ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္အေျခစိုက္ အမွတ္ (၁၁)ကာကြယ္ေရးပစၥည္းစက္႐ုံ ကပစ(၁၁) မွ စစ္တပ္အရာရွိ ၁ ဦး အမ်ိဳးသားညီညြတ္ေရး အစိုးရ-NUG က ေရာင္းခ်သည့္ ေငြတိုက္စာခ်ဳပ္ ဝယ္ယူသည္ဟုဆိုကာ နိုဝင္ဘာလ ၂၃ ရက္ေန႔တြင္ ဖမ္းဆီးစစ္ေဆးခံေနရေၾကာင္း သတင္းရရွိသည္။


ဖမ္းဆီးခံရသူမွာ ဗိုလ္ႀကီး ဝင္းကိုကိုအုန္း ဆိုသူျဖစ္ၿပီး ၄င္း၏စမတ္ဖုန္းအတြင္းမွ NUG အစိုးရ ထံမွ ေငြတိုက္စာခ်ဳပ္ဝယ္ယူထားသည့္ အ ေထာက္အထားမ်ားေတြ႕ ရွိသည္ဟုဆိုကာ အဆို ပါစစ္တပ္တာဝန္ရွိသူမ်ားမွ ဖမ္း ဆီးစစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါ ဗိုလ္ႀကီးသည္ တပ္တြင္းသတင္း မ်ားျပင္ပသို႔ေပးပို႔ေနသည္ဟုဆိုကာ စစ္ေကာင္ စီတပ္၏ေစာင့္ၾကည့္ခံေနရသူဟု သိရၿပီး ယခင္ကပင္ တပ္တြင္းဖရဲ သီးဟု စြပ္စြဲခံရသူတဦး ျဖစ္ေၾကာင္း သိရသည္။


”သူ႔ကိုအရင္ထဲကဖရဲသီးဆိုၿပီးေစာင့္ၾကည့္ေနတာ။ခုကိစၥကိုလည္းသူတို႔ထဲကတေယာက္ေယာက္ကရိပ္မိသြားလို႔​ျပန္တိုင္ခံရတာေနမွာ။သူ႔ဖုန္းကိုယူစစ္ေတာ့ေငြတိုက္စာခ်ဳပ္ေတြဝယ္ထားတာေတြ႕တယ္ဆိုၿပီးဖမ္းခံရတာ။”ဟုကပစ(၁၁)တပ္ႏွင့္နီးစပ္သူတဦးကဧရာဝတီတိုင္းမ္ကိုေျပာသည္။


၄င္းအားကပစ(၁၁)တပ္တြင္းဗဟိုကင္းအခ်ဳပ္တြင္ဖမ္းဆီးထိန္းသိမ္းထားသည္ဟုသိရၿပီးစစ္ခုံ႐ုံးဖြဲ႕၍စစ္ေဆးရန္စီစဥ္ေနေၾကာင္းသိရသည္။စစ္ေကာင္စီအေနျဖင့္၄င္းတို႔၏တပ္တြင္းသတင္းမ်ားဖုံးဖိအေမွာင္ခ်နိုင္ေရးအတြက္တပ္တြင္းဒီမိုကေရစီလိုလားသူ(ဖရဲသီး) မ်ားအား စီမံခ်က္ေရးဆြဲ၍ ေစာင့္ၾကည့္ ဖမ္းဆီးမႈမ်ားလုပ္ ေဆာင္ေနေၾကာင္း သိရသည္။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အခြေစိုက် အမှတ် (၁၁)ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၁၁) မှ စစ်တပ်အရာရှိ ၁ ဦး အမျိုးသားညီညွတ်ရေး အစိုးရ-NUG က ရောင်းချသည့် ငွေတိုက်စာချုပ် ဝယ်ယူသည်ဟုဆိုကာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခံနေရကြောင်း သတင်းရရှိသည်။

 

ဖမ်းဆီးခံရသူမှာ ဗိုလ်ကြီး ဝင်းကိုကိုအုန်း ဆိုသူဖြစ်ပြီး ၄င်း၏စမတ်ဖုန်းအတွင်းမှ NUG အစိုးရ ထံမှ ငွေတိုက်စာချုပ်ဝယ်ယူထားသည့် အ ထောက်အထားများတွေ့ ရှိသည်ဟုဆိုကာ အဆို ပါစစ်တပ်တာဝန်ရှိသူများမှ ဖမ်း ဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဗိုလ်ကြီးသည် တပ်တွင်းသတင်း များပြင်ပသို့ပေးပို့နေသည်ဟုဆိုကာ စစ်ကောင် စီတပ်၏စောင့်ကြည့်ခံနေရသူဟု သိရပြီး ယခင်ကပင် တပ်တွင်းဖရဲ သီးဟု စွပ်စွဲခံရသူတဦး ဖြစ်ကြောင်း သိရသည်။
” သူ့ကိုအရင်ထဲကဖရဲသီးဆိုပြီးစောင့်ကြည့်နေတာ။ ခုကိစ္စကိုလည်း သူတို့ထဲက တယောက်ယောက်ကရိပ်မိသွားလို့​

ပြန်တိုင်ခံရတာနေမှာ။သူ့ဖုန်းကိုယူစစ်တော့ငွေတိုက်စာချုပ်တွေဝယ်ထားတာတွေ့တယ်ဆိုပြီးဖမ်းခံရတာ။”ဟုကပစ(၁၁)တပ် နှင့် နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။


၄င်းအားကပစ(၁၁)တပ်တွင်းဗဟိုကင်းအချုပ်တွင်ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသိရပြီးစစ်ခုံရုံးဖွဲ့၍စစ်ဆေးရန်စီစဥ်နေကြောင်း သိရသည်။


စစ်ကောင်စီအနေဖြင့်၄င်းတို့၏တပ်တွင်းသတင်းများဖုံးဖိအမှောင်ချနိုင်ရေးအတွက်တပ်တွင်းဒီမိုကရေစီလိုလားသူ(ဖရဲသီး) များအား စီမံချက်ရေးဆွဲ၍ စောင့်ကြည့် ဖမ်းဆီးမှုများလုပ် ဆောင်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.