



ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံအကျဥ်းထောင်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၇၀နီးပါးမှာ မိသားစုဝင်များနှင့် ထောင်ဝင်စာတွေ့ခွင့်မရကြောင်း ဖျာပုံမြို့ခံများထံမှ သိရသည်။
” သူတို့အားလုံးကို ထောင်ဝင်စာပေးမတွေ့ဘူး။ စားစရာပစ္စည်းအနည်းအကျဥ်းလာပေးရင်လဲ စစ်ဆေးတယ်။

ကောင်းတာလေးတွေနိုက်ယူထားပြီးမှပို့ပေးတယ်လို့သိနေရတယ် “ဟု ဖျာပုံမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖျာပုံခရိုင်အတွင်းရှိ နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များအနေဖြင့် ဖျာပုံအကျဥ်းထောင်သို့ အပတ်စဥ်

တနင်္လာနေ့မှစနေနေ့အထိမနက်၈နာရီမှ၁၁နာရီအထိလည်းကောင်းနေ့လည်၂နာရီမှညနေ၄နာရီထိအစားအသောက်ပို့ခွင့်ရှိသော်လည်း မိသားစုဝင်အနေဖြင့် ထောင်စာတွေ့ခွင့် မရရှိ၍ ၎င်းတို့၏ ကျန်းမာအခြေအနေအား စိုးရိမ်လျှက်ရှိနေကြောင်း ဖျာပုံထောင်တွင်း နိုင်ငံရေးအကျဥ်းသား မိသားစုဝင်များက ဆိုသည်။

Leave a Reply

Your email address will not be published.