မင်းသားကြီးရဲအောင်လို့ ဆိုလိုက်ရင် ရာစုနှစ်ပေါင်း များစွာ ရုပ်ရှင်ဗီဒီယိုလောကမှာ အောင်မြင်ကျော်ကြား လာခဲ့တဲ့ မင်းသားကြီးမှန်း အားလုံး အသိပါပဲနော်။ရဲအောင်ဟာဆိုရင် ငယ်ရွယ်စဉ်ကနေ စပြီး ဇာတ်ကားပေါင်း များစွာ ရိုက်ကူးခဲ့ပြီး ယခုအချိန်ထိ အောင်မြင်မှုတွေ ပိုင်ဆိုင်ထား နေဆဲသူ တစ် ဉီး ဖြစ်ပြီး ပရိသတ်တွေ နှစ်သက်နေဆဲသူ ဖြစ်ပါ တယ်နော်

သို့ပေမယ့်လည်း အာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်နေတဲ့ ယခုကာလမှတော့ ရဲအောင် ဟာ အာဏာသိမ်းစစ်ကောင်စီ စီစဉ်တဲ့ပွဲတွေမှာ ပါဝင်​ဖျော်ဖြေကာ ပြည်သူ့ဖက်က ရပ်တည်မှု မရှိခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ ရပါတယ်နော်။

ယခုလတ်တလော မှာလည်း စစ်ကောင်စီ စီစဉ်တဲ့ MRTVဂီတပွဲမှာ ပျော်ပျော်ကြီး ပါဝင်ခဲ့တဲ့အကယ်ဒမီရဲအောင်ရဲ့ နေအိမ်မှာ ဗုံးလန့်မှု ကြုံခဲ့ရပြီးနောက် ရဲအောင်တစ်ယောက် နေရာရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်နော်။

ယခုလက်ရှိမှာတော့သူဟာတပ်မတော်ရဲ့အရာရှိကြီးတချို့နဲ့အတော်လေးရင်းနှီးသူဖြစ်တာကြောင့်တပ်မတော်ကချထားပေးတဲ့လုံခြုံတဲ့နေရာတခုမှာရောက်နေတာလည်းဖြစ်တယ်လို့သိရပါတယ်သူ့ရဲ့နေအိမ်ကိုဗုံး-ခွဲဖို့ကြံစည်ခြင်းခံရပြီးနောက် သူ့ဖက်က ချက်ချင်း တစုံတရာ ထုတ်ပြန်ခဲ့တာ မရှိပေမယ့် သူနဲ့နီးစပ်သူတချို့ရဲ့ပြောပြချက်အရ အခုအချိန်မှာ တုန့်ပြန်သံ တချို့ထွက် ပေါ်လာတာကို သိရပါတယ်

သူတုန့်ပြန်ခဲ့တာကတော့အောက်ပါအတိုင်းဖြစ်ပါတယ်နော်ပရိသတ်ကြီး“အရပ်ဖက်ကအကြမ်းဖက်pdfဆိုတာတွေဟဘာမှအပြစ်မရှိတဲ့အနုပညာရှင်တွေကိုတောင်လာပြီးရန်ရှာနေကြတာဟာတရားမဲ့ပြီးမင်းမဲ့ စရိုက်ဆန်ပါတယ် သူတို့မှာ မီးကြိုးမောင်းပျက် သ-နတ် ကလေးတွေ ကိုင်ရရုံနဲ့ အင်အားတောင့်တင်းတဲ့ မြန်မာ့တပ်မတော်ကို တော်လှန်ချင်နေတာဟာ

ခပ်ပေါပေါ ဉီးနှောက်ပိုင်ရှင်တွေမှန်း သိသာပါတယ်.. နှစ်ပေါင်းများစွာ ပြည်သူအတွက် ကာကွယ်စောင့်ရှောက်ပြီး ပြည်သူ့အကျိုးကို ပြုခဲ့တဲ့ ​တပ်မတော်ကို တော်လှန်လို့ကို သူတို့ကို ကြည့်မရတာ”လို့ ပြောလာခဲ့ကြောင်း

နီးစပ်သူတွေက သတင်းပို့ပြောကြား လာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ပြည်သူများ အနေနဲ့ကော ရဲအောင်တုံ့ပြန်လာတဲ့ ပြောစကားများ အပေါ် ဘယ်လိုမြင်သလဲဆိုတာ မှတ်ချက်လေးတွေ ရေးသား ပြောကြားပေး ခဲ့ကြပါအုံးနော်

Leave a Reply

Your email address will not be published.