အလှူအတန်းနဲ့ ပါတ်သက်လာရင် မြန်မာတွေက ဘယ်တောမှ လက်မနှေးတတ်ပါဘူး။အခုဆိုရင်မြန်မာနိုင်ငံဟာ
အောက်ဆီဂျင်ပြသနာကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်
ဒါကြောင့်သာသနာနွယ်ဖောင်ဒေးရှင်းရဲ့ဦးဆောင်ပဓာနနာယကဆရာတော်ကြီးအရှင်စန္ဒဇောတိဦးဆောင်ပြီး
အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် အတွက် 9.7.2021 နေ့ မှ စတင်၍ ငဗစ်ကာကွယ်ဆေး ရန်ပုံငွေမှ သိန်း ၁၀၀
မတည်လျှက် အလှူရှင်စာရင်း ဖွင့်လှစ်ထားခဲ့ပါတယ်
ဆရာတော်ကြီးရဲ့ဦးဆောင်မှုအောက်မှာ အလှူရှင်တွေလည်း တဖြည်းဖြည်းတိုးပွားလာခဲ့သလို ဒီထဲမှာ Myanmar
EXO-L Fandom ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်
အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအတွက် Myanmar EXO-L Fandom အနေနဲ့ အလှူငွေ သိန်း ၁၀၀
(ဆယ်သန်း) ထိ ပါဝင်လှူဒါန်းနိုင်မှုဟာ လေးစားဖွယ် ဖန်တွေရဲ့ စိတ်ကောင်းစေတနာကောင်းရှိမှုကို
အတိုင်းသားပေါ်လွင်စေပါတယ်
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မှာလည်း Myanmar EXO-L Fandom များဟာ
တိုင်းရင်းသားဒေသများအတွက် အလှူငွေ သိန်း ၁၃၀ ကျပ်ထိ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပါသေးတယ်
ဒီစံချိန်ဟာ တပါတ်အတွင်း အလှူငွေကောက်ခံ ရရှိမှု အများဆုံး စံချိန်တခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်
အခုလို အလှူကြီးတွေ အမြဲလုပ်ပေးနေတဲ့ Myanmar EXO-L Fandom ကြီးကို
ဂုဏ်ယူဝမ်းမြောက်စွာဖော်ပြပေးလိုက်ရပါတယ်ရှင့်
Zawgyi
အလႉအတန္းနဲ႔ ပါတ္သက္လာရင္ ျမန္မာေတြက ဘယ္ေတာမွ လက္မေႏွးတတ္ပါဘူး။အခုဆိုရင္ ျမန္မာနိုင္ငံဟာ
ေအာက္ဆီဂ်င္ျပသနာကို ရင္ဆိုင္ေနရတဲ့ နိုင္ငံတစ္ခုလည္းျဖစ္ပါတယ္
ဒါေၾကာင့္ သာသနာႏြယ္ေဖာင္ေဒးရွင္းရဲ့ ဦးေဆာင္ ပဓာနနာယကဆရာေတာ္ႀကီး အရွင္စႏၵေဇာတိ ဦးေဆာင္ၿပီး
ေအာက္ဆီဂ်င္စက္႐ုံတည္ေဆာက္ရန္ အတြက္ 9.7.2021 ေန႔ မွ စတင္၍ ငဗစ္ကာကြယ္ေဆး ရန္ပုံေငြမွ သိန္း ၁၀၀ မတည္လၽွက္
အလႉရွင္စာရင္း ဖြင့္လွစ္ထားခဲ့ပါတယ္
ဆရာေတာ္ႀကီးရဲ့ဦးေဆာင္မႈေအာက္မွာ အလႉရွင္ေတြလည္း တျဖည္းျဖည္းတိုးပြားလာခဲ့သလို ဒီထဲမွာ Myanmar EXO-L
Fandom ဟာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္
ေအာက္ဆီဂ်င္စက္႐ုံတည္ေဆာက္မႈအတြက္ Myanmar EXO-L Fandom အေနနဲ႔ အလႉေငြ သိန္း ၁၀၀ (ဆယ္သန္း) ထိ
ပါဝင္လႉဒါန္းနိုင္မႈဟာ ေလးစားဖြယ္ ဖန္ေတြရဲ့ စိတ္ေကာင္းေစတနာေကာင္းရွိမႈကို အတိုင္းသားေပၚလြင္ေစပါတယ္
ဒါ့အျပင္ ၿပီးခဲ့တဲ့ ဇြန္လ ၂၃ ရက္ေန႔မွာလည္း Myanmar EXO-L Fandom မ်ားဟာ တိုင္းရင္းသားေဒသမ်ားအတြက္
အလႉေငြ သိန္း ၁၃၀ က်ပ္ထိ ေထာက္ပံ့လႉဒါန္းနိုင္ခဲ့ပါေသးတယ္
ဒီစံခ်ိန္ဟာ တပါတ္အတြင္း အလႉေငြေကာက္ခံ ရရွိမႈ အမ်ားဆုံး စံခ်ိန္တခုလည္း ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ အခုလို
အလႉႀကီးေတြ အျမဲလုပ္ေပးေနတဲ့ Myanmar EXO-L Fandom ႀကီးကို
ဂုဏ္ယူဝမ္းေျမာက္စြာေဖာ္ျပေပးလိုက္ရပါတယ္ရွင့္
Credit