန္ကုန္ၿမိဳ႕၊ျမန္မာပလာဇာမွာျဖစ္ပြားခဲ့သည့္မတရားမႈကိုဆန႔္က်င္ဆႏၵျပလူငယ္မ်ားကို ပလာဇာလုံၿခဳံေရးဝန္ထမ္းမ်ားက အၾကမ္းဖက္ထိုးႀကိတ္ဖမ္းဆီးမႈေၾကာင့္ ျမန္မာပလာဇာတြင္ ျပည္သူမ်ား ေစ်းမဝယ္ၾကဘဲ သပိတ္ေမွာက္ၾကရန္ ေတာင္းဆိုထားသည္။

မြန်မာပလာဇာကို တော်လှန်ရေးအင်အားအများစုက ရှုတ်ချကြောင်း ထုတ်ပြန်ပြီးနောက် တစ်ဝင်းလုံး လက်နက်ကိုင်စစ်တပ်ဖြင့် လုံခြုံရေးအပြည့်ချထားရန်ကုန်၊ နိုဝင်ဘာ ၂၆စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လူငယ်များကို ရိုက်နှက် ထိုးကြိတ်ခဲ့သော မြန်မာပလာဇာမှ လုံခြုံရေးဝန်ထမ်းများ၏ လုပ်ရပ်ကို နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုက ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ပြီးနောက် မြန်မာပလာဇာတစ်ဝင်းလုံးကို လုံခြုံရေး တင်းကျပ်ထားကာ လက်နက်ကိုင် စစ်သားများ အပြည့် ချထားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

“လက်တုံ့ပြန်မယ်လို့ ကြေညာတဲ့ တော်လှန်ရေးအင်အားစုတွေလည်းရှိတော့ ဗုံးခွဲခံရမှာ ကြောက်လို့ထင်တယ်။ တစ်ဝင်းလုံး အပြင်ရော အတွင်းမှာရော ကားပါကင်မှာရော Melia Hotel ဘက်အခြမ်းမှာရော လက်နက်ကိုင်တွေ အပြည့်ပဲ။ အရင် ပလာဇာနားမှာ ရပ်နေတဲ့ တက္ကစီ ကားတွေ လည်းမရှိတော့ဘူး” ဟု ရန်ကုန်ကင်းထောက်လူငယ်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က မြန်မာပလာဇာ ဈေးဝယ်စင်တာအတွင်း မနေ့က(နိုဝင်ဘာလ ၂၅ရက်)ဖြစ်ပွားခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးသည့် ဖြစ်ရပ်အပေါ် အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကကန့်ကွက်ရှုတ်ချလိုက်ပြီး ပြည်သူများအနေဖြင့် မြန်မာပလာဇာတွင် ဈေးမဝယ်ကြရန် GSCB က မေတ္တာရပ်ခံတောင်းဆိုသည်။

အလားတူ မန္တလေး သပိတ်အင်အားစုကလည်း ယနေ့နိုဝင်ဘာ(၂၅)ရက်နေ့၂၀၂၁ခုနှစ်တွင် ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ Myanmar Plaza ၏ Promotion Area တွင် အကြမ်းမဖက် တပါးသူကို မထိခိုက်စေသော Sost Strike Camp တစ်ခုကို LGBT ကွန်ယက်မှ တက်ကြွ လှုပ်ရှားသူများက လုပ်ဆောင်နေချိန်တွင် Myanmar Plaza Shopping Center ၏ လုံခြုံရေးဝန်ထမ်း အချို့က ထိုးကြိတ်ဖမ်းဆီးခဲ့မှုကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်သည်။

အလားတူ အမျိုးသမီမဟာမိတ်အင်အားစု (WAB)ကလည်း ရန်ကုန်မြို့ ၊ မြန်မာပလာဇာမှာ ဖြစ်ပွားခဲ့သည့် မတရားမှုကိုဆန့်ကျင်ဆန္ဒပြလူငယ်များကို ပလာဇာလုံခြုံရေးဝန်ထမ်းများက အကြမ်းဖက်ထိုးကြိတ်ဖမ်းဆီးမှုကြောင့် မြန်မာပလာဇာတွင် ပြည်သူများ ဈေးမဝယ်ကြဘဲ သပိတ်မှောက်ကြရန် တောင်းဆိုထားသည်။

Leave a Reply

Your email address will not be published.